စစ်အေးတိုက်ပွဲ၏ အကျိုးသက်ရောက်မှုနှင့် အစိုးရကို အတင်းအဓမ္မ ဖြုတ်ချမှုများ - ၅

စစ်အေးတိုက်ပွဲ၏ အကျိုးသက်ရောက်မှုနှင့် အစိုးရကို အတင်းအဓမ္မ ဖြုတ်ချမှုများ - ၅
Norodom Sihanouk ထိုင်း-ကမ္ဘောဒီးယားနယ်စပ်အနီးတွင် ပြည်သူများ၊ မီဒီယာများနှင့် တွေ့ဆုံနေသည့် နိုရွန်ဒွန်သီဟာနုကို တွေ့ရစဉ်
Norodom Sihanouk ထိုင်း-ကမ္ဘောဒီးယားနယ်စပ်အနီးတွင် ပြည်သူများ၊ မီဒီယာများနှင့် တွေ့ဆုံနေသည့် နိုရွန်ဒွန်သီဟာနုကို တွေ့ရစဉ်
Published 1 October 2023
နိုင်ငံတကာသတင်းအယ်ဒီတာအဖွဲ့

ကမ္ဘောဒီးယား (၁၉၇၀)

၁၉၅၅ ပါလီမန်ရွေးကောက်ပွဲတွင် အနိုင်ရပြီး အာဏာရလာသော မင်းသားနိုရို ဒွန်သီဟာနုသည် တရုတ်၊ မြောက်ဗီယက်နမ်တို့နှင့် မိတ်ဆွေဖွဲ့ခြင်းဖြင့် ဗီယက်နမ်စစ်ပွဲတွင် ကမ္ဘောဒီးယားမပါဝင်အောင် လုပ်ဆောင်ထားပြီး လက်ဝဲယိမ်းပါတီများကိုလည်း ခေတ်ရေစီးကြောင်း နိုင်ငံရေးထဲသို့ ပေါင်းစည်းစေခဲ့သည်။ သို့သော်လည်း ၁၉၆၇ ခုနှစ်တွင် လက်ဝဲလှုပ်ရှားမှု ပေါ်ပေါက်လာသည်။ ၁၉၆၈ ခုနှစ်တွင် Khmer Rouge ကွန်မြူနစ် ပါတီက သီဟာနုကို စတင်ပုန်ကန်သည်။ ၁၉၆၈ Tet ထိုးစစ်အပြီးတွင် မြောက်ဗီယက်နမ် စစ်ရှုံးတော့ မည်ဆိုသည်ကို သီဟာနုသဘော ပေါက်လာခဲ့သည်။ ထို့ကြောင့် ၎င်း သည် အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးများ တိုးတက်အောင် ဆောင်ရွက်လာသည်။

၁၉၆၉ ခုနှစ်တွင် ကမ္ဘောဒီးယားရှိ မြောက်ဗီယက်နမ်ပစ်မှတ်များကို အမေရိကန်ဗုံးကြဲတိုက်ခိုက်မှုအား သီဟာနုက အတည်ပြုပေးခဲ့သည်ဟု ဟင်နရီကစ်ဆင်ဂျာကပြောသည်။ သို့သော် ဤအကြောင်းအရာကို အခြားသော သတင်းရင်းမြစ်များကလည်း ဖော်ပြခြင်းများကြောင့် များစွာ အငြင်းပွားစရာဖြစ်သည်။

၁၉၇၀ ပြည့်နှစ် မတ်လထဲတွင် ကမ္ဘောဒီးယားအမျိုးသားလွှတ်တော်တွင် အယုံအကြည်မရှိ အဆိုတင်သွင်းခံရပြီးနောက် လက်ယာယိမ်း ဗိုလ်ချုပ်ကြီး လွန်နောလ်က သီဟာနုကို ဖြုတ်ချလိုက်သည်။ ဖယ်ရှားမှုသည် ဖွဲ့စည်းပုံဆိုင်ရာ လုပ်ငန်းစဉ်ကို လိုက်နာခြင်းဖြစ်ပြီး သီဟာနု ဖယ်ရှားခံရခြင်းတွင် ကမ္ဘောဒီးယား လှုပ်ရှားသူများ၏ အဓိကကျပုံကို အဖြစ်အပျက်အများစုက ဖော်ပြလျက် ရှိသည်။ သမိုင်းပညာရှင်များသည် အမေရိကန်ပါဝင်ပတ်သက်မှုအတိုင်းအတာ သို့မဟုတ် သီဟာနု ဖြုတ်ချခံရမည့်ကိစ္စကို ကြိုသိထားသည့် အနေအထားနှင့်ပတ်သက်၍ သဘော ထားကွဲနေကြသည်ဆိုသော်လည်း မြင်သာသည့် အများလက်ခံထားသော အချက်များအရ  အမေရိကန် စစ်ထောက်လှမ်းရေး အပြစ်မကင်းဟု မှတ်ယူထားကြသည်။

