ဆော်ဒီပရိုလိဂ်၏လွှမ်းမိုးမှုကို အလွန်စိုးရိမ်စရာမလိုသေးကြောင်း ပရီးမီးယားလိဂ်အမှုဆောင်ချုပ် ဆို

ဆော်ဒီပရိုလိဂ်၏လွှမ်းမိုးမှုကို အလွန်စိုးရိမ်စရာမလိုသေးကြောင်း ပရီးမီးယားလိဂ်အမှုဆောင်ချုပ် ဆို
Photo : Getty Images
Photo : Getty Images
Published 27 July 2023

ပရီးမီးယားလိဂ်အမှုဆောင်အရာရှိချုပ် ရစ်ချက်မာစတာစ်က ဘောလုံးလောကအပေါ် ဆော်ဒီပရိုလိဂ်၏ လွှမ်းမိုးမှုကို အလွန်စိုးရိမ်စရာမလိုသေးကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်ဇန်နဝါရီတွင် ဆော်ဒီပရိုလိဂ်သို့ စီရော်နယ်လ်ဒို ပြောင်းရွှေ့ပြီးနောက် ယခုနွေတွင် နာမည်ကျော်ကစားသမားများသည် ဆော်ဒီသို့ပြောင်းရွှေ့ခဲ့ကြသည်။

ထို့ပြင် ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းသည် PSG တိုက်စစ်မှူး ဘာပေ(၂၄ နှစ်)ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၂၅၉)သန်းဖြင့် ကမ်းလှမ်းထားကြောင်း သိရသည်။

ယင်းအခြေအနေကြောင့် ဆော်ဒီပရိုလိဂ်၏လွှမ်းမိုးမှုအပေါ်  စိုးရိမ်မှုများမြင့် တက်လာသော်လည်း ရစ်ချက်မာစတာစ်ကမူ အလွန်စိုးရိမ်စရာမလိုသေးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက "ဘောလုံးလောကမှ အသစ်အဆန်းတစ်ခု ဖြစ်ပေါ်နေတာ ထင်ရှားပါတယ်။ ဆော်ဒီပရိုလိဂ်က ၂၀၃၀ မှာ ထိပ်တန်း (၁၀)လိဂ်ထဲ ဝင်ချင်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် တခြားလိဂ်က ထိပ်တန်းကစားသမားတွေနဲ့ နည်းပြတွေကို ခေါ်နေတာပါ။ ကျွန်တော်တို့ အခုအနေအထားရောက်အောင် နှစ်ပေါင်း (၃၀) ကြိုးစားခဲ့ရပါတယ်။ ဒါကြောင့် အခုအချိန်မှာ ဆော်ဒီပရိုလိဂ်ရဲ့လွှမ်းမိုးမှုကို သိပ်ပြီးစိုးရိမ်စရာမလိုသေးပါဘူး။ ဆော်ဒီကလပ်တွေအနေနဲ့ ကစားသမားတွေ ဝယ်ခွင့်ရှိပါတယ်။ ပရီးမီးယားလိဂ်က ဝင်ငွေပေါင် (၆) ဘီလီယံနဲ့ လည်ပတ်နေတာပါ။ အကောင်းဆုံးလိဂ်တိုင်းဝင်ငွေရှိဖို့ လိုပါတယ်"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent