ပဲလေ့စ်ကွင်းလယ်လူ ဒူကူဟေအား ခေါ်ယူရန် လီဗာပူးလ် စဉ်းစားနေ

ပဲလေ့စ်ကွင်းလယ်လူ ဒူကူဟေအား ခေါ်ယူရန် လီဗာပူးလ် စဉ်းစားနေ
Photo: Getty Images
Photo: Getty Images
Published 20 July 2023

လီဗာပူးလ်အသင်းသည် ခရစ္စတယ်ပဲလေ့စ်ကွင်းလယ်လူ ဒူကူဟေအား ခေါ်ယူရန် စဉ်းစားနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုနွေတွင် ကွင်းလယ်ကို အဓိကအားဖြည့်နေပြီး မက်အယ်လစ္စတာနှင့် ဆိုဘိုဆလိုင်းတို့ကို ခေါ်ယူထားသည်။

သို့သော် ကွင်းလယ်တွင် ကီတာ၊ ချိန်ဘာလိန်နှင့် မီလ်နာတို့ ထွက်ခွာထားသလို၊ ဖာဘင်ညိုနှင့် ဟန်ဒါဆန်တို့မှာလည်း အသင်းမှထွက်ခွာဖွယ်ရှိနေသည်။

ထို့ကြောင့် လီဗာပူးလ်အသင်းသည် ကွင်းလယ်ကစားသမား ထပ်မံခေါ်ယူရန် စီစဉ်နေပြီး ယခုအခါ ခရစ္စတယ်ပဲလေ့စ်မှ မာလီကွင်းလယ်ကစားသမား ဒူကူဟေ (၂၃ နှစ်)ကို ခေါ်ယူရန် စိတ်ဝင်စားလာခြင်းဖြစ်သည်။

ခရစ္စတယ်ပဲလေ့စ်ကမူ ဒူကူဟေအတွက် ပေါင်သန်း (၅၀) အထိ အလိုရှိနေကြောင်း သိရှိရသည်။ 

Most Read

Most Recent