အစောဆုံးအနေဖြင့် ၁၉၆၈ ခုနှစ်နှောင်းပိုင်းတွင် လွန်နိုလ်က အာဏာသိမ်းမည့် အကြံအစည်ကို အမေရိကန် သဘောတူရန်နှင့် မင်းသားသီဟာနုနှင့် ၎င်း၏အစိုးရကို စစ်ရေးဖြင့် အရေးယူရန် အမေရိကန် စစ်ထောက်လှမ်းရေးထံ ပြောပြခဲ့သည်ဆိုသော အထောက်အထားရှိနေသည်။ အာဏာသိမ်းမှုက နိုင်ငံကို မတည်မငြိမ် ဖြစ်စေခဲ့ပြီး လက်ယာယိမ်း ခမာပြည်သူ့သမ္မတနိုင်ငံနှင့် Kumer Rouge တပ်ဖွဲ့တို့၏ နှစ်ချီကြာသော ပြည်တွင်းစစ် အစပြုသည်။ ခမာသမ္မတနိုင်ငံကို အရှိန်ပြင်းထန်လာသော အမေရိကန်ဗုံးကြဲမှုက ကျားကန်ပေးထား ပြီး ဗီယက်နမ်ပြည်သူ့တပ်မတော်က  Kumer Rouge တပ်ဖွဲ့များကို ကျောထောက်နောက်ခံပြုပေးထားသည်။ နောက်ဆုံးတွင် ကွန်မြူနစ်များက ဖနွမ်းပင်မြို့ကို သိမ်းပိုက်လိုက်ပြီး ပြည်တွင်းစစ်ကို အနိုင်ရလိုက်သည်။ ကွန်မြူနစ်များသည် ဒီမိုကရက်တစ် ကမ်ပူးချားနိုင်ငံကို တည်ထောင်လိုက်ကြသည်။

ချီလီ (၁၉၇၀-၁၉၇၃)

၁၉၆၀ နှင့် ၁၉၆၉ ခုနှစ်အတွင်းတွင် ဆိုဗီယက်ပြည်ထောင်စုက ချီလီကွန်မြူနစ်ပါတီကို နှစ်စဉ် အမေရိကန်ဒေါ်လာ  ၅၀,၀၀၀ နှင့် ၄၀၀,၀၀၀ အကြား ထောက်ပံ့ခဲ့သည်။

အမေရိကန်အစိုးရသည် ၁၉၆၃ ခုနှစ်မှသည် အာဏာသိမ်းမှုဖြစ်ပွားသည့် ၁၉၇၃ ခုနှစ်အထိ ချီလီတွင် စစ်ဓာတ်စစ်ဆင်ရေးလုပ်ခဲ့သည်။ စီအိုင်အေသည် ထိုကာလအတွင်း ချီလီ၌ ကျင်းပသည့် ရွေးကောက်ပွဲတိုင်းတွင် ပါဝင်ပတ်သက်ခဲ့သည်။

၁၉၆၄ ခုနှစ်တွင် အမေရိကန်အစိုးရသည် ဆဲလ်ဗာဒေါ်အလန်ဒေးနှင့် ချီလီဆိုရှယ်လစ်ပါတီတို့ အနိုင်မရစေရန် ခရစ်ယာန်ဒီမိုကရက်တစ်ပါတီသမ္မတလောင်း အက် ဒွါဒိုဖရေးမွန်တာဗာကို အမေရိကန် ဒေါ်လာ ၂ ဒသမ ၆ သန်း ထောက်ပံ့ခဲ့သည်။ အမေရိကန်သည် အလန်ဒေး၏ ဂုဏ်သတင်းကို ထိခိုက်အောင် လုပ်ဆောင်ရာတွင် အသုံး ပြုမည့်လုပ်ငန်းအကျိုးစီးပွားများအတွက် အမေရိကန်ဒေါ်လာ ၁၂ သန်းပံ့သည့်ကိစ္စ၌ စီအိုင်အေကို အသုံးပြုခဲ့သည်။

