သတိ - ကလေးငယ်များကို ဂရုစိုက်ရန် လိုအပ်နေသည်

သတိ - ကလေးငယ်များကို ဂရုစိုက်ရန် လိုအပ်နေသည်
Published 3 March 2024

ဖေဖော်ဝါရီလကုန်ပိုင်းတွင် မြန်မာနိုင်ငံရှိ နေရာဒေသအချို့၌ ကလေးပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု ဆိုရမည်ဖြစ် သည်။

လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ကလေးပျောက်ဆုံးမှုများကို တင်ခဲ့ပြီး ကလေး ပျောက်ရှာပုံတော်ဖွင့်ခဲ့သည့် မိသားစုအများ အပြားလည်းရှိခဲ့သည်ကို တွေ့ရသည်။

လူစိတ်ဝင်စားမှုများပြားခဲ့ပြီး ပြန်ရှာတွေ့ စေရန် ဆုတောင်းပေးခြင်း၊ ဗေဒင်ပညာရှင် များကလည်း ဗေဒင်ပညာရပ်ဖြင့်ရှာဖွေပေးခဲ့ သည့် ကလေးပျောက်ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ သုံး နှစ်အရွယ်ကလေးငယ် ပျောက်ဆုံးမှုဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ရှမ်းစု ကျေးရွာအနောက်ပိုင်းနေ ဦးအေးဇော်မြင့်နှင့် ဒေါ်နွယ်နွယ်စိုးတို့၏ အငယ်ဆုံးသားဖြစ်သူ သုံးနှစ်အရွယ် ကလေးငယ် မောင်ဇွဲမာန်သစ် မှာ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၅ နာရီကျော် တွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

“အိမ်မှာတင်ပျောက်တာပါ။ ကလေးက ထမင်းစားမယ်ဆိုလို့ အမေလုပ်သူက အိမ် ပေါ်တက်ထမင်းခူးပြီး ဟင်းနွှာပေးပြီးစားဖို့ လှမ်းခေါ်ချိန် မရှိတော့တာပါဗျာ။ ဘယ်လို နားလည်ရမလဲ” ဟု ကလေးငယ်၏ဖခင်ဖြစ် သူက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား ထားသည်။

ကလေးငယ်ပျောက်ဆုံးမှုအား လူမှုကွန် ရက်စာမျက်နှာများတွင် လူသိများသည့်ပုဂ္ဂိုလ် များကလည်း ဝေငှခဲ့ခြင်းကြောင့် လူအများအ ပြားက စိတ်ဝင်စားခဲ့ပြီး စုံစမ်းမေးမြန်းခြင်းများ ရှိခဲ့သည်။

ကလေးငယ်မှာ စကားပြောနည်းပြီး မိ သားစုဓာတ်ပုံတွေ့ရှိပါက မိသားစုဝင်များကို ပြောဆိုတတ်ကြောင်း ကလေးငယ်၏ဖခင်က ရေးသားခဲ့သည်။

သို့သော် လူအများက ပြန်လည်ရှာတွေ့ ရန်ဆုတောင်းပေးခဲ့ပြီး ကူညီမှုများပြုလုပ်ပေး ခဲ့သော်လည်း လေးရက်ခန့်အကြာ ဖေဖော်ဝါ ရီ ၂၇ ရက် နံနက်ပိုင်းတွင် စိတ်မကောင်းစရာ သတင်းထွက်ပေါ်လာခဲ့သည်။

ယင်းသတင်းမှာ သုံးနှစ်အရွယ်ပျောက် ဆုံးကလေးငယ်အား နေအိမ်နှင့် တစ်မိုင်ကျော် ခန့်အကွာ ရေမြောင်းအတွင်း အသက်မဲ့ခန္ဓာ ကိုယ်ကို မိသားစုဝင်များက ပြန်လည်တွေ့ ရှိခဲ့ရခြင်းဖြစ်သည်။

ကလေးငယ်၏ အလောင်းကို နေအိမ်နှင့် အနည်းငယ်ဝေးသော လွမ်းစေတီဘုရားအနီး ရှိ ရေ‌မြောင်းတစ်ခုတွင် တွေ့ရှိခဲ့သည်ဟု က လေးငယ်၏ မိသားစုဝင်တစ်ဦးက ‌ပြောကြား သည်။

