■ ဟာဗေးဘန်းစ်ကို ပေါင် (၃၈) သန်းဖြင့် ခေါ်ယူရန် နယူးကာဆယ်အသင်း သဘောတူညီမှုရရှိ    

■ ဟာဗေးဘန်းစ်ကို ပေါင် (၃၈) သန်းဖြင့် ခေါ်ယူရန် နယူးကာဆယ်အသင်း သဘောတူညီမှုရရှိ    
Photo: Getty Images
Photo: Getty Images
Published 21 July 2023

နယူးကာဆယ်အသင်းသည် တန်းဆင်းသွားရသည့် လက်စတာအသင်းမှ တောင်ပံကစားသမား ဟာဗေးဘန်းစ်ကို ပေါင် (၃၈) သန်းဖြင့် ခေါ် ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ဗြိတိန်သတင်းဌာနများစွာ က ဗုဒ္ဓဟူးနေ့ညပိုင်းတွင် ဖော်ပြခဲ့ကြ သည်။

    

နယူးကာဆယ်အသင်းသည် ဆော်ဒီလိဂ်သို့ပြောင်းရွှေ့ရန် နီးစပ်နေသည့် စိန့်မက်ဆီမင်၏ နေရာအတွက် အစားထိုးရန် ဟာဗေးဘန်းစ်ကို ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ 

၎င်းအတွက် ပြောင်းရွှေ့ကြေး ပေါင် (၃၈)သန်း ပေးချေရမည်ဖြစ်ပြီး ပုဂ္ဂိုလ်ရေးသဘောတူညီမှုမှာ အခက်အခဲမရှိနိုင်သောကြောင့် မကြာမီ နယူးကာဆယ် အသင်းကစားသမားသစ်အဖြစ် ကြေညာနိုင်ဖွယ်ရှိနေသည်။ 

    

လာမည့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသည့် နယူးကာဆယ်အသင်းသည် အိုဒန်ဆီအသင်း တောင်ပံကစားသမား မင်တာကို ပေါင် (၆ )သန်း၊ အေစီမီလန်အသင်း ကွင်းလယ်လူ တိုနာလီကို ပေါင် (၅၅) သန်းဖြင့် ခေါ်ယူထား သည်။

    

ဟာဗေးဘန်းစ်က "နယူးကာဆယ်အသင်းကို ပြောင်းရွှေ့ခွင့်ရခဲ့တဲ့အတွက် ကျွန်တော် အရမ်းဝမ်းသာမိပါတယ်။ ဒီအသင်းရဲ့ အလားအလာကောင်းတွေနဲ့ စီမံကိန်းတွေက ကျွန်တော့်ကို ဆွဲဆောင်နေပါတယ်"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent