မြန်မာ-လာအို နှစ်နိုင်ငံ ဆက်ဆံရေးကို မဟာဗျူဟာမြောက် ဆက်ဆံရေးအဖြစ် မြှင့်တင်ရန် သဘောတူညီခဲ့​ကြောင်းနှင့် ရေအားလျှပ်စစ်နှင့်ပတ်သက်၍ နှစ်နိုင်ငံ မဲခေါင်မြစ်ဝှမ်းတစ်လျှောက် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်​ရေး Feasibility Study လုပ်ရန် သဘောတူညီခဲ့ဟု နိုင်ငံ​တော်သမ္မတရုံး ​ပြော​ရေးဆိုခွင့်ရှိသူ​ပြောကြား

မြန်မာ-လာအို နှစ်နိုင်ငံ ဆက်ဆံရေးကို မဟာဗျူဟာမြောက် ဆက်ဆံရေးအဖြစ် မြှင့်တင်ရန် သဘောတူညီခဲ့​ကြောင်းနှင့် ရေအားလျှပ်စစ်နှင့်ပတ်သက်၍ နှစ်နိုင်ငံ မဲခေါင်မြစ်ဝှမ်းတစ်လျှောက် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်​ရေး Feasibility Study လုပ်ရန် သဘောတူညီခဲ့ဟု နိုင်ငံ​တော်သမ္မတရုံး ​ပြော​ရေးဆိုခွင့်ရှိသူ​ပြောကြား
Published 5 July 2026

မြန်မာ-လာအို နှစ်နိုင်ငံ ဆက်ဆံရေးကို မဟာဗျူဟာမြောက် ဆက်ဆံရေးအဖြစ် မြှင့်တင်ရန် သဘောတူညီခဲ့​ကြောင်းနှင့် ရေအားလျှပ်စစ်နှင့်ပတ်သက်၍ နှစ်နိုင်ငံ မဲခေါင်မြစ်ဝှမ်းတစ်လျှောက် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်​ရေး Feasibility Study လုပ်ရန် သဘောတူညီခဲ့ဟု နိုင်ငံ​တော်သမ္မတရုံး ​ပြော​ရေးဆိုခွင့်ရှိသူ​ ​​ဒေါက်တာခိုင်ခိုင်စိုးကပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့မှုနှင့် ပတ်သက်၍  ​ခရီးစဉ်အတွင်းပါဝင်သည့် နိုင်ငံပိုင်မီဒီယာများနှင့် ပုဂ္ဂလိက မီဒီယာများ၏ ​မေးမြန်းမှုအ​ပေါ် နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဒေါ်ခိုင်ခိုင်စိုးက ​ဖြေကြားရာတွင် ထိုသို့ထည့်သွင်း ​ပြောကြားခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဒေါ်ခိုင်ခိုင်စိုးက ​"မြန်မာ-လာအို ခရီးစဉ်အတွင်းမှာ ပထမဆုံးကတော့ ကျွန်မတို့ နှစ်နိုင်ငံ ဆက်ဆံရေးကို မဟာဗျူဟာမြောက် ဆက်ဆံရေးအဖြစ် မြှင့်တင်ဖို့အတွက်ကို သဘောတူညီခဲ့ပါတယ်။ ရေအားလျှပ်စစ်နဲ့ပတ်သက်လို့လည်း မြန်မာနဲ့ လာအို့နဲ့ ပေါင်းပြီးတော့ မဲခေါင်မြစ်ဝှမ်းတစ်လျှောက်မှာ ရေအားလျှပ်စစ် ဘယ်လောက်ထုတ်နိုင်မလဲ Feasibility Study လုပ်ဖို့အတွက်ကို သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပါတယ်။ နောက် အလုပ်သမားရေးရာဆိုင်ရာနဲ့ပတ်သက်လို့လည်း လက်မှတ်ရေးထိုးခဲ့တယ်။ နောက် နေပြည်တော်နဲ့ လာအိုရဲ့မြို့တော်ဖြစ်တဲ့ ဗီယင်ကျန်းကိုလည်း Sister City အဖြစ် ကျွန်မတို့ ဆက်သွယ်ပြီးတော့ ဆောင်ရွက်သွားဖို့၊ ပူးတွဲဆောင်ရွက်သွားဖို့ ဒါကိုလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။ နောက် ဆွေးနွေးခဲ့တဲ့ အချက်တွေလည်း ရှိပါတယ်။ ဒါကတော့ ကျိုင်းတုံနဲ့ လွန်ပရာဘန် ဒါကို ကျွန်မတို့ လေကြောင်းလိုင်း ပြေးဆွဲဖို့၊ နောက် နယ်စပ်ဒေသမှာ ကုန်သွယ်မှုတွေကို တိုးမြှင့်ဆောင်ဖို့၊ နောက်တစ်ခါ နယ်စပ်ဒေသမှာပဲ မူးယစ်ဆေးဝါးတို့၊ အွန်လိုင်းလိမ်လည်မှုတို့ကို တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ သတင်းအချက်အလက်တွေ ဖလှယ်ဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့၊ ဒါတွေကို ဆွေးနွေးခဲ့ပါတယ်" ဟု ​​ပြောကြားသည်။