“ကလေးကတော့ ပြန်တွေ့ပြီ။ အသက် မရှိတော့ဘူး။ ကလေးအလောင်းမှာ ဒဏ်ရာရှိ မရှိကတော့ ရဲတွေ စစ်ဆေးနေပါတယ်။ အ လောင်းက ဒီမနက် ၇ နာရီလောက်က တွေ့ တာ။ အလောင်းကို သူတို့အိမ်နဲ့ နည်းနည်း တော့ဝေးတယ်။ ကားလမ်းဘေးပေါ့။ လွမ်း စေတီဘုရားလေးရဲ့ ရေ‌မြောင်းမှာတွေ့တာ” ဟု ကလေးငယ်၏ မိသားစုဝင်တစ်ဦးက ‌ပြော ကြားသည်။

“မချိမဆန့်   dead body ဒီအရွယ်နဲ့ ဒီဒဏ်ရာ မျှတရဲ့လားကွာ”  ဟု ကလေးငယ်၏ ဖခင်က လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ကလေးငယ်၏အလောင်းကို ရှာဖွေ တွေ့ရှိချိန်တွင် မိသားစုဝင်များ၏ အော်ဟစ် ငိုကြွေး သံမှာ ကမ္ဘာပျက်သည့်အလားဖြစ်ခဲ့ သည်။

ကလေးငယ်မှာ မပျောက်ဆုံးမီက အကျႌအဝါရောင်ကို ဝတ်ဆင်ထားပြီး ရှာ ဖွေတွေ့ရှိ  ချိန်တွင်လည်း ယင်းအကျႌကို ဝတ် ဆင်ထားသည်။

“ သားလေးရဲ့ ဦးလေး ကျွန်တော့်ယောက်ဖက အရင်တွေ့တာ။ ဒီလိုပဲလိုက်ရှာရင်းနဲ့ ရေမြောင်းထဲမှာ အကျႌအဝါရောင်လေးကို တွေ့တာနဲ့ မဟုတ်ပါစေနဲ့ ဆုတောင်းခဲ့တာ။ ဆုတောင်းမပြည့်ခဲ့ဘူး” ဟု ကလေးငယ်၏ ဖခင်ဖြစ်သူက မီဒီယာတစ်ခုသို့ ဖြေကြားထား သည်ကို တွေ့ရသည်။

ကလေးငယ်ကို တွေ့ရှိခဲ့သည့် ဖေဖော်ဝါ ရီ ၂၇ ရက်မှာပင် ဒိုက်ဦးမြို့နယ် ရှမ်းစုသုသာန် ၌ နာရေးကိုပြုလုပ်ခဲ့ကြောင်း သိရသည်။

“ ထမင်းသွားထည့်ချိန်ဆိုရင် ၁၀ မိနစ် လောက်ပဲကြာတဲ့အချိန်လေးပဲရှိတာပါ။ အဲဒီ အချိန်ကို ပျောက်သွားတာ” ဟု ကလေးငယ်၏ မိခင်ဖြစ်သူက ပြောကြားသည်။

ကလေးငယ်၏ မိဘများမှာလည်း မည်သူနှင့်မျှ ရန်ငြိုးရန်စမရှိကြောင်း၊ မည်သည့် အတွက်ကြောင့် ကလေးငယ်ပျောက်ဆုံးခဲ့ သည်ကို မတွေးတောနိုင်ကြောင်း ကလေးငယ် ၏ မိဘများနှင့် ရင်းနှီးသူ မိတ်ဆွေအချို့၏ ပြောကြားချက်များအရ သိရသည်။

ကလေးငယ်၏ မိဘများမှာ လက်ရှိအ ချိန်အထိ ကလေးငယ်ပျောက်ဆုံးသည့်ဖြစ်စဉ် ကို မသိရှိသေးဘဲ ကလေးငယ်အတွက် တရား မျှတမှုရရှိရန် လိုလားကြောင်း ဒိုက်ဦးမြို့ခံအ ချို့က ပြောကြားသည်။

“ကလေးလေး ပျောက်တာကတော့ တော်တော်ဆန်းတယ်။ အမေက ၁၀ မိနစ် လောက်ပဲကြာတာ။ ကလေးအတွက် ထမင်း ကျွေးဖို့ ထည့်နေတုန်းလေးမှာ ပျောက်တာ။ ကလေးအတွက် တရားမျှတမှုရဖို့က အရေး ကြီးတယ်” ဟု ဒိုက်ဦးမြို့ခံတစ်ဦးက ပြောကြား သည်။

