တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေကို ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေကို ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်
Published 11 September 2023

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေကို ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်လိုက်ကြောင်း စက်တင်ဘာ ၁၁ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါသတင်းထုတ်ပြန်ချက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွွှဲအပ်ခြင်းခံရသော မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေအား ၎င်း၏ လက်ရှိတာဝန်ဝတ္တရားများအပြင် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်လိုက်ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတာဝန်ထမ်းဆောင်ခဲ့သည့် သံအမတ်ကြီး ဦးမျိုးသန့်ဖေသည် ၂၀၂၂ ခုနှစ် သြဂုတ် ၇ ရက်တွင် ရုတ်တရက်ကွယ်လွန်ခဲ့သဖြင့် ၎င်းနေရာတွင် သံအမတ်ကြီးဦးတင်မောင်ဆွေအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၂၀၂၃ ခုနှစ် ဧပြီ  ၂၄ ရက်တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်းထံ သံအမတ်ကြီး ဦးတင်မောင်ဆွေက ၎င်း၏သံအမတ်ခန့်အပ်လွှာအားပေးအပ်ခဲ့ပြီး တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် လက်ရှိအထိ တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။

Most Read

Most Recent