သမဝါယမဝန်ကြီးဌာနက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် တရုတ်ပို့ကုန်သွင်းကုန်ဘဏ်မှ ဒေါ်လာသန်း ၃၀၀ ချေးယူရန် လွှတ်တော်သို့တင်ပြ

သမဝါယမဝန်ကြီးဌာနက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် တရုတ်ပို့ကုန်သွင်းကုန်ဘဏ်မှ ဒေါ်လာသန်း ၃၀၀ ချေးယူရန် လွှတ်တော်သို့တင်ပြ
Published 24 February 2015

သမဝါယမဝန်ကြီးဌာနက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် တရုတ်ပို့ကုန်သွင်းကုန်ဘဏ်မှ ဒေါ်လာသန်း ၃၀၀ ချေးယူရန် ဖေဖော်ဝါရီ ၂၄ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်သို့ ဝန်ကြီးဦးကျော်ဆန်းကတင်ပြသည်။    အဆိုပါချေးငွေများအတွက် ချေးငွေရယူမည့်သဘောတူညီချက်မှာ ဆိုင်းငံ့ကာလ နှစ်နှစ်၊ ပြန်ဆပ်ကာလရှစ်နှစ်ဖြင့် သက်တမ်း ၁၀ နှစ်ဖြစ်ကြောင်း၊ စီမံခန့်ခွဲမှုစရိတ် ၁ ရာခိုင်နှုန်း၊ အတိုးနှုန်းမှာ တစ်နှစ်လျှင် ၄ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။    ချေးယူမည့် ဒေါ်လာသန်း ၃၀၀ ဖြင့် အသေးစားအရင်းအနှီးချေးငွေမရရှိသေးသည့် အသင်းသားပြည်သူများသို့ ထုတ်ချေးရန်အတွက် ကျပ် ၂၂၀ ဒသမ ၀၀ သန်း၊ ချေးငွေရရှိပြီးသူများအတွက် ချေးငွေကျပ်တစ်သိန်းမှ ငါးသိန်းအထိ တိုးမြှင့်ပေးရန်အတွက် ကျပ်သန်း ၅၀၊ အရစ်ကျငွေချေစနစ်ဖြင့် ပစ္စည်းရောင်းပေးရန်အတွက် ကျပ်သန်း ၃၀ ဖြစ်ကြောင်း ပြောကြားသည်။    သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက "တစ်နိုင်ငံလုံးမှာ ကျေးရွာပေါင်းခြောက်သောင်းကျော်ရှိပါတယ်။ လက်ရှိမှာကျေးရွာပေါင်း ၂၀၀၀၀ လောက်ကိုပဲထုတ်ချေးနိုင်သေးတယ်။ ကျန်တဲ့ကျေးရွာတွေကို ထုတ်ချေးပေးနိုင်ဖို့အတွက် ဆောင်ရွက်သွားဖို့ရှိပါတယ်" ဟုပြောကြားသည်။

Most Read

Most Recent