သုံးရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားသော်လည်း  စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရဆဲ မြန်မာ့စီးပွားရေး 

သုံးရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားသော်လည်း  စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရဆဲ မြန်မာ့စီးပွားရေး 
Published 2 July 2023

မြန်မာ့စီးပွားရေး သုံးရာခိုင်နှုန်း တိုး တက်မည်ဟု ခန့်မှန်းထားသော်လည်း ၂၀၁၉ ခုနှစ်ထက် ၁၀ ရာခိုင်နှုန်း နိမ့်ကျနေဆဲဖြစ် ကြောင်း ဇွန် ၂၇ ရက်က ထုတ်ပြန်သည့် ကမ္ဘာ့ ဘဏ်၏ မြန်မာ့စီးပွားရေးလေ့လာစောင့် ကြည့်မှုအစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် မြန်မာ နိုင်ငံတွင် စီးပွားရေးအခြေအနေများ တည် ငြိမ်လာသော်လည်း စီးပွားရေးလုပ် ငန်းများ သည် စိန်ခေါ်မှုများစွာကို ဆက်လက်ရင်ဆိုင် နေရဆဲဖြစ်ပြီး အိမ်ထောင်စုများ၏ ဝင်ငွေမှာ အားနည်းနေပြီး စားနပ်ရိက္ခာဖူလုံမှုသည် စိုးရိမ်စရာဖြစ်လာကြောင်းလည်း ကမ္ဘာ့ ဘဏ်က  ထောက်ပြထားသည်။

ပဋိပက္ခများ၊ လျှပ်စစ်ဓာတ်အားထုတ် လုပ်မှုကျဆင်းခြင်းနှင့် ငွေကြေးဖောင်းပွမှု ဖိ အားများ ဆက်လက်ရှိနေကာ လုပ်ငန်းပတ် ဝန်းကျင်တွင် ပိုမိုယိုယွင်းလာခြင်းများက မျှော်မှန်းချက်တွင် ပါဝင်ကြောင်းလည်း ဖော် ပြထားသည်။

GDP သည် ယခုနှစ်တွင် သုံးရာခိုင်နှုန်း တိုးလာမည်ဟု ခန့်မှန်းထားပြီး ၂၀၁၉ ခုနှစ် ထက် ၁ဝရာခိုင်နှုန်း နိမ့်ကျနေကြောင်း၊ ပြင်း ထန်သော ရောင်းလိုအားနှင့် ဝယ်လိုအား ကန့် သတ်ချက်များသည် စီးပွားရေးလုပ် ဆောင်မှုများကို ဆက်လက်ကန့်သတ်ထား သည်ဟု ဆိုသည်။

“မြန်မာ့စီးပွားရေးပြန်ပြီး တိုးတက်နေ ချိန်မှာ၊ တိုးတက်မှုက မညီမျှဘဲ အဆင်းရဲဆုံး က ဆက်တိုက်လှုပ်ခတ်မှုတွေ ကြုံနေရတယ်”ဟု ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံ၊ ကမ္ဘောဒီး ယား နှင့် လာအိုနိုင်ငံဆိုင်ရာ ဒါရိုက်တာ Mariam Sherman က ပြောကြားခဲ့သည်။ 

“စိုးရိမ်စရာကတော့ အာဟာရချို့တဲ့မှု တိုးတက်မှုက စိုးရိမ်စရာပါပဲ။ ရပ်ဆိုင်းထားပုံ သို့မဟုတ် ပြောင်းပြန်ဖြစ်ပုံရပါတယ်။ အိမ် ထောင်စုများရဲ့ ထက်ဝက်ကျော်က ပိုင်ဆိုင် မှုတွေကို ရောင်းချခြင်း၊ ချေးငှားခြင်း ဒါမှမ ဟုတ် ၎င်းတို့ရဲ့အသုံးစရိတ်တွေကို ကန့်သတ် တာတွေကို တွန်းအားပေးခဲ့ပါတယ်။ အဆိုပါ ဖြေရှင်းနည်းဗျူဟာတွေဟာ ရေတိုအတွင်း လူမှုဖူလုံရေးကို ပျက်စီးစေရုံ သာမက ရေရှည် ကိုပါ ထိခိုက်စေတယ်”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ နှစ်စဉ်ငွေကြေးဖောင်း ပွမှုနှုန်းသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ကျ ဆင်းလာကြောင်း အစီရင်ခံစာတွင်ဖော်ပြ ထားသည်။

ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ချက် အရ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင် ဘာအထိ ၁၈ လဆက်တိုက် မြင့်တက်ခဲ့ သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့်  နိုဝင်ဘာတွင် အနည်းငယ်ပြန်ကျပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီနှင့် ဖေ ဖော်ဝါရီတွင် ပြန်လည်မြင့်တက်ကာ မတ်၊ ဧပြီ၊ မေ၊ဇွန်၊ ဇူ လိုင်၊ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ နှင့် နိုဝင်ဘာ၊ ဒီဇင်ဘာတွင် ပြန်လည်ကျဆင်း ခြင်းဖြစ်သည်။သို့သော် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဇူ လိုင်မှ စက်တင်ဘာအထိ ဒုတိယသုံးလပတ် အတွင်း မြန်မာနိုင်ငံ၏ပျမ်းမျှငွေကြေးဖောင်း ပွမှုနှုန်း ၂၇ ဒသမ ၉၈ ရာခိုင်နှုန်းအထိ  မြင့် တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလ ပတ်အတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်- Annual Rate of Inflation  မှာ ၁၈ ဒသမ ၄၅  ရာခိုင်နှုန်းဖြစ်ပြီး   နှစ် အလိုက်ငွေကြေးဖောင်းပွမှုနှုန်း year on year inflation မှာ ၁၈ ဒသမ ၄၆ ရာခိုင်နှုန်းဖြစ်သည်။ 

ဒုတိယသုံးလပတ်အတွင်း  ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း Annual Rate of Inflation  မှာ ၂ရဒသမ ၉၈  ရာခိုင် နှုန်းဖြစ်ပြီး  နှစ်အလိုက်ငွေကြေး ဖောင်း ပွမှု နှုန်း year on year inflation မှာ ၂၈ ဒသမ ၀၄ ရာခိုင်နှုန်းဖြစ်သည်။

၂၀၂၃ ခုနှစ် ဇွန် ၂၇ ရက်က ထုတ်ပြန်ခဲ့ သည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင်မူ ပျမ်း မျှ နှစ်စဉ် ငွေကြေးဖောင်းပွမှုကို သက်သာစေ ရန် ခန့်မှန်းထားပြီး ယခင်နှစ်က ၁၈ ဒသမ ၃ ရာခိုင်နှုန်းမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ကုန်တွင် ၁၄ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ၂၀၂၄ ခုနှစ်တွင် ထပ်မံကျဆင်းလာဖွယ်ရှိ ကြောင်း ခန့်မှန်းထားသည်။

ပြီးခဲ့သည့်ခြောက်လတာကာလအ တွင်း ငွေလဲနှုန်းသည် တည်ငြိမ်ခဲ့ပြီး အစား အသောက်နှင့် လောင်စာဆီစျေးနှုန်းများ ဖောင်းပွလာပြီး ထုတ်လုပ်မှုနှင့် အမှာစာများ မြင့်တက်လာကာ ဒေသထွက်ကုန်များ ရောင်း ချမှုလည်း တက်လာသည်ဟု သိရသည်။ ခရီး သည်နှင့် ကုန်စည်ပို့ဆောင်မှုပမာဏ မြင့် တက်လာခြင်း၊ လယ်ယာထွက်ကုန်များ အား နည်းလာသော်လည်း လယ်ယာထွက်ကုန် စျေးနှုန်းများ မြင့်တက်လာကာ သွင်းအားစု ကုန်ကျစရိတ်များ သက်သာလာခြင်းကြောင့် အမြတ်အစွန်းများ တိုးတက်လာကာ လာ မည့် ရာသီများတွင် ထုတ်လုပ်မှု ပိုမိုမြင့် မား လာမည်ဟု အကြံပြုထားသည်။

အခြားတစ်ဖက်တွင်မူ လျှပ်စစ်ဓာတ် အားပြတ်တောက်မှု၊ ပဋိပက္ခနှင့် ထောက်ပံ့ပို့ ဆောင်ရေး ပြတ်တောက်မှုများသည် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာညွှန်ကိန်းများ လွန်စွာအား နည်းနေကြောင်း  ဖော်ပြထားသည်။