ကလေးငယ်၏ အလောင်းကိုပြန်လည် တွေ့ရှိချိန်တွင် မျက်လုံးပြူးကာ လျှာထွက်နေခြင်း၊ စအိုဝ ထွက်နေခြင်း အစရှိသည့် လက္ခ ဏာများကို တွေ့ရှိရသည်ဟု ဖခင်ဖြစ်သူ ဦးအေးဇော်မြင့်က မီဒီယာများကို ဖြေကြား ထားသည်။

အလားတူ စစ်ကိုင်းတိုင်း ကလေးမြို့ အောင်သစ္စာရပ်ကွက်နေ ဦးလှမြိုင်၊ ဒေါ်အိညို တို့၏ သမီးငယ် အသက်လေးနှစ်အရွယ် မမေ ဇင်ကျော်သည် ဖေဖော်ဝါရီ ၂၅ ရက် မွန်းလွဲ ၂ နာရီခန့်က ပျောက်ဆုံးသွားသည်ဟု ကလေး ငယ်၏ အဒေါ်ဖြစ်သူက လူမှုကွန်ရက်စာမျက် နှာတွင် ရေးသားထားသည်။

ကလေးငယ်မှာ ပျောက်ဆုံးခဲ့သည့်နေ့မှာ ပင် နားသပြုလုပ်ခဲ့သူလည်းဖြစ်ပြီး ယင်းနေ့ တွင် အလှူမှ အိမ်သို့ပြန်လာပြီး အဘိုးဖြစ်သူ နှင့်အတူနေစဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ် သည်ဟု ကလေးမြို့ဒေသခံအချို့က ပြော ကြားသည်။

ကလေးငယ်အား ပျောက်ဆုံးပြီး နှစ်ရက် ခန့်အကြာတွင် ပြင်ပဒဏ်ရာများနှင့်အတူ အလောင်းကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ် သည်။

နားရွက်တစ်ဖက်ပြတ်သည့်ဒဏ်ရာ၊ ကျောကုန်းတွင် ရိုက်နှက်ခံထားရသည့်ဒဏ်ရာ များကိုလည်း တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောဆိုခဲ့သော်လည်း အတည်ပြုနိုင်ခြင်းမရှိ ပေ။ ကလေးငယ်၏ အလောင်းကို နေအိမ်နှင့် ဝေးကွာခြင်းမရှိသည့် ရေကန်တစ်ခုတွင် ပြန် လည်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မိဘများမှာ ငွေကြေး နွမ်းပါးသူများဖြစ်သည်ဟု ကလေးဒေသခံအ ချို့၏ ပြောကြားချက်အရ သိရသည်။

“တူမလေးကို ပြန်ရှာတွေ့ပါပြီ။ အသက် မရှိတော့ပါဘူး။ တူမလေးရဲ့ သေဆုံးနေတဲ့ပုံ တွေကို လိုင်းပေါ်တင်ဖို့ ခွင့်မပြုပါဘူးရှင့်။ ကလေးရဲ့မိသားစုကို စာနာသောအားဖြင့် ကလေးလေးရဲ့ သေဆုံးသွားတဲ့ဓာတ်ပုံများမတင် ကြဖို့ မေတ္တာရပ်ခံအပ်ပါသည်” ဟု ကလေးငယ်၏ အဒေါ်ဖြစ်သူက လူမှုကွန်ရက်စာမျက် နှာတွင် ရေးသားထားသည်။

ကလေးငယ်များ ပျောက်ဆုံးပြီးနောက် တွင် ပြန်လည်တွေ့ရှိရသည့်အခြေအနေမှာ အလောင်းကိုသာတွေ့ရှိရသဖြင့် မိဘများ အနေဖြင့် ကလေးငယ်များကို ဂရုစိုက်ရန်လို အပ်ကြောင်း သိရသည်။

“အိမ်မှာကလေးရှိတာနဲ့ ဂရုစိုက်နေရ တယ်။ တိုက်ခန်းတွေဆိုရင် ပြတင်းပေါက်နား မသွားမိအောင်နဲ့ ပြတင်းပေါက်တွေရှိရင် လည်း ကလေးငယ်တက်မိရင်တောင် အကာ အရံအတားအဆီးတွေ လုပ်ထားသင့်တယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင် အထပ်မြင့်တိုက်ခန်းများ ရှိသဖြင့် တိုက်ခန်းပြတင်းပေါက်မှ ပြုတ်ကျ ကာ ကလေးငယ်နှစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဉ် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကဖြစ်ပွားခဲ့သည်။

