ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာရောင်းချမည့် အများပိုင်ကုမ္ပဏီများအတွက် စံသတ်မှတ်ချက်များ ထွက်ရှိ

ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာရောင်းချမည့် အများပိုင်ကုမ္ပဏီများအတွက် စံသတ်မှတ်ချက်များ ထွက်ရှိ
Published 16 August 2015
သန်းထိုက်အောင်

ရန်ကုန်စတော့အိတ်ချိန်း ဝင်ရောက်မည့် အများပိုင်ကုမ္ပဏီများ လိုက်နာရမည့် စံသတ်မှတ်ချက်များ (Listing Critia) ကို သြဂုတ် ၁၅ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။
 
အဆိုပါ စံသတ်မှတ်ချက်များသည် အနိမ့်ဆုံးအဆင့် (Minimum Standard) သတ်မှတ်ချက်များသာဖြစ်၍ အများပိုင်ကုမ္ပဏီများအနေဖြင့် အထွေထွေလမ်းညွှန်ချက်ဖြင့် သိရှိအသုံးပြုနိုင်ရန်ဖြစ်ပြီး စတော့အိတ်ချိန်းတွင် စာရင်းဝင်မှတ် ပုံတင်နိုင်ရန် လျှောက်ထားလာသည့်အခါတွင် ကုမ္ပဏီတစ်ခုချင်းအလိုက် အသေးစိတ်စိစစ်၍ အများပြည်သူအတွက် စိတ်ချရမှသာခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း သိရသည်။
 
ယခုထုတ်ပြန်လိုက်သော စံသတ်မှတ်ချက်များမှာ စာရင်းဝင်မည့် ကုမ္ပဏီသည် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ  မှတ်ပုံတင်ထားသော ပေးရန်တာဝန်ကန့်သတ်ထားသည့် လီမိတက်ကုမ္ပဏီဖြစ်ပြီး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ အင်္ဂါ ရပ်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ဆောင်နေသော ကုမ္ပဏီဖြစ်ကြောင်း၊ အစုရှယ်ယာဝင်ဦးရေ အနည်းဆုံး ၁၀၀ အထက် ရှိရမည်ဖြစ်ပြီး လျှောက်ထားသည့်နေ့တွင် ထည့်ဝင်ပြီးမတည်ရင်းနှီးငွေ အနည်းဆုံး ကျပ်သန်း၅၀၀ ရှိရမည်ဟု ဖော်ပြထားသည်။
 
ထို့ပြင် လျှောက်ထားသည့်နေ့ မတိုင်မီ အနည်းဆုံး နှစ်နှစ်ကာလအတွင်း လုပ်ငန်း အမြတ်ရရှိမည်ဖြစ်ပြီး၊ တည်ဆဲဥပဒေများ နှင့်အညီ  စီးပွားရေးလုပ်ငန်းကိုလုပ်ကိုင်၍ တည်ငြိမ်သော ဝင်ငွေအခြေခံရှိရမည်ဟု သိရသည်။
 
ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များ၊ ကုမ္ပ ဏီကိုဦးဆောင်သူများသည်အကျင့်စာရိတ္တ ကောင်းမွန်၍ ပြစ်ဒဏ်ကျခံဖူးခြင်း မရှိသူ များဖြစ်ရမည့်အပြင် အမှုရင်ဆိုင်နေရသူ များ မဖြစ်စေရ၊ မိမိအကျိုး၊ကုမ္ပဏီအကျိုး အတွက်အများပြည်သူအထင်အမြင်လွဲမှား စေမည့်အပြောအဆို၊ အပြုအမူပြုလုပ်မှုမျိုး မပြုလုပ်ရဟု ဖော်ပြပါရှိသည်။
 