မက်စ်ဝါဒ အောင်မြင်စေရန် ဆိုဗီယက်ပြည်ထောင်စုက ချီလီတွင် ဆောင်ရွက်ခဲ့သည်မှာထင်ရှားသည်။ ခေတ်ပြိုင်အမေရိကန် အမြင်မှကြည့်မည်ဆိုပါက အမေရိကန်သည် ဤရန်သူသြဇာလွှမ်းမှုကို ဟန့်တားရန် လိုအပ်နေသည်။ အကြောင်းမှာ ဆိုဗီယက်ငွေနှင့် သြ ဇာတို့က အမေရိကန်ဒီမိုကရေစီ အားနည်းသွားစေရန် ချီလီကို ဝင် ရောက်လာသည်မှာ ရှင်းပါသည်။ ထို့ကြောင့် ပျက်စီးရာ ပျက်စီး ကြောင်း သဘောပါနေသည့် သြဇာ လွှမ်းမိုးမှုကို ကဖျက်ယဖျက်လုပ်ရန် အမေရိကန်သည် ချီလီကို ငွေကြေးပံံ့ပိုးခြင်းဖြစ်သည်။

အလန်ဒေး သမ္မတရာထူးအပ် နှင်းမခံရမီ ချီလီစစ်တပ်၏ စစ်ဦးစီးချုပ် ရီနီရှနိုက်ဒါသည် ၁၉၇၀ အောက်တိုဘာ ၁၉ ရက်တွင် ဗိုလ်ချုပ်ကြီး ကာမီလိုဗန်လန်ဇွဲလာ ပြန်ပေးဆွဲရန် ပစ်မှတ်ထားခံရသူ ဖြစ်သည်။ ရှနိုက်ဒါသည် အာဏာ သိမ်းလိုသော စစ်တပ်အရာရှိများအတွက် အဓိကအဟန့်အတားဖြစ် သော ဗိုလ်ချုပ်ကြီးတစ်ဦးအဖြစ် သတ်မှတ်ခံ ရသူဖြစ်သည်။ အောင်မြင်မှုမရသည့် ပြန်ပေးဆွဲမှုကို စီအိုင်အေက ကျောထောက်နောက်ခံပြုပေးထားသည်ဟု ဆိုသည်။ နောက်သုံးရက်အကြာတွင် ဗိုလ်ချုပ်ကြီး ရိုဘာတိုဗီယို ဦးဆောင် သည့် နောက်တစ်ကြိမ် ဖြစ်ကတတ် ဆန်းပြန်ပေးဆွဲရန် ကြိုးပမ်းမှုအတွင်း ရှနိုက်ဒါ အသတ်ခံလိုက်ရသည်။

သမ္မတရာထူးအပ်နှင်းခံရပြီးနောက် လက်ယာအုပ်စိုးထားသော ချီလီကွန်ဂရက်နှင့် အလန်ဒေးတို့ ဖြစ်ပွားသည့် လူမှုရေး မငြိမ်သက်မှု၊ နိုင်ငံရေးမငြိမ်သက်မှုတို့ ကာလတစ်ခုအထိ ဆက်လက်ဖြစ်ပွားလာသည့်အပြင် အမေရိကန်ဆင်နွှဲနေသည့် စီးပွားရေးစစ်ပွဲသည်လည်း ဖြစ်ပွားနေသည်။ အမေရိကန်သမ္မတ ရစ်ချက်နစ်ဆင်က အလန်ဒေး အာဏာရလာခြင်းကို ဟန့်တားရန် သို့မဟုတ် ၎င်းကို ဖြုတ်ချရန် ချီလီ စီးပွားရေးကို ပွက်လောရိုက်သွားအောင် လုပ်မည်ဟု ပြောကြားခဲ့သည်။

၁၉၇၃ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် သမ္မတအလန်ဒေးကို ချီလီစစ်တပ်နှင့် ချီလီအမျိုးသား ရဲတပ်ဖွဲ့တို့က ဖြုတ်ချလိုက်ပြီး အာဏာကို သြဂတ်စတို ပီနိုချက်အစိုးရသို့ လွှဲပေးလိုက်သည်။ စီအိုင်အေသည် Truck II ဟု အမည်ပေးထားသည့် FUBELT စီမံချက်မှတစ်ဆင့် အာဏာသိမ်းရန် အခြေအနေများကို လျှို့ဝှက်စွာ ပြင်ဆင်ခဲ့သည်။ အမေရိကန်က ပါဝင်ပတ်သက်မှုမှန်သမျှကို အစပိုင်းတွင် ငြင်းဆန်ခဲ့သည်ဆိုသော်လည်း ယင်းသို့ငြင်းဆန်ခဲ့ပြီးနောက် ဆယ်စုနှစ်များစွာ အကြာတွင် သက်ဆိုင်ရာစာရွက်စာတမ်းများကို လျှို့ဝှက်အဆင့် လျှော့ချသတ်မှတ်ခဲ့သည်။

