တိုးချဲ့ထားသည့် ဆေးတက္ကသိုလ်အတွက် ရှမ်းပြည်နယ်အတွင်း သင်ကြားရေးဆေးရုံများ ထပ်မံတိုးချဲ့သွားရန်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
လက်ရှိ ဆေးတက္ကသိုလ် (တောင်ကြီး) ၏ သင်ကြားရေးဆေးရုံများအဖြစ် တောင်ကြီးမြို့ရှိ စပ်စံထွန်းဆေးရုံကြီး၊ အမျိုးသမီး နှင့် ကလေးဆေးရုံကို သတ်မှတ်ထားပြီး ယင်းဆေးရုံများမှာ ခုတင်၂၀၀ ဆံ့ ဆေးရုံများဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင် လူဦးရေ ၅၈ သိန်းခန့် နေထိုင်သည့် ပြည်နယ်တစ်ခုဖြစ်ပြီး ကျေးရွာပေါင်း ၁၃၆၄၉ ရွာ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးရုံပေါင်း ၁၅၈ ရုံ၊ ကျေးလက်ကျန်းမာရေးဌာနခွဲပေါင်း ၁၀၀၀ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။
ဆေးတက္ကသိုလ် (တောင်ကြီး) ကို ၂၀၁၃ -၂၀၁၄ ခုနှစ်အတွင်းက စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ငွေကျပ် ၁၄ ဘီလျံ အသုံးပြု တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ် အနီးတစ်ဝိုက်မှ ကျောင်းသား၊ ကျောင်းသူများကို တက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး နှစ်စဉ်ကျောင်းသား၊ ကျောင်းသူ ၂၀၀ ခန့်ကို လက်ခံသင်ကြားသွားနိုင်ရန် လျာထားကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးတွင် စုစုပေါင်းလူဦးရေ သန်း ၅၀ ကျော် ရှိသည့်အနက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် အထူးကုဆေးရုံ ၃၁ ရုံ၊ သင်ကြားရေးဆေးရုံ /အထွေထွေဆေးရုံ ခြောက်ရုံ၊ ခုတင် ၁၀၀၀ ဆံ့ ဆေးရုံ တစ်ရုံ၊ ခုတင် ၅၀၀ ဆံ့ဆေးရုံ နှစ်ရုံံ၊ ခုတင် ၃၀၀ဆံ့ ဆေးရုံ ငါးရုံံ၊ ခုတင်၂၀၀ ဆံ့ဆေးရုံ ၃၄ ရုံ၊ ကုတင် ၁၅၀ ဆံ့ဆေးရုံ နှစ်ရုံံ၊ ခုတင် ၁၀၀ ဆံ့ဆေးရုံ ၄၂ ရုံ၊ ခုတင် ၅၀ ဆံ့ဆေးရုံ ၇၉ ရုံံ၊ ခုတင် ၂၅ ဆံ့ဆေးရုံ ၁၈၃ ရုံ၊ ခုတင် ၁၆ ဆံ့ဆေးရုံ ၁၀ ရုံံ၊ တိုက်နယ်ဆေးရုံ ၆၇၀၊ စုစုပေါင်း ဆေးရုံ ၁၀၆၅ ရုံ နှင့် ယင်းဆေးရုံများတွင် ခွင့်ပြုခုတင် စုစုပေါင်း ၄၈၄၂၃ သာ ရှိသည့်အတွက် လူဦးရေ ၁၀၀၀ လျှင် ပျမ်းမျှ ခုတင်အရေအတွက် ၁ ဒသမ ၀ နှုန်းသာရှိကြောင်း သိရသည်။
အထူးကုဆေးရုံ (သို့မဟုတ်) သင်ကြားရေးဆေးရုံများကို ကချင်၊ မန္တလေး၊ ရန်ကုန်၊ ရှမ်းနှင့်နေပြည်တော်မှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွင့်လှစ်ထားခြင်းမရှိကြောင်း၊ အများစုမှာ ခုတင် ၂၀၀ ဆံ့နှင့် ၂၀၀ အောက်ရှိ ဆေးရုံများသာရှိကြောင်း၊ အချို့ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဆေးရုံများတွင် လူဦးရေ တစ်ထောင်လျှင် ခုတင်အရေအတွက် တစ်လုံးနှုန်း (ဝဒသမ ၆ရာခိုင်နှုန်း)ခန့်ပင် မရှိသည်ကိုတွေ့ရကြောင်း သိရသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အထိ ရရှိထားသည့်စာရင်းများအရ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူ့ဆေးရုံများတွင် ခန့်အပ်ထားသည့် ဆရာဝန်အရေအတွက် ၁၂၈၆၆ ဦး ၊သွားဘက်ဆိုင်ရာ ဆရာဝန်အရေအတွက် ၆၇၄ဦး၊ သွားဘက်ဆိုင်ရာ သူနာပြု ၄၀၇ဦး၊ သူနာပြု ၃၀၇၉၃ ဦး နှုန်းရှိကြောင်း နှင့် ယခင် ၂၀၁၀- ၂၀၁၁ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ဆရာဝန်ဦးရေမှာ သုံးပုံတစ်ပုံ၊ သူနာပြုဦးရေမှာ ထက်ဝက်နီးပါး တိုးမြှင့်ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ပြည်သူ့ဆေးရုံ စုစုပေါင်းမှာ ၈၉၇ ရုံ သာရှိခဲ့ပြီး ၂၀၁၄ -၂၀၁၅ဘဏ္ဍာနှစ်တွင် ၁၀၂၉ ရုံအထိ တိုးမြှင့်ဖွင့်လှစ်ခဲ့ကြောင်းနှင့် လူနာခုတင်အရေအတွက်မှာလည်း ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ခုတင်အရေအတွက် ၄၂၆၃၅ သာ ရှိခဲ့ရာမှ ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်တွင် ၄၈၄၂၃ သို့ တိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုးချဲ့ထားသည့် ဆေးတက္ကသိုလ်အတွက် ရှမ်းပြည်နယ်အတွင်း သင်ကြားရေးဆေးရုံများ ထပ်မံတိုးချဲ့သွားရန်ရှိ















