မီလန်ရဲ့ အရှိန်အဟုန်ပြင်းသောအရွေ့

မီလန်ရဲ့ အရှိန်အဟုန်ပြင်းသောအရွေ့
Photos: AFP & Twitter
Photos: AFP & Twitter
Published 29 July 2023
Phoe Thar

စီးရီးအေအသင်းကြီးတွေအနေနဲ့ ထိပ်တန်း အဆင့်ကစားသမားအချို့ကိုခေါ်ယူနိုင်ဆဲဆိုရင်တောင် တစ်ချိန်ကလို ဒေါင်ဒေါင်မြည်အခြေအနေမျိုးမဟုတ်တော့ဘဲ ပရီးမီးယားလိဂ်၊ လာလီဂါအစရှိတဲ့ ပြိုင်ဘက်လိဂ်တွေက အသင်းကြီးတွေနဲ့ နှိုင်းယှဉ်ရင် ကွာဟချက်တွေ၊ လိုအပ်ချက်တွေကြီးမားနေဆဲပါပဲ။ ဒီလိုမျိုး စျေးကွက်ရဲ့ဖိအားတွေ၊ စိန်ခေါ်မှုတွေ များပြားနေချိန်မှာပဲ မီလန်မြို့ခံနှစ်သင်းကတော့ ကစားသမားရောင်းချမှုတွေ၊ ခေါ်ယူမှုတွေကို ခြေလှမ်းသွက်သွက်နဲ့ လုပ်ဆောင်နေပြီး ဒီရာသီ စီးရီးအေရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှု အားအကောင်းဆုံးအသင်းတွေအဖြစ် ရပ်တည်နေပါတယ်။ မီလန်နှစ်သင်စလုံးဟာ မဝေးသေးတဲ့ရာသီတွေမှာ စကူဒက်တိုချန်ပီယံဆုတွေကိုရယူထားနိုင်သလို၊ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်မှာလည်း အတိုင်းအတာတစ်ခုအထိ ပုံရိပ်တည်ဆောက်နိုင်ခဲ့တာကြောင့် လာမယ့်ရာသီမှာလည်း ဒီအရှိန်အ ဟုန်ကို ဆက်ထိန်းဖို့ ရည်ရွယ်နေပုံရပြီး အဓိက ကစားသမားတွေကို ကိုယ်စီဆုံးရှုံးထားရတယ်ဆိုပေမယ့် ကစားသမားသစ်ပြန်လည်ခေါ်ယူမှုတွေက အားရစရာအခြေအနေမှာရှိနေလို့ ရာသီသစ်မှာ မီလန်နှစ်သင်း ဘာတွေလုပ်ပြဦးမလဲဆိုတာ စိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။

 

Most Read

Most Recent