ချီလီတွင် ကြက်ငှက်တုပ်ကွေးကြောင့် ရေနေတိရစ္ဆာန် ၉၀၀၀ နီးပါး သေဆုံး

ချီလီတွင် ကြက်ငှက်တုပ်ကွေးကြောင့် ရေနေတိရစ္ဆာန် ၉၀၀၀ နီးပါး သေဆုံး
ဧပြီ ၁ ရက်က ချီလီနိုင်ငံ အာရီကာ ကမ်းခြေပေါ်တွင် သေဆုံးနေသည့် ပင်လယ်ဖျံများကို တွေ့ရစဉ် (Photo – AFP)
ဧပြီ ၁ ရက်က ချီလီနိုင်ငံ အာရီကာ ကမ်းခြေပေါ်တွင် သေဆုံးနေသည့် ပင်လယ်ဖျံများကို တွေ့ရစဉ် (Photo – AFP)
Published 26 May 2023
Ref: AFP

ချီလီနိုင်ငံ၏ မြောက်ဘက်ကမ်းရိုးတန်းဒေသတွင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့်  ပင်လယ်ဖျံကြီးများ၊ ပင်ဂွင်းများ၊ ဖျံငယ်များနှင့် အခြားရေနေတိရစ္ဆာန် အကောင်ရေ ၉၀၀၀ နီးပါး သေဆုံးခဲ့သည်ဟု ချီလီ၏ ငါးလုပ်ငန်းဝန်ဆောင်မှုဌာနက မေ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် နှစ်စကတည်းက ပင်လယ်ဖျံကြီး အကောင်ရေ ၇၆၀၀ ကျော်၊ ချီလီနှင့် ပီရူးနိုင်ငံများ၌သာ ပေါက်ပွားပြီး မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်ရှိသည့် မျိုးစိတ်စာရင်းတွင် ပါဝင်နေသည့် Humboldt ပင်ဂွင်း အကောင်ရေ ၁၁၈၆ ကောင်၊ ဖျံငယ်များ၊ လင်းရှူးများနှင့် လင်းပိုင်များလည်း ကမ်းရိုးတန်း တစ်လျှောက်တွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း ငါးလုပ်ငန်းဝန်ဆောင်မှုဌာ နက အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ယင်းကြက်ငှက်တုပ်ကွေးသည် ချီလီ၏ ဒေသ ၁၆ ခုအနက် ဒေသ ၁၂ ခုတွင် ဖြစ်ပွားနေပြီး နောက်ထပ် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီးရန် ကြိုးပမ်းမှုတစ်ခုအနေနှင့် ကမ်းရိုးတန်းတစ်လျှောက် သေဆုံးနေသည့် တိရစ္ဆာန်များကို မြေမြှပ်ခြင်းအပါအဝင် လေ့လာစောင့်ကြည့်ရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

၂၀၂၁ ခုနှစ်ကုန်ပိုင်းကတည်းက ကမ္ဘာလုံးဆိုင်ရာ ကြက်ငှက်တုပ်ကွေးရောဂါစံချိန်တင် အဆိုးရွားဆုံးဖြစ်ပွားမှုတွင် ကြက်အကောင်ရေသန်းပေါင်းများစွာကို သုတ်သင်ရှင်းလင်းခဲ့ပြီး တောရိုင်းငှက်အများအပြား သေဆုံးခြင်းနှင့် နို့တိုက်သတ္တဝါများအကြားတွင် ကူးစက်မှုများ မြင့်တက်ခဲ့သည့် အခြေအနေများသည် နိုင်ငံအချို့တွင် ဖြစ်ပွားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ဖေဖော်ဝါရီလလယ်ပိုင်းက အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် H5N1 ကြက်ငှက်တုပ် ကွေးဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ဖျားနာပြီး ချောင်းဆိုးကာ သေဆုံးခဲ့ကြောင်း ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အဆိုပါ မိန်းကလေး၏ ဖခင်သည်လည်း H5N1 ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိခဲ့သော်လည်း ကမ္ဘောဒီယား ကျန်းမာ ရေးအာဏာပိုင်များကမူ ယင်းဗိုင်းရပ်စ်သည် လူတစ်ဦးမှ အခြားတစ်ဦးထံ ကူးစက်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ကြက်ငှက်တုပ်ကွေးသည် နို့တိုက်သတ္တဝါများကို ကူးစက်ဖြစ်ပွားသည့် ဖြစ်စဉ်သည် ရှားပါးပြီး လူသားများသည်လည်း ယင်းဗိုင်းရပ်စ် ကူးစက်ခံရသည့် ဖြစ်စဉ်မှာ ရှားပါးဖြစ်စဉ်ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တက်ဒရိုအာဒါနွန်ဂီဘရီယေဆုကလည်း လူသားများတွင် ကြက်ငှက်တုတ်ကွေး ကူးစက်နိုင်ခြေ နည်းပါးကြောင်း ပြောကြားခဲ့ သည်။

“ဒါဟာ လူသားအချင်းချင်း ကူးစက်မှု ဒါမှမဟုတ် တူညီတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေနဲ့ ထိတွေ့မှုတွေကနေ ကူးစက်တာဟုတ်၊မဟုတ် သိရှိနိုင်ဖို့စောလွန်းပါသေးတယ်” WHO ကူးစက်ရောဂါနှင့် ကပ်ရောဂါကြိုတင်ပြင်ဆင်ရေးနှင့် ကာကွယ်ရေးညွှန်ကြားရေးမှူး ဆယ်ဗီဘရိုင်ယန်က ပြောကြားခဲ့သည်။

တောငှက်များနှင့် အိမ်မွေး ကြက်၊ငှက်များတွင် ပြင်းထန်စွာ ဖြစ်ပွားလေ့ရှိသည့် ယင်းရောဂါအတွက် ကုထုံးမရှိပေ။

မတ်လအတွင်းက ချီလီတွင် အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦး ကြက်ငှက်တုပ်ကွေးကူးစက်ခံရပြီး ယင်းသည် ချီလီတွင် လူသားတစ်ဦး၌ ကြက်ငှက်တုပ်ကွေး ကူးစက်သည့် ပထမဆုံးဖြစ်စဉ် ဖြစ်ခဲ့သည်။

အာဂျင်တီးနား၊ ဘရာဇီး၊ ပါရာဂွေးနှင့်  ပီရူးနိုင်ငံတို့တွင်လည်း ရာနှင့်ချီသည့် ပင် လယ်ဖျံများ သေဆုံးမှုနှင့်အတူ ကြက်ငှက်တုပ်ကွေး ကူးစက်မှုဖြစ်စဉ်များကို တွေ့ရှိခဲ့သည်။

ဥရောပတွင်လည်း ၂၀၂၁ နှောင်းပိုင်းမှစပြီး ကြက်ငှက်တုပ်ကွေးဖြစ်မှုများ မြင့်တက်လာကာ ကြက်ငှက်အကောင်ရေ သန်းနှင့်ချီ သုတ်သင်ရှင်းလင်းခံခဲ့ရသည်။

Most Read

Most Recent