ဘိုလီးဗီးယား (၁၉၇၁)

၁၉၇၀ ပြည့်နှစ်တွင် အာဏာသိမ်းခဲ့ရာမှ အာဏာရလာသော ဘိုလီးဗီးယားသမ္မတ ဟွမ်ဟိုဆေး တော်ရက်စ် ပြုတ်ကျသွားစေသည့် ၁၉၇၁ အာဏာသိမ်းမှုကို ဗိုလ်ချုပ် ကြီး ဟူဂိုဘန်ဇာက ခေါင်းဆောင် ခဲ့ခြင်းဖြစ်ပြီး ယင်းအာဏာသိမ်းမှုကို အမေရိကန်အစိုးရက ထောက်ပ့ံ ကူညီခဲ့သည်။ အမေရိကန်ထောက်ပံ့ပေးထားပြီး တောင်အမေရိက လက်ယာယိမ်း အာဏာရှင်များက လုပ်ဆောင်သည့် နိုင်ငံရေးဖိနှိပ်မှုနှင့် နိုင်ငံတစ်နိုင်ငံက အခြားတစ်နိုင်ငံကို အကြမ်းဖက်သည့် (State Terrorism) စစ်ဆင်ရေးဖြစ်သော Operation Condor ၏အစိတ်အပိုင်းအဖြစ် တောရက်စ်သည် ၁၉၇၆ ခုနှစ်တွင် ပြန်ပေးဆွဲခံရပြီး လုပ်ကြံခံရသည်။

အီသီယိုပီးယား (၁၉၇၄-၁၉၉၁)

၁၉၇၄ ခုနှစ် စက်တင်ဘာ ၁၂ ရက်တွင် အီသီယိုပီးယားအင်ပါယာ၏ ဧကရာဇ် ဟိုင်းလီဆယ်လက်ဆီ (1)ကို Derg အဖွဲ့က အာဏာသိမ်းယူပြီး ဖြုတ်ချလိုက်သည်။ Derg အဖွဲ့သည် အီသီယိုပီးယားစစ်တပ်ကို စုံစမ်းစစ်ဆေးရန် ဧကရာဇ်က ဖွဲ့ထားသော အဖွဲ့အစည်း ဖြစ်သည်။ အာဏာရှင် မင်ဂစ်စတူ ဟိုင်းလီမာရီယမ် ခေါင်းဆောင်သော Derg အဖွဲ့ကသည် မာ့ခ်-လီ နင်ဝါဒီဖြစ်လာပြီး ဆိုဗီယက်ပြည်ထောင်စုနှင့် မဟာမိတ်ဖွဲ့လိုက်သည်။ သူပုန်အုပ်စုများက Derg ကို ဆန့်ကျင်ခဲ့ကြသည်။ ဆန့်ကျင်သည့်အဖွဲ့များထဲတွင် ကွန်ဆာဗေး တစ်အုပ်စု၊ ခွဲထွက်ရေးအုပ်စု၊ အခြားမာ့-လီနင်ဝါဒီအုပ်စုတို့ ပါ ဝင်သည်။ အဆိုပါအုပ်စုများသည် အမေရိကန်ပြည်ထောင်စု၏ ထောက်ပံ့မှုကို လက်ခံရရှိခဲ့သည်။

၁၉၈၀ ပြည့်နှစ် နှောင်းပိုင်းတွင် သူပုန်များနှင့် အဲရစ်ထရီးယန်း ခွဲထွက်ရေးသမားများသည် အစိုးရ ကိုဆန့်ကျင်ရာတွင် အသာစီး စတင်ရရှိလာသည်။ Derg သည် ၁၉၈၇ ခုနှစ်တွင် ကိုယ့်ဘာသာ ကိုယ် ဖျက်သိမ်းလိုက်ရပြီး အုပ်ချုပ်မှုကို ဆက်လက်ထိန်းထားနိုင်ရေး အတွက် အီသီယိုပီးယားအလုပ်သမားများပါတီ၏ လက်အောက်တွင် အီသိယိုပီးယား ပြည်သူ့ဒီမိုက ရက်တစ်သမ္မတနိုင်ငံကို ထူထောင်လိုက်သည်။

