နာကျင်ရလွန်းသဖြင့် အယ်လီ၏အင်တာဗျူးကို အဆုံးထိမကြည့်နိုင်ကြောင်း ချယ်လ်ဆီးနည်းပြ ပိုချက်တီနို ဝန်ခံ

နာကျင်ရလွန်းသဖြင့် အယ်လီ၏အင်တာဗျူးကို အဆုံးထိမကြည့်နိုင်ကြောင်း ချယ်လ်ဆီးနည်းပြ ပိုချက်တီနို ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 20 July 2023

ချယ်လ်ဆီးနည်းပြသစ် ပိုချက်တီနိုက စပါးအသင်းတွင် ၎င်းနှင့်လက်တွဲခဲ့ဖူးသည့် အင်္ဂလန်ကွင်းလယ်ကစားသမား အယ်လီ၏အင်တာဗျူးကို နာကျင်ရလွန်းသဖြင့် အဆုံးထိ မကြည့်နိုင်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

အဲဗာတန်ကွင်းလယ်လူ အယ်လီသည် ဂယ်ရီနဗီးလ်နှင့် ပြုလုပ်ခဲ့သည့် The Overlap အင်တာဗျူးတွင် ငယ်ဘဝက ကြုံတွေ့ခဲ့ရသည့် ရင်နာစရာအဖြစ်ဆိုးများကို ဖွင့်ဟထားသလို၊ ဆေးစွဲမှု၊ စိတ်ပိုင်းဆိုင်ရာကုသမှု ခံယူခဲ့ရခြင်းတို့ကို ပြောဆိုခဲ့ကာ၊ စပါးတွင် လက်တွဲခဲ့သည့် ပိုချက်တီနိုမှာ မိမိကစားသမားဘဝတစ်လျှောက် အကောင်းဆုံးနည်းပြဖြစ်ကြောင်း ပြောကြားခဲ့သည်။

အယ်လီ၏အင်တာဗျူး နှင့်ပတ်သက်ပြီး ပိုချက်တီနိုက ''အယ်လီကို အခုလိုအခြေအနေနဲ့ မြင်ရတာ ကျွန်တော့်အတွက် အရမ်းခက်ပါတယ်။ နာကျင်ရလွန်းလို့ သူ့အင်တာဗျူးကို ကျွန်တော် အဆုံးထိမကြည့်နိုင်ပါဘူး။ သူ့ကို ကျွန်တော်တို့ ချစ်တာ သူ သိပါတယ်။ သူက စိတ်ထားကောင်းတဲ့ လူတစ်ယောက်ပါ''ဟု ပြောကြားခဲ့သည်။

ရာသီကြိုခရီးစဉ်အပြီးတွင် အယ်လီနှင့်တွေ့ဆုံရန်စီစဉ်ထားကြောင်းလည်း ပိုချက်တီနိုက ပြောကြားခဲ့သည်။ 

 

Most Read

Most Recent