နိုင်ငံ​တော်သမ္မတက စွမ်းအင်လုံခြုံမှုရှိခြင်းသည် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအကျဆုံးဖြစ်​ကြောင်းကို အမြဲတမ်း လမ်းညွှန်မှု ပေးခဲ့​ကြောင်း၊ ထို့​ကြောင့် မြန်မာနိုင်ငံတွင် လိုအပ်နေသည့် ယင်းလျှပ်စစ်စွမ်းအင်ကို မည်သို့ရရှိနိုင်မည်ကို နည်းလမ်းရှာ​ဖွေရာတွင် ယခုသ​ဘောတူညီချက်သည် အမြန်ဆုံးနှင့် စျေးအသက်သာဆုံး နည်းလမ်းများအနက် One of the Source ဖြစ်လာနိုင်​ကြောင်း ​ဒေါက်တာခိုင်ခိုင်စိုးက​ပြောကြားသည်။

"ဒီလုပ်ငန်းစဉ်ကြီးသာ အောင်မြင်မယ်၊ ကျွန်မတို့ ဒီသဘောတူညီချက်ကနေပြီးတော့မှ လေ့လာချက်တွေကနေပြီးတော့မှ နှစ်နိုင်ငံ ပူးပေါင်းပြီးတော့ လျှပ်စစ်ရင်းမြစ်တွေကို ရေစွမ်းအင်ကနေပြီးတော့ ဖော်ထုတ်နိုင်မယ်ဆိုရင် နှစ်နိုင်ငံ ပြည်သူတွေအတွက်ကို များစွာအကျိုးရှိမှာ ဖြစ်ပါတယ်"ဟု ​ဒေါက်တာခိုင်ခိုင်စိုးက​ပြောကြားသည်။

လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အားများကို ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတွေကို ရောင်းချနိုင်ခဲ့သည့်အနေအထားကို ရောက်လာခဲ့​ကြောင်း၊ မြန်မာနိုင်ငံအ​နေဖြင့် အဆိုပါအ​​ခြေအ​နေကို လေ့လာချင်​ကြောင်း ၎င်းကဆိုသည်။

​နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဒေါ်ခိုင်ခိုင်စိုးက"လာအိုနိုင်ငံဆိုရင် ဒါက မဲခေါင်မြစ်ကြီး တစ်ခုပဲ ရှိတဲ့နိုင်ငံပါ။ ကျွန်မတို့နိုင်ငံမှာဆိုရင် မြစ်ကြီး လေးစင်း ရှိပါတယ်။ အဲ့ဒီအတွက်ကိုလည်း ကျွန်မတို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးတွေအတွက်ကို လေ့လာဖို့၊ ဆွေးနွေးဖို့အတွက် လာအိုနိုင်ငံကို ပထမဆုံး အာဆီယံနိုင်ငံထဲက နိုင်ငံအဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်" ဟု ​ပြောကြားသည်။