စတော့အိတ်ချိန်းတွင် စာရင်းဝင်မည့် ကုမ္ပဏီ၏ စာရင်းထိန်းသိမ်းမှု၊ စာရင်းစစ် ဆေးမှုတို့ကို မြန်မာနိုင်ငံစာရင်းကိုင်နှင့် စာ ရင်းစစ်၏ “စံ” သတ်မှတ်ချက်များနှင့်အညီ  ဆောင်ရွက်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ တည်ဆဲအခွန်ဥပဒေများနှင့်အညီ  အခွန်တာ ဝန်ကျေပွန်ရမည်ဖြစ်ကြောင်း၊ ကုမ္ပဏီနှင့် သက်ဆိုင်သည့်  သတင်းအချက်အလက်များ၊ အများ ပြည်သူသိသင့်သည့်အချက်အလက် များကို မြန်မာနိုင်ငံငွေချေးသက်သေခံလက် မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်နှင့် ရန် ကုန်စတော့အိတ်ချိန်းတို့သို့ ထုတ်ဖော်တင် ပြရမည့်အပြင် အများပြည်သူသိနားလည် လွယ်သည့် သင့်တော်သောနည်းလမ်းဖြင့် အများပြည်သူသို့ အချိန်မီထုတ်ဖော် ကြေညာ ရမည်။ ထိုသို့ ထုတ်ဖော်ကြေညာရာတွင်  ရင်းနှီးမြှုပ်နှံသူများ၏ရင်နှီးမြှုပ်နှံမှုဆိုင်ရာဆုံးဖြတ်ချက်များ၊ ပြုလုပ်မှုကို ထိခိုက်စေ မည့် အချက်များ၊ ဆုံးရှုံးနိုင်မှုအလားအလာ ဟု ယူဆရသော အချက်များ၊ လုပ်ငန်းဆောင် ရွက်မှုပြုနိုင်မည့် အခြေခံအလားအလာများ စသည်တို့ကို အထူးပြုဖော်ပြရမည်ဟု သတ်မှတ်ထားသည်။
 
ထို့ပြင် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း များလိုက်နာရန်အတွက် ကြီးကြပ်မည့် အရာရှိ (Compliance Officer) ခန့်ထား၍ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများလိုက်နာရန် ထိရောက်သော စနစ်တစ်ရပ်ထားရှိ ဆောင်ရွက်ရမည်ဖြစ်ပြီးလုပ်ငန်းဆောင်ရွက်မှုပုံစံ၊ လုပ်ငန်းဆောင်ရွက်မည့်ဝန်းကျင်နှင့် ဆုံးရှုံးနိုင်မည့် အလားအလာဆိုင်ရာ အချက်များပါဝင်သော လုပ်ငန်းစီမံချက်ထားရှိ ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။ 
 
ကုမ္ပဏီ၏ အတွင်းသတင်းအချက်အလက်သိရှိသူများက စတော့ရှယ်ယာများကို ကြိုတင်ရောင်းဝယ်ဆောင်ရွက်ခြင်း (Insider Trading)) ကို ကာကွယ်တားဆီးနိုင်ရန် စနစ်တစ်ရပ် ထူထောင်ထားရှိဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ကောင်းမွန်သော ကော်ပိုရိတ်အုပ်ချုပ်မှုနှင့် ကုမ္ပဏီအတွင်း စီမံခန့် ခွဲမှု၊ ထိန်းချုပ်မှုစနစ်များထားရှိ၍ စီမံခန့်ခွဲမှု ကို မလျော်သြဇာကင်းရှင်း၍ တည်ငြိမ်စွာနှင့် စဉ်ဆက်မပြတ် ဆောင်ရွက်ရမည်ဖြစ်ပြီး အနာဂတ်တွင် တည်ငြိမ်သောအမြတ်ရရှိရန် အကြောင်း ညီညွတ်သောမျှော်မှန်းချက်ရှိရမည်ဟု သိရသည်။
 
“နောက်တစ်ခုကတော့ Listing  Critia ထွက်ပြီးလို့ရှိရင် Listing  Critia နဲ့ပတ်သက် လို့ ရှင်းလင်းပွဲတစ်ခု လုပ်ဖို့ရှိတယ်။ လောလောဆယ်၂၂ ရက်လောက်ကို လုပ်ဖို့စဉ်း စားနေတယ်။ ရန်ကုန်မြို့က စာရင်းစစ်ကျောင်းမှာ လုပ်မှာပါ။ ကုမ္ပဏီတွေကို လက်ခံတာကတော့ တစ်လလောက်စောင့်ရမှာပေါ့ ”ဟု  ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။ 
 

Most Read

Most Recent