ဆိုဗီယက်ပြည်ထောင်စုသည် ပြိုလဲတော့မည့် အီသီယိုပီးယားအစိုးရကို ၁၉၉၀ တွင် ထောက်ပံ့မှု ရပ်လိုက်ပြီး အမေရိကန်ကမူ သူပုန်များကို ဆက်လက်ထောက်ပ့ံနေခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် မင်ဂစ်စတူ ဟိုင်း လီမာရီယမ် နုတ်ထွက်သွားပြီး ထွက်ပြေးသွားသည်။ ထို့ကြောင့် လက်ဝဲယိမ်းတိုင်းရင်းသား သူပုန်အဖွဲ့များနှင့် ညွန့်ပေါင်းဖွဲ့ထား သော အီသီယိုပီးယားပြည်သူ့တော်လှန်ရေး ဒီမိုကရက်တစ်တပ်ဦး၏သူပုန်များက အာဏာလွှဲယူလိုက်သည်။ အမေရိကန်က မင်ဂစ်စတူ ဟိုင်းလီမာရီယမ်ကို ဆန့်ကျင်ခဲ့သည်ဆိုသော်လည်း ဇင်ဘာဘွေသို့ ၎င်းလွတ်မြောက်သွားအောင် အမေရိကန်သံရုံးက အကူအညီပေးခဲ့သည်။

အန်ဂိုလာ (၁၉၇၅-၁၉၉၁)

၁၉၆၀ ပြည့်နှစ် အစောပိုင်းကာလတွင် ပေါ်တူဂီ၏ ကိုလိုနီပြု အုပ်ချုပ်မှုကို ဆန့်ကျင်သည့် တော်လှန်မှုတစ်ခုအဖြစ် အန်ဂိုလာ လွတ်လပ်ရေး စစ်ပွဲ စတင်ဖြစ်ပွားခဲ့သည်။ ထိုစစ်ပွဲတွင် အန်ဂိုလာ သူပုန်အဖွဲ့များဖြစ်သည့်  MPLA နှင့် FNLA တို့လည်း ပါဝင်ခဲ့သည်။

၁၉၇၄ ခုနှစ်တွင် ပေါ်တူဂီ၌ လက်ဝဲယိမ်းစစ်တပ်အရာရှိများက လက်ယာယိမ်းစစ်အစိုးရကို အာဏာသိမ်းပြီး ဖြုတ်ချခဲ့သည်။ အသစ်တက်လာခဲ့သည့် ပေါ်တူဂီ အစိုးရက အန်ဂိုလာ အပါအဝင် ၎င်း၏ ကိုလိုနီလက်အောက်ခံ နိုင်ငံများကို လွတ်လပ်ရေးပေးမည်ဟု ကတိပြုခဲ့သည်။

၁၉၇၅ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် အန်ဂိုလာနိုင်ငံကို လွတ်လပ်ရေးပေးသည့် အယ်လ်ဗာ သဘောတူစာချုပ်ကို ပေါ်တူဂီက လက်မှတ်ရေးထိုးခဲ့ပြီး MPLA၊ FNLA နှင့် UNITA တို့ ပါဝင်သည့် ကြားဖြတ်အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

မည်သို့ပင်ဆိုစေ များပြားသည့် လွတ်လပ်ရေးအုပ်စုများအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပွားခဲ့သည်။ လက်ဝဲယိမ်းအုပ်စုဖြစ်သည့် MPLA သည် အခြား အင်အားကြီး သူပုန်အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် FNLA နှင့် UNITA ကို တိုက်ခိုက်ရန် ပြင်ဆင်လာခဲ့သည်။

အမေရိကန်ကမူ ဗဟိုလက်ယာယိမ်းအုပ်စုများဖြစ်သည့် FNLA နှင့် UNITA တို့ကို Operation IA Feature အမည်ရှိ စစ်ဆင် ရေးဖြင့် ကူညီထောက်ပံ့ပေးခဲ့သည်။ ထိုစစ်ဆင်ရေးကို အမေရိကန်သမ္မတ ဂျရဲဒ်ဖို့ဒ်က ၁၉၇၅ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် အတည်ပြုခဲ့သော်လည်း စီအိုင်အေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိအချို့ကမူ ထိုစစ်ဆင်ရေးကို သဘောမတူခဲ့ပေ။

အန်ဂိုလာ လွတ်လပ်ရေးစစ်ပွဲ အဆုံးသတ်ချိန်တွင် ထိုစစ်ဆင်ရေးကို စတင်ခဲ့ပြီး အန်ဂိုလာပြည်တွင်းစစ်သည် ၁၉၇၅ ခုနှစ် နိုဝင်ဘာလတွင် ဆက်လက်ဖြစ်ပွားခဲ့သည်။ အမေရိကန်က ရန်ပုံငွေ ထောက်ပံ့မှုကို ဒေါ်လာခြောက်သန်းနှင့် စတင်ခဲ့သော်လည်း ဇူလိုင် ၂၇ ရက်တွင် နောက်ထပ် ရန်ပုံငွေ ရှစ်သန်း ထပ်ထည့်ခဲ့ကာ သြဂုတ်လတွင် ဒေါ်လာ ၂၅ သန်း ထပ်ထည့်ခဲ့သည်။