အလားတူ မြန်မာနိုင်ငံရှိ ကုန်ထုတ်လုပ် ရေးလုပ်ငန်းများသည် လျှပ်စစ်မီးလုံလောက် စွာမရရှိဘဲ လိုအပ်မှုများ မြင့်တက်ခဲ့ကြော င်း၊  မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ကောင်းမွန်ရေးအတွက် နိုင်ငံခြားငွေလဲနှုန်းလိုအပ် မှုများ၊ သွင်းကုန်ကန့်သတ်ခြင်းများနှင့် လျှပ် စစ်မီးလိုအပ်ချက်များက အတားအဆီးအ ဟန့်အတားဖြစ်လျက်ရှိနေကြောင်းလည်း  ကမ္ဘာ့ဘဏ်က သုံးသပ်ထားသည်။

စီးပွားရေးစစ်တမ်းများအရ ကဏ္ဍအ လိုက်အခြေအနေများ ကွဲပြားနေသည်။ အချို့စီးပွားရေးလုပ်ငန်းများမှာ ဝယ်လိုအား နည်းခြင်း၊ ကုန်စျေးနှုန်းမြင့်မားခြင်း၊ လျှပ်စစ် ဓာတ်အားပြတ်တောက်ခြင်းတို့ကြောင့် အ ကျပ်အတည်း ရင်ဆိုင်နေရဆဲဖြစ်ကြောင်း  ဖော်ပြကြသည်။

နိုင်ငံတကာလုပ်ငန်းရှင်များ၏ လက်ရှိ မြန်မာ့စီးပွားရေးအပေါ် သုံးသပ်မှုများကို လေ့လာကြည့်ပါက ကိုရီးယားလုပ်ငန်းရှင် များအနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေ အနေနှင့်စပ်လျဉ်းပြီး ကိုရီးယား ကုမ္ပဏီများ ဆက်လက်ရှင်သန်ရေး နှင့်  မြန်မာ အလုပ်သ မားများ အလုပ်အကိုင် တည်မြဲရေးအတွက် ကုန်သည်စက်မှုအသင်းချုပ်က ထောက်ပံ့ မှု၊ လမ်းညွှန်မှု၊ အကြံပြုမှုကို လိုအပ်ပါကြောင်း၊ ကိုရီးယား လုပ်ငန်းရှင်များအတွက် ဗီဇာရရှိ ရေး၊ သွင်းကုန် ၊ ပို့ကုန်လိုင် စင်ကန့်သတ်မှုများ ဖြေလျော့စေရေး၊ လျှပ်စစ်မီး၊ ဒေါ်လာငွေ လဲလှယ်မှုနှုန်း၊ စျေးကွက်အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့လျက်ရှိခြင်းကြောင့် ကိုရီး ယား စီးပွားရေးအဖွဲ့ကို အကြံပြုကူညီပေးစေ လိုကြောင်း တင်ပြခဲ့ကြသည်ဟု သိရသည်။

မြန်မာနိုင်ငံအခြေစိုက် euro chamber of commerce  မှ တာဝန်ရှိသူများ မေလ ဒုတိယပတ်အတွင်းက ကုန်သည်စက်မှုအသင်းချုပ်သို့ လာရောက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေများနှင့်စပ် လျဉ်း၍ eurocham  Myanmar မှ သုတေ သနစာတမ်းပြုလုပ်ထားခြင်းကို တင်ပြခဲ့ပြီး အဓိကအခက်အခဲများအနေဖြင့် ဘဏ်ကိစ္စ ရပ်များ၊ regulatory challenger ၊ လျှပ်စစ်မီးပြတ်တောက်မှုများတွင် အခက်အခဲများ ကြုံတွေ့လျက်ရှိကြောင်း တင်ပြခဲ့ကြောင်း သိ ရသည်။ 

ကမ္ဘာ့ဘဏ်၏အစီရင်ခံစာတွင် လာ မည့် တစ်နှစ်မှ နှစ်နှစ်အတွင်း စီးပွား ရေးသည် နှေးကွေးစွာ ချဲ့ထွင်နိုင်မည်ဟု ခန့် မှန်းထား သော်လည်း တိုးတက်မှု၏ အကျိုးကျေးဇူးများ ကြောင့် အိမ်ထောင်စုများ၊ လုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများတွင် အချိုးမညီစွာ ခွဲဝေပေး သည်ဟုလည်း ဖော်ပြထားသည်။

မြန်မာ့စီးပွားရေးသည် လာမည့် ၂၀၂၇၊ ၂၀၂၈ ခုနှစ်ခန့်တွင် ကပ်ရောဂါမတိုင်မီအခြေ အနေမျိုး ပြန်လည်ရောက်ရှိလာနိုင်ကြောင်း လည်း ကမ္ဘာ့ဘဏ်က သုံးသပ်ထားသည်။