ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ပြီး ရဲချုပ်တာဝန်ကို ပူးတွဲတာဝန်ပေးအပ်

ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ပြီး ရဲချုပ်တာဝန်ကို ပူးတွဲတာဝန်ပေးအပ်
Published 21 July 2023

ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ပြီး ရဲချုပ်တာဝန်ကို ပူးတွဲတာဝန်ပေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်ချက်အရ သိရသည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် ၄၇/၂၀၂၃ ဖြင့် ဒုတိယဝန်ကြီးခန့်အပ်တာဝန်ပေးခြင်းနှင့် ရဲချုပ်တာဝန် ပူးတွဲတာဝန်ပေးခြင်းကိစ္စအား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ပြီး ရဲချုပ်တာဝန်ကို ပူးတွဲတာဝန်ပေးလိုက်ကြောင်း ပါရှိသည်။ 

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် ၄၆/၂၀၂၃ ဖြင့် ဦးဇင်မင်းထက်ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးကြောင်းနှင့် အမိန့်အမှတ် ၄၅/၂၀၂၃ ဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌရုံး ဒုတိယဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေးအပ်လိုက်ကြောင်း ဇူလိုင် ၂၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။   

Most Read

Most Recent