ထိုအစီအစဉ်ကို လွှတ်တော် က ၁၉၇၆ ခုနှစ်တွင် ရှုတ်ချခဲ့သည်။ အန်ဂိုလာတွင် စစ်တပ် သို့မဟုတ် အရန်တပ်များ၏ စစ်ဆင်ရေးများနှင့် ဆက်နွှယ်သည့် ပုဂ္ဂလိက အုပ်စုများကို ထောက်ပံ့မှုအား တားမြစ်ထားသည့် ကလာ့ခ် ဥပဒေပြင်ဆင်ချက်ကို ၁၉၇၆ အမေရိကန် လက်နက်တင်ပို့မှု ထိန်းချုပ်ရေး အက်ဥပ ဒေအတွင်းသို့ ထည့်သွင်းခဲ့ပြီးနောက် အဆိုပါစစ်ဆင်ရေးကို အဆုံးသတ်ကာ အန်ဂိုလာအရေးတွင် ပါဝင်ပတ်သက်မှုကို ကန့်သတ်ခဲ့သည်။

သို့သော် စီအိုင်အေ ညွှန်ကြားရေးမှူး ဂျော့ချ် အိတ်ချ် ဒဗလျူဘုရှ်က FNLA နှင့် UNITA တို့ကို ထောက်ပံ့မှုအချို့ ဆက်လက်လုပ်ဆောင်ခဲ့သည်ဟု ဝန်ခံခဲ့သည်။

အရှေ့တီမော (၁၉၇၅-၁၉၉၉)

ပေါ်တူဂီလက်အောက်မှ လွတ်လပ်ရေးကြေညာခဲ့ပြီး ကိုးရက်အကြာဖြစ်သည့် ၁၉၇၅ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် အရှေ့တီမောသည် အင်ဒိုနီးရှား၏ ကျူးကျော်မှုကို ခံခဲ့ရသည်။ အင်ဒိုနီးရှားသည် ကိုလိုနီဝါဒဆန့်ကျင်ရေး အကြောင်းပြချက်ဖြင့် ကျူးကျော်ခဲ့ခြင်းဖြစ်သော်လည်း ၎င်း၏ ရည်ရွယ်ချက်အစစ်အမှန်မှာ ၁၉၇၄ ခုနှစ်က ပေါ်ပေါက်လာခဲ့သည့် အရှေ့တီမောလွတ်လပ်ရေး တော်လှန်ရေးတပ်ဦး (Fretilin) အစိုးရကို ဖြုတ်ချရန်ဖြစ်သည်။

ကျူးကျော်ဝင်ရောက်မှုမပြုမီ တစ်ရက်အလိုက အမေရိကန်သမ္မတ ဂျရဲဒ်ဖို့ နှင့် နိုင်ငံခြားရေးဝန်ကြီး ဟင်နရီ ကစ်ဆင်ဂျာတို့သည် အင်ဒိုနီးရှား စစ်ဗိုလ်ချုပ်ကြီး ဆူဟာတိုနှင့် တွေ့ဆုံခဲ့သည်။ ဆူဟာတိုက သူသည် အရှေ့တီမောကို ကျူးကျော်ရန် ရည်ရွယ်ချက်ရှိသည်ဟု ဖို့ဒ်နှင့် ကစ်ဆင်ဂျာတို့ကို ပြောကြားခဲ့သည်။

အမေရိကန်ဖို့ဒ်ကမူ မိမိတို့အနေဖြင့် ထိုအရေးကိစ္စနှင့်ပတ်သက်ပြီး နားလည်ပေးမည်ဖြစ်ကြောင်းနှင့် ဖိအားပေးမည်မဟုတ်ကြောင်း၊ သင့်ပြဿနာနှင့် သင့်ရည်ရွယ်ချက်ကို နားလည်သဘောပေါက်ကြောင်း ဆူဟာတိုကို တုံ့ပြန် ပြောကြားခဲ့သည်။

အရှေ့တီမောသည် အင်ဒိုနီးရှား-အမေရိကန် ဆက်ဆံရေး လောင်းရိပ်အောက်တွင်ရှိနေပြီး အရေးပါ၊ အရာရောက်မှုနည်းပါးသည်ဟု ဖို့ဒ်က ရှုမြင်ခဲ့သဖြင့် အရှေ့တီမောအား ကျူးကျော်ရန် အင်ဒိုနီးရှားကို ထောက်ခံပေးခဲ့သည်။

၁၉၇၅ ခုနှစ် ဧပြီလက ဆိုင်ဂုံ မြို့ကျဆုံးမှုဖြစ်စဉ်ကြောင့် အင်ဒိုနီးရှားသည် အရှေ့တောင်အာရှတွင် အမေရိကန်၏ အရေးအကြီးဆုံး မဟာမိတ်ဖြစ်လာခဲ့သည်။ ထို့ကြောင့် အင်ဒိုနီးရှားနှင့် လက်တွဲခြင်းသည် အမျိုးသား အကျိုးစီးပွား အရဖြစ်သည်ဟု ဖို့ဒ်က အကြောင်းပြချက်ပေးခဲ့သည်။

အရှေ့တီမောကို ကျူးကျော်မှုအတွင်း အမေရိကန်၏ လက်နက်များသည် အင်ဒိုနီးရှားအတွက် အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ အင်ဒိုနီးရှားတပ်ဖွဲ့များ အသုံးပြုခဲ့သည့် စစ်လက်နက်ပစ္စည်း အများစုကို အမေရိကန်က ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။  အမေရိကန်သည် အရှေ့တီမောကို အင်ဒိုနီးရှားက သိမ်းပိုက်ထားခဲ့သည့် ၁၉၉၁ ခုနှစ်အထိ အင်ဒိုနီးရှားကို စစ်ရေး အထောက်အပံ့များပေးခဲ့သည်။

အာဂျင်တီးနား (၁၉၇၆)

အာဂျင်တီးနားတွင် ၁၉၇၃ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် သမ္မတ အစ္စဘယ် ပါရွန်ကို စစ်တပ်က ၁၉၇၆ ခုနှစ် တွင် အာဏာသိမ်းပြီး ဖြုတ်ချခဲ့သည်။ ထို့နောက် အမျိုးသား ပြန်လည်ဖွဲ့စည်းရေး လုပ်ငန်းစဉ်ဟူသည့်အမည်ဖြင့် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး ဂျော့ခ်ရာဖေးလ် ဗီဒယ်လာက ၁၉၈၃ ခုနှစ်အထိ အုပ်ချုပ်ခဲ့သည်။

အမေရိကန်သည် အာဏာသိမ်းချိန်မှာသာမက အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်အာဏာရှင်စနစ်နှင့် အုပ်ချုပ်နေသည့် အချိန်မှာပါ အာဂျင်တီးနား စစ်ခေါင်းဆောင်များကို ထောက်ပံ့ပေးခဲ့သည်။ အာဂျင်တီနားတွင် အာဏာ ရှင်စနစ်နှင့် အုပ်ချုပ်နေချိန်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟင်နရီ ကစ်ဆင်ဂျာသည် အာဂျင်တီးနားသို့ မကြာခဏ နိုင်ငံတော်ခရီးစဉ်များ သွားရောက်ခဲ့သည်။

ထို့ပြင် ကစ်ဆင်ဂျာသည် အာဂျင်တီးနား အာဏာရှင်အစိုးရ၏ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သည့် ရာဇဝတ်မှုများကို မျက်မြင် ကြုံတွေ့ခဲ့ရသည်ဟု စပိန်တရားသူ ကြီးတစ်ဦးဖြစ်သည့် ဘယ်တာဆာ ဂါဇွန်က ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန် (၁၉၇၉-၁၉၉၂)

အာဖဂန်နစ္စတန်တွင် ၁၉၇၈ ခုနှစ်က Saur တော်လှန်ရေးဖြစ်ပွားခဲ့ပြီး ဆိုဗီယက်ယူနီယံက ထောက်ခံခဲ့သည့် တစ်ပါတီစနစ် ကျင့်သုံးသည့် အာဖဂန်နစ္စတန် ဒီမိုကရက်တစ်သမ္မတနိုင်ငံ ထူထောင်ခဲ့သည်။

ထိုအချိန်က အမေရိကန်သည်  Operation Cyclone အမည်ရှိ စစ်ဆင်ရေးဖြင့် အာဖဂန်အစိုးရ ကို ဖြုတ်ချရန် အာဖဂန် မူဂျာဟစ် ဒင်များဟု လူသိများသည့် ဂျီဟတ် ပြောက်ကျားတပ်များနှင့် စစ်ခေါင်းဆောင်များကို လက်နက်နှင့် ငွေကြေးများ ထောက်ပံ့ပေးခဲ့သည်။

