"ကျွန်တော့်ဘဝမှာ ဖလားမရဖူးသေးတော့ မန်စီးတီးနဲ့ ဆုဖလားတွေ အများကြီး ရယူသွားချင်ပါတယ်"

"ကျွန်တော့်ဘဝမှာ ဖလားမရဖူးသေးတော့ မန်စီးတီးနဲ့ ဆုဖလားတွေ အများကြီး ရယူသွားချင်ပါတယ်"
Photo : Twitter
Photo : Twitter
Published 28 August 2023
El Nino

မန်စီးတီးအသင်းက ရန်းစ်အသင်းရဲ့ ဘယ်လ်ဂျီယံတောင်ပံကစားသမား ဒိုကူကို ပေါင် (၅၅.၄) သန်းနဲ့ ခေါ်ယူပြီး (၅) နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အသက် (၂၁)နှစ်အရွယ် ဒိုကူက ပြီးခဲ့တဲ့ရာသီမှာ ရန်းစ်အသင်းအတွက် (၃၅)ပွဲ ကစားပြီး သွင်းဂိုး (၇)ဂိုး သွင်းယူခဲ့သူပါ။ လက်ရှိနွေရာသီမှာ ဂွန်ဒိုဂန်၊ မာရက်ဇ်နဲ့ လာပေါ့တ်တို့လို အဓိကကစားသမားတွေ ဆုံးရှုံးထားရတဲ့ မန်စီးတီးက ကိုဗာချစ်၊ ဂီဗာဒီယောလ်နဲ့ ဒိုကူတို့လို ထိပ်တန်းကစားသမားတွေနဲ့ ပြန်လည်ဖြည့်တင်းခဲ့တာပါ။ ဒိုကူက ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းအတွက်လည်း (၁၆)ပွဲ ကစားပေးထားပြီး မန်စီးတီးမှာ ကျောနံပါတ် (၁၁) ကို ဝတ်ဆင်သွားမယ်လို့ သိရပါတယ်။ ဒိုကူနဲ့ မန်စီးတီးတို့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးကို ဖော်ပြလိုက်ပါတယ် . . .

 

Most Read

Most Recent