ထို့ပြင် နိုင်ငံ​တော်သမ္မတအ​နေဖြင့် အာဆီယံနိုင်ငံများအနက် လာအိုနိုင်ငံသို့ ပထမဆုံး Visit အဖြစ် သွားရောက်လည်ပတ်ခဲ့​ကြောင်း၊ ထိုသို့လည်ပတ်သည့် အကြောင်းအရင်းသည်လည်း အာဆီယံနိုင်ငံများအနက် လာအိုနိုင်ငံသည် နှစ်ပေါင်း ၇၀ ကျော် မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေးရှိခဲ့ပြီး နယ်နိမိတ်ခြင်း ထိစပ်နေကာ အစဉ်အဆက်ရင်းနှီးစွာ ဆက်ဆံခဲ့​ကြောင်း ​ဒေါက်တာခိုင်ခိုင်စိုးက ​ပြောကြားသည်။

"ပြည်သူတွေ ဆက်ဆံရေးဆိုရင်လည်း နှစ်ပေါင်း ၇၀ တင် မကပါဘူး၊ ကျွန်မတို့ နှစ်ပေါင်း ရာချီပြီးတော့ ပြည်သူအချင်းချင်း ဆက်ဆံခဲ့တဲ့ နိုင်ငံ၊ နောက် မြန်မာနိုင်ငံကို အမြဲတမ်း Supporting ပေးခဲ့တယ်။ နယ်နိမိတ် တစ်လျှောက်မှာလည်း လုံးဝ နယ်စပ်ပြဿနာ မရှိခဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ နောက် အာဆီယံကို ဝင်တဲ့နေ့ကလည်း ကျွန်မတို့ နှစ်နိုင်ငံလုံးက တစ်ရက်တည်း ဝင်ခဲ့ကြပါတယ်။ လာအိုနိုင်ငံက ၂၀၂၄ မှာ အာဆီယံ Chair အဖြစ် တာဝန်ယူစဉ်ကလည်း ကျွန်မတို့နိုင်ငံကို အပြည့်အဝ ထောက်ခံခဲ့ပါတယ်။ အပြည့်အဝ ကျွန်မတို့နိုင်ငံဘက်က ရပ်တည်ခဲ့ပါတယ်။ နောက် ကျွန်မတို့ သံတမန်ဆက်ဆံရေး တစ်လျှောက်မှာလည်း တကယ့်ကို မိတ်ဆွေရင်းချာပမာ ဆက်ဆံခဲ့တဲ့ အိမ်နီးချင်းကောင်းနိုင်ငံ တစ်ခု ဖြစ်ပါတယ်။ ဒါကတော့ ကျွန်မတို့ နိုင်ငံရေး၊ သံတမန်ရေးပေါ့" ဟု နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဒေါ်ခိုင်ခိုင်စိုးက ​ပြောကြားသည်။

 

လာအိုနိုင်ငံသည် အာဆီယံနိုင်ငံထဲတွင် Land Locked Country ဖြစ်​သော်လည်း  လက်ရှိတွင် Land Link Country ဖြစ်လာ​ကြောင်း၊ ယခုခရီးစဉ်တွင် အထင်ရှားဆုံး အောင်မြင်မှုသည် နှစ်နိုင်ငံ မိတ်ဖက် ဆက်ဆံရေးတွင်  မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ်ကို တိုးမြှင့်ဖို့အတွက် အပြန်အလှန် ဆွေးနွေးနိုင်ခဲ့​ပြီး ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ကာ ချစ်ခင်ရင်းနှီးမှုနှင့် မိတ်ဖက်ဆက်ဆံရေးကို တိုးမြှင့်နိုင်ခဲ့​ကြောင်း ဒေါက်တာခိုင်ခိုင်စိုးက ​ပြောကြားသည်။

Most Read

Most Recent