အသက်သေဆုံးနိုင်ခြင်းမရှိသည့် အကူအညီအထောက်အပံ့ဟူသည့် ခေါင်းစဉ်ဖြင့် ဒေါ်လာ ၆၉၅၀၀၀ ဖြင့် စတင်ခဲ့သည့် ထိုအစီအစဉ်တွင် မူဂျာဟစ်ဒင်များကို ၁၉၇၉ ခုနှစ် ဇူူလိုင် ၃ ရက်မှ စတင်ပြီး ထောက်ပံ့ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် တင်းမာမှုများ မြင့်တက်လာခဲ့ကာ ၁၉၇၉ ခုနှစ် ဒီဇင်ဘာတွင် ဆိုဗီယက်က အာဖဂန်စ္စတန်ကို ကျူးကျော်ဝင်ရောက်ခဲ့သည်။ အမေရိကန်သည် အာဖဂန်၏ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံ၏ ထောက်လှမ်းရေးအဖွဲ့ (ISI) မှတစ်ဆင့် အာဖဂန်လက်နက်ကိုင်များကို စစ်သင်တန်းများ၊ လက်နက်များနှင့် ငွေကြေးများ ထောက်ပံ့ပေးခဲ့သည်။

စီအိုင်အေက ပထမဆုံး ထောက်ပံ့ပေးခဲ့သည့် လက်နက်များမှာ ဗြိတိန်လုပ် ခေတ်ဟောင်း Lee-Enfield ရိုင်ဖယ်များဖြစ်ပြီး ၁၉၇၉ ခုနှစ် ဒီဇင်ဘာလတွင် ပေး ပို့ခဲ့ခြင်းဖြစ်သည်။ သို့သော် ၁၉၈၆ ခုနှစ် စက်တင်ဘာလတွင် အမေရိကန်သည် FIM-92 Stinger မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များကဲ့သို့ ခေတ်မီလက်နက်များကို ထောက်ပံ့ပေးခဲ့သည်။

အာဖဂန်အာရပ်များသည် ISI မှတစ်ဆင့် တော်လှန်ရေးအဖွဲ့များထံ ပေးပို့သည့် စီအိုင်အေ၏ ရန်ပုံငွေထောက်ပံ့မှုမှ သွယ်ဝိုက်ပြီး အကျိုးအမြတ်ရရှိခဲ့သည်။ စီအိုင်အေထံမှ အကျိုးအမြတ်အများဆုံး ရရှိခဲ့သူများမှာ ဂျာလာလူဒင် ဟက်ကာနီနှင့် ဂူလ်ဘူဒင် ဟက်မတ်ယာတို့ကဲ့သို့ အစ္စလာမ္မစ် တပ်မှူးများ ပါဝင်သည်။ ၎င်းတို့နှစ်ဦးသည် အိုစမာဘင်လာဒင်၏ အဓိကမဟာ မိတ်များဖြစ်သည်။

စီအိုင်အေက ထောက်ပံ့ပေးခဲ့သည့် စစ်သွေးကြွများသည် နောက်ပိုင်းတွင် ဘင်လာဒင်ဖွဲ့စည်းသည့် အယ်ကေဒါအဖွဲ့ဝင်များ ဖြစ်လာခဲ့သည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ရော်ဘင်ကွတ်က ပြောကြားခဲ့သည်။

ထိုကဲ့သို့ စွပ်စွဲမှုများနှင့် အလားတူ စွပ်စွဲချက်များရှိခဲ့သည့်တိုင် ဆိုဗီယက်-အာဖဂန်စစ်ပွဲကာလအတွင်း စီအိုင်အေသည် ဘင်လာဒင် သို့မဟုတ် ၎င်း၏ အတွင်းစည်းမှလူများနှင့် အဆက်အသွယ်ရှိခဲ့သည့် တိုက်ရိုက်အထောက်အထားများ မရှိခဲ့ပေ။

အမေရိကန်သည် ၁၉၉၁ ခုနှစ် စက်တင်ဘာလတွင် အာဖဂန်အရေးကို ပြင်ပဝင်ရောက်စွက်ဖက်မှု အဆုံးသတ်ရေး သဘောတူညီချက်ရရှိခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် မူဂျာဟစ်ဒင်များကို ထောက်ပံ့မှုများ အဆုံးသတ်ခဲ့သည်။

၁၉၉၂ ခုနှစ်တွင် အမေရိကန်၊ ဆော်ဒီနှင့် တရုတ်တို့သည် မူဂျာဒစ်ဒင်များကို ထောက်ပံ့မှု စုစုပေါင်း ဒေါ်လာ ၆ ဘီလျံမှ ၁၂ ဘီ လျံကြားရှိကာ ဆိုဗီယက်က အာဖဂန်ကို ထောက်ပံ့မှုမှာ ဒေါ်လာ ၃၆ ဘီလျံမှ ၄၈ ဘီလျံကြား ရှိခဲ့သည်။

Most Read

Most Recent