Eleven Media Group မှတစ်ဆင့် စေတနာရှင် အလှူရှင်များ လှူဒါန်းသော ငွေ သိန်း ၁၂၀ ကျော်နှင့် ဆန်အိတ် ၇၀၀ ကို ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရေဘေးသင့် ကျေးရွာ ၁၁ ရွာအား သွားရောက်လှူဒါန်း

Eleven Media Group မှတစ်ဆင့် စေတနာရှင် အလှူရှင်များ လှူဒါန်းသော ငွေ သိန်း ၁၂၀ ကျော်နှင့် ဆန်အိတ် ၇၀၀ ကို ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရေဘေးသင့် ကျေးရွာ ၁၁ ရွာအား သွားရောက်လှူဒါန်း
Published 7 October 2015
သားရွှေဦး(ကစ္ဆပ)

Eleven Media Group မှတစ်ဆင့် စေတနာရှင်၊ အလှူရှင်များ၊ နာရေးကူညီမှု အသင်း (စစ်တွေ) တို့ ပူးပေါင်း လှူဒါန်းသည့် မျိုးစပါး ထောက်ပံ့ လှူဒါန်းငွေ သိန်းတစ်ရာ့ နှစ်ဆယ်ကျော်နှင့် ဆန်အိတ် ၇၀၀ ကို  ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ရေဘေးသင့် ကျေးရွာ ၁၁ ရွာအား ပုဏ္ဏားကျွန်းမြို့နယ် မာန်အောင်သားကျေးရွာ အခြေပြုကာ အောက်တိုဘာ ၆ ရက်က သွားရောက် လှူဒါန်းခဲ့သည်။
ကျောက်တော်မြို့နယ် လက်ဝဲမြန် ကျေးရွာ အပါအဝင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ရေဘေးဒဏ်သင့် ကျေးရွာများ ဖြစ်သော ကြိမ်ချောင်း ကျောင်းကျေးရွာ၊ မာန်အောင်သား ကျေးရွာ၊ ဘဲခိုး ကျေးရွာ၊ ဆင်ထိမ်းကြီး ကျေးရွာ၊ ခြသေ့ၤကျေးရွာ၊ သားပုန်ကျေးရွာ၊ ဆားငံကန် ကျေးရွာ၊ ဦးချဉ်စွယ် ကျေးရွာ၊ ရင်းချောင်း ကျေးရွာနှင့် ညောင်ခြုံ ကျေးရွာတို့မှ  ရေဘေးကြောင့် ပျက်စီး ဆုံးရှုံး သ ွားခဲ့သည့် လယ်ဧက စုစုပေါင်း ၂၄၄၇ ဒဿမ ၆၃ ဧက အတွက် တစ်ဧကလျှင် ငါးထောင်ကျပ်နှုန်းဖြင့် ငွေကျပ် ၁၂၂၃၈၁၅၀ အား လယ်သမား လက် ထဲအရောက် သွားရောက် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ထို့အပြင် ရေဘေးဒဏ်ကို ဆိုးရွားစွာ ခံခဲ့ရသည့် ကျေးရွာများ ဖြစ်သော လက်ဝဲမြန် ကျေးရွာသို့ ဆန်အိတ် ၁၀၀ ၊ကြိမ်ချောင်း ကျေးရွာသို့ ဆန်အိတ် ၄၀ ၊မာန်အောင်သား ကျေးရွာသို့ ဆန်အိတ် ၅၀ ၊ဘဲခိုးကျေးရွာသို့ ဆန်အိတ် ၄၀၊ ဆင်ထိမ်းကြီး ကျေးရွာသို့ ဆန်အိတ် ၅၀၊ ခြင်္သေ့ ကျေးရွာသို့ ဆန်အိတ် ဆန်အိတ် ၇၀၊ သားပုန် ကျေးရွာသို့ ဆန်အိတ် ၆၀၊ ဆားငန်ကန် ကျေးရွာသို့ ဆန်အိတ် ၇၀၊ ဦးချဉ့်စွယ် ကျေးရွာသို့ ဆန်အိတ် ၃၀၊ ရင်းချောင်း ကျေးရွာသို့ ဆန်အိတ် ၆၀၊ ညောင်ခြုံ ကျေးရွာသို့ ဆန်အိတ် ၇၀နှင့် ခွဆုံ ကျေးရွာသို့ ဆန်အိတ် ၆၀ စုစုပေါင်း ဆန်အိတ် ၇၀၀ အား လှူဒါန်းခဲ့သည်။
ထို့ပြင် သောက်ရေကန်များ ရေလွှမ်းခြင်းခံခဲ့ရပြီး လက်ရှိအချိန်အထိ သောက်သုံးမရဘဲ မိုးရေကိုသာ ခံယူ သောက်သုံးနေရသည့် ရေအခက်အခဲ ရှိနေသော ရင်းချောင်းကျေးရွာနှင့် ခြင်္သေ့ ကျေးရွာအား ရေသန့်လီတာ ၁၈၀၀ အား လှူဒါန်းခဲ့သည်။ ယင်းအပြင် ခြင်ထောင်၊ စောင်၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်များကို လည်း လှူဒါန်းခဲ့သည်။

Most Read

Most Recent