■ ယူကရိန်းမှာ ပန်းတွေ ပြန်ပွင့်လာမယ့်နေ့ (Life)

■ ယူကရိန်းမှာ ပန်းတွေ ပြန်ပွင့်လာမယ့်နေ့ (Life)
Photo : Twitter
Photo : Twitter
Published 26 July 2023
AK

တစ်နေ့ကျရင် ယူကရိန်းမှာ ပန်းတွေပြန်ပွင့်လာလိမ့်မယ်။ အိပ်မက်၊ မျှော်လင့်ချက်နဲ့ ပြန်ဆုံမယ့်ညနေတွေ၊ ကော်ဖီရနံ့တွေ၊ အသားကင်အနံ့တွေ၊ ဝိုင်ခွက်ချင်းတိုက်သံတွေ၊ အိမ်လေးတွေဆီကနေ လွင့်ပျံလာလိမ့်မယ်။ အဲဒီတစ်နေ့ကို ယူကရိန်းပြည်သူတွေ မျှော်နေမိတယ်။ ဇင်ချန်ကိုရဲ့ သမီးလေးလည်း အပါအဝင်ပေါ့။ ဇင်ချန်ကိုရဲ့ သမီးလေးက "ယူကရိန်းမှာဖြစ်နေတဲ့ စစ်ပွဲကို အဖေ ဘယ်လို ကူညီပေးမလဲ"ဆိုပြီးမေးတယ်။ ဇင်ချန်ကိုက "ဖေဖေ အကောင်းဆုံးလုပ်နေပါတယ်"လို့ တုံ့ပြန်ခဲ့ပါတယ်။ ဇင်ချန်ကိုက ယူကရိန်းဂန္ထဝင်တိုက်စစ်မှူး ရှက်ဗ်ချင်ကိုနဲ့ ပူးပေါင်းပြီး Game4 Ukraine ရန်ပုံငွေပွဲ ကျင်းပဖို့ စီစဉ်ထားတယ်။ စတမ်းဖို့ဒ်ဘရစ်ချ်မှာ အာဆင်နယ်နဲ့ ချယ်လ်ဆီးက ရန်ပုံငွေပွဲ ကစားကြမှာပါပဲ။ အဲဒီပွဲမှာ ပီကေး၊ ဗီယာရာတို့ အပါအဝင်ကြယ်ပွင့်ဟောင်းတွေ ဝင်ကစားပါလိမ့်မယ်။ ပွဲကစားပြီး ရရှိလာမယ့်ရန်ပုံငွေကို ယူကရိန်းနိုင်ငံအတွင်း စာသင်ကျောင်းတွေ ပြန်လည်တည်ဆောက်နိုင်အောင် သုံးစွဲသွားမှာပါ။

 

Most Read

Most Recent