နှစ်နိုင်ငံအကြား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံကိန်းများနှင့် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် မြန်မာနှင့် အိန္ဒိယ ဆွေးနွေး

နှစ်နိုင်ငံအကြား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံကိန်းများနှင့် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် မြန်မာနှင့် အိန္ဒိယ ဆွေးနွေး
Published 22 May 2024

နှစ်နိုင်ငံအကြား ဖွံ့ဖြိုးတိုးတက်ရေးဆိုင် ရာစီမံကိန်းများနှင့် နယ်စပ်ဒေသများ တည် ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင် ရွက်သွားရန် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur တို့ တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သတင်းရရှိသည်။

မေ ၂၁ ရက်က နေပြည်တော်ရှိ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီရုံး ဧည့်တွေ့ ဆောင်၌ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံ ပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင် စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur တို့ တွေ့ဆုံဆွေးနွေးခဲ့ ခြင်းလည်း ဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည် ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ ရပ်များ၊ နှစ်နိုင်ငံအကြား ဆောင်ရွက်လျက် ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံကိန်းများ တိုးမြှင့်ဆောင်ရွက်သွားရေး၊ လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသ များ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားရေးကိစ္စရပ်များနှင့်စပ်လျဉ်း ၍ နှစ်ဖက်အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် အိန္ဒိယနိုင်ငံသံရုံးတို့ မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Most Read

Most Recent