■  လေဗာကူဆင်အသင်းသို့ ပြောင်းရွှေ့သွားခဲ့သည့် ချာကာကို အာတီတာနှင့် အီဒူးတို့ နှုတ်ဆက်ဆုတောင်းစကားများ ပြောကြားခဲ့     

■  လေဗာကူဆင်အသင်းသို့ ပြောင်းရွှေ့သွားခဲ့သည့် ချာကာကို အာတီတာနှင့် အီဒူးတို့ နှုတ်ဆက်ဆုတောင်းစကားများ ပြောကြားခဲ့     
Photo: Getty Images
Photo: Getty Images
Published 7 July 2023

အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် လေဗာကူဆင်အသင်းသို့ ပြောင်းရွှေ့သွားခဲ့သည့် ဆွစ်ဇာလန်ကွင်းလယ်ကစားသမား ချာကာကို အာဆင်နယ်နည်းပြ အာတီတာနှင့် အားကစား ဒါရိုက်တာ အီဒူးတို့က နှုတ်ဆက်ဆုတောင်းစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

    

ချာကာ(၃၄ နှစ်)သည် အာဆင် နယ်အသင်းတွင် (၇)ရာသီကြာ ကစားခဲ့သူဖြစ်ပြီး အသင်းခေါင်းဆောင်အဖြစ်လည်း တာဝန်ယူခဲ့ဖူးသူဖြစ်သည်။ 

ပရိသတ်များနှင့် ပဋိပက္ခဖြစ်ပွားကာ အသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားခံခဲ့ရသော်လည်း ပြီးခဲ့သည့်ရာသီတွင်မူ အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့သောကြောင့် ပရိသတ်များ၏ အားပေးမှုကို ပြန်လည်ရရှိခဲ့သည်။ 

သို့သော် ၎င်းက ဘွန်ဒစ်လီဂါသို့ ပြန်လည်ပြောင်းရွှေ့ကစားရန် ဆုံးဖြတ်ခဲ့ပြီး လေဗာကူဆင်အသင်းသို့ ယူရို (၂၅)သန်းဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ 

ချာကာသည် လေဗာကူဆင်အသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ် ချုပ်ဆိုခဲ့ပြီး ကျောနံပါတ်(၂၈)ဝတ် ဆင်သွားမည်ဖြစ်သည်။

    

၎င်း၏အပြောင်းအရွှေ့အတွက် အာဆင်နယ်နည်းပြ အာတီတာက "သူက အသင်းအတွက် အရာအားလုံး ပေးဆပ်ခဲ့သူပါ။ သူ့ကို ကျေးဇူးတင်စကားပြောရုံနဲ့ မလုံလောက်ပါဘူး။ ဘဝရဲ့ နောက်တစ် ဆင့်မှာ အကောင်းဆုံးတွေ ရရှိပါစေလို့ ဆုတောင်းပါတယ်"ဟု ပြောကြားခဲ့သည်။ 

အီဒူးကလည်း ချာကာအနေဖြင့် အနာဂတ်တွင် အကောင်း ဆုံးများ ရရှိပါစေဟု ဆုတောင်းစကား ပြောကြားခဲ့သည်။

Most Read

Most Recent