လက်ရှိတွင်လည်း ကလေးငယ်ပျောက် ဆုံးသည့်ဖြစ်စဉ်များရှိလာသဖြင့် ကလေးငယ် များကို ဂရုစိုက်၍ သတိထားထိန်းသိမ်းရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးတွင် နေ ထိုင်သူအချို့က ပြောကြားသည်။

ကလေးငယ်များကို မိဘများမပါဘဲ အ ပြင်သွားလည်ခြင်းများမပြုလုပ်ဖို့ သင်ကြား ပေးထားခြင်း၊ သူစိမ်းတစ်ဦးတစ်ယောက်က မုန့်ကျွေးမည်ဟုပြောကာ ခေါ်ဆောင်ခြင်းများ၊ အရုပ်များဝယ်ပေးမည်ဟု ပြောကာ ခေါ် ဆောင်ခြင်းများ ရှိပါက မလိုက်ရန် ကလေး ငယ်များကို သင်ကြားပေးထားရမည်ဖြစ် ကြောင်း၊ ကလေးငယ်နှင့် ရင်းနှီးသည့် အိမ်နီ ချင်းများ၊ မိတ်ဆွေများက ခေါ်ပါကလည်း မိဘအုပ်ထိန်းသူများကို အသိပေးပြီးမှသာ ခေါ်ယူစေခြင်း၊ မိဘမသိရှိဘဲ အပြင်ထွက်က စားခြင်းများ မပြုလုပ်ရန် ကလေးငယ်များကို သင်ကြားပေးထားရန် လိုအပ်သည်။

မိဘများအနေဖြင့် အလုပ်များနေခြင်း ကြောင့်ဖြစ်စေ၊ အကြောင်းကြောင်းကြောင့် ဖြစ်စေ ကလေးငယ်များကို သေချာစောင့် ကြည့်ခြင်းမရှိနိုင်သည့် အခြေအနေများတွင် နေအိမ်ခြံဝင်းတံခါးများကို လုံခြုံစွာပိတ်ထား ရန် လိုအပ်သည်။

ထို့ပြင် ကလေးငယ်များကို ရေတွင်း၊ ရေ ကန်များအနီးတွင်လည်းကောင်း၊ လူမရှိသည့် နေအိမ်များ၊ အဆောက်အအုံများတွင် ကစား ခြင်းမပြုရန် သင်ကြားပြောကြားထားရန်လို အပ်ကြောင်း သိရသည်။

ကလေးငယ်များပျောက်ဆုံးမှုဖြစ်ပွားပါ က သက်ဆိုင်ရာအာဏာပိုင်များကို အလျင်အ မြန်အသိပေးအကြောင်းကြားရန်လိုအပ်ပြီး ရေတွင်း၊ ရေကန်များတွင် အလျင်အမြန်ရှာဖွေ ရန် လိုအပ်သည်။

ထို့ပြင်ကလေးငယ်များကို မိဘအုပ်ထိန်း သူများ၏ ဖုန်းနံပါတ်များကို အလွတ်ကျက်မှတ် စေခြင်း၊ မိဘများ၏ နေရပ်လိပ်စာကို အလွတ် ပြောပြနိုင်အောင် သင်ကြားစေခြင်းများပြုလုပ် ရမည်ဖြစ်သည်။

ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်တွင် ပျောက်ဆုံး ခဲ့သည့် ကလေးငယ်မှာ လေးရက်ခန့်အကြာ တွင်လည်းကောင်း၊ စစ်ကိုင်းတိုင်း ကလေးမြို့ မှ ပျောက်ဆုံးခဲ့သည့် ကလေးငယ်မှာ နှစ်ရက် ခန့်အကြာတွင်လည်းကောင်း အလောင်း သာ ပြန်လည်တွေ့ရှိခဲ့သဖြင့် လူထုအကြားတွင် ကလေးငယ်များကို ဂရုစိုက်ရန် အချက်ပေး ခေါင်းလောင်းသံဖြစ်နေသည်။

“ ကျွန်တော့်သားလေးကို အဖြစ်ဆိုးကျန် တဲ့ကလေးငယ်တွေ မကြုံတွေ့အောင်ဂရုစိုက် ကြပါ” ဟု ဒိုက်ဦးမြို့နယ်မှ ကလေးငယ်၏ ဖခင် ဦးအေးဇော်မြင့်က ပြောကြားသည်။

Most Read

Most Recent