လေထုညစ်ညမ်းမှုနှင့် ကိုဗစ်ကာကွယ်ဆေး

လေထုညစ်ညမ်းမှုနှင့် ကိုဗစ်ကာကွယ်ဆေး
Published 7 May 2023
 ဒေါက်တာလွင်သန့်

ကိုဗစ် (COVID-19) ကပ်ရောဂါကူးစက်ခံရမှု မတိုင်ခင်ကတည်းက ညစ်ညမ်းတဲ့ လေထုပတ်ဝန်းကျင်နဲ့ ထိတွေ့နေထိုင်ခဲ့သူတွေမှာ ကိုဗစ် (COVID-19)ကာကွယ်ဆေးရဲ့ အာနိသင်ထိရောက်မှုက အခြားတွေမှာထက်ပိုပြီးလျော့နည်းနိုင်တယ်လို့ စပိန်နဲ့ ဂျာမနီက သုတေသနပြုလေ့လာချက်အရ ဆိုပါတယ်။ စပိန်နိုင်ငံဘာစီလိုနာဂလိုဘယ်ဟက် (Global health) ဌာနနဲ့ ဂျာမန်ထရိုင်အိုင်ပူဂျိုး (Trias i pojol) သုတေသနဌာနတို့ အတူပူးပေါင်းပြုလုပ်တဲ့ လေ့လာမှုဖြစ်ကာအသက် (၄၀-၆၅) နှစ်အကြား အသက်အရွယ်ရှိသူ ၉၂၇ ဦးတို့ရဲ့ အချက်အလက်တွေကို လေ့လာခဲ့ကြတာဖြစ်ပါတယ်။

ပထမဆုံးအကြိမ် လော့ဒေါင်း (Lockdown) ချပြီးနောက်ပိုင်း ၂၀၂၀ ပြည့်နှစ် နွေရာသီကာလမှာ သွေးနမူနာတွေပေးထားခဲ့ပြီး စစ်တမ်းမေးခွန်းလွှာတွေဖြေကြားပေးခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေဆီက အချက်အလက်တွေနဲ့လေ့လာခဲ့ကြတာလို့ သိရပါတယ်။ ၂၀၂၁ နွေဦးကာလမှာ ကာကွယ်ဆေးနှစ်လုံး ထိုးထားပြီးသူတွေထဲကမှ ယခင်ပတ်ဝန်းကျင်နဲ့လေထုညစ်ညမ်းတဲ့နေရာဒေသတွေမှာ နေထိုင်ဖူးသူတွေမှာ ကာကွယ်ဆေး ထိရောက်မှုကို သုံးသပ်လေ့လာခဲ့ကြတာဖြစ်ပါတယ်။

စာရင်းဖြည့်သွင်းထားတဲ့ နေရပ်လိပ်စာရဲ့ တည်နေရာ ဝန်းကျင်က လေထုညစ်ညမ်းမှုအဆင့် ကြေညာချက်တွေနဲ့ တိုက်ဆိုင်ပြီး လေထုညစ်ညမ်းဝန်းကျင်မှာ နေထိုင်တဲ့ ကာကွယ်ဆေးထိုးထားသူတွေမှာ ကာကွယ်ဆေးအာနိသင်ထိရောက်မှုနည်းပါးတယ်ဆိုတာ လေ့လာ‌တွေ့ရှိခဲ့ကြပါတယ်။

 နှာခေါင်းပြွန်ထဲ ထည့်သုံးရတဲ့ ကိုဗစ် (COVID-19) ကာကွယ်ဆေးကို တိရစ္ဆာန်တွေနဲ့ စမ်းသပ်ထားခဲ့ရာ ရလဒ်ကောင်းတွေပြထားခဲ့ပြီးနောက်လူသားတွေဆီပထမအဆင့်စမ်းသပ်မှု ဆက်လက်ဆောင်ရွက်သွားဖို့ပြင်ဆင်နေပြီလို့ ဂျာမန်သုတေသီတွေက ဆိုပါတယ်။ ဘာလင်တက္ကသိုလ် (Universitals medizin Berlin) မှသုတေသီတွေ ထုတ်လုပ်ထားပြီးနှာခေါင်းပြွန်ထဲထည့်သုံးတဲ့ ကိုဗစ်ကာကွယ်ဆေးက ခန္ဓာကိုယ်ထဲ ဗိုင်းရပ်ဝင်ရောက်တဲ့ အဓိကလမ်းကြောင်းဖြစ်တဲ့နှာခေါင်းပြွန်ထဲထည့်သုံးတဲ့ ကိုဗစ်ကာကွယ်ဆေးက ခန္ဓာကိုယ်ထဲ ဗိုင်းရပ်ဝင်ရောက်တဲ့ အဓိကလမ်းကြောင်းဖြစ်တဲ့နှာခေါင်းပြွန်ထဲမှာတင်ဗိုင်းရပ်ကိုတိုက်ခိုက်မှာဖြစ်ပါတယ်။

ဟမ်းစတား (Hamster) မြီးတိုပါးတွဲကြွက်လေးတွေမှာနှာခေါင်းပြွန်ထဲထည့်တဲ့ ကာကွယ်ဆေးနှစ်ကြိမ်စားသုံးပြီး စမ်းသပ်ခဲ့ချိန်မှာ ကိုဗစ် (COVID-19)ဗိုင်းရပ်ပွားများလာနိုင်စွမ်းမရှိတော့တာ တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ ကူးစက်မှုနဲ ့ရောဂါလက္ခဏာပြမှုမှာ လူသားနဲ့ဆင်တူနီးပါးဖြစ်တဲ့ ဟမ်းစတားကြွက်လေးတွေဆီမှာနှာခေါင်းပြွန်ထဲ ထည့်သုံးတဲ့ ကာကွယ်ဆေးကို စမ်းသပ်ထားခဲ့တာလို့လည်း ဆိုပါတယ်။ နှာခေါင်းပြွန်ထဲ ထည့်သုံးရတဲ့ ကာကွယ်ဆေးတွေက လူ့ရဲ့ခန္ဓာကိုယ်ထဲဗိုင်းရပ်စတင်ဝင်ရောက်တဲ့နေရာတွေဖြစ်တဲ့နှာခေါင်း၊ ပါးစပ်၊ လည်ချောင်းနဲ့ အဆုတ်တွေဆီလာတဲ့ ကိုဗစ် (COVID-19) ဗိုင်းရပ်တွေကို တိုက်ခိုက်ရာမှာ ကူညီစေပြီးထိုးဆေးပုံစံတွေထက်ပိုပြီး ထိရောက်မှုရှိစေနိုင်မယ်လို့ သုတေသီဒေါက်တာအီမန်နျူရယ်ဇိုင်လာက ဆိုပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလ ၂၉ ရက်အထိ ကမ္ဘာပေါ်မှာ ကိုဗစ် (COVID-19) ဖြစ်ပွားသူပေါင်း ၆၈၇ သန်း၊ ကိုဗစ်ကြောင့် သေဆုံး ၆ ဒသမ ၈၇ သန်းရှိခဲ့ပြီး မြန်မာနိုင်ငံမှာ ကိုဗစ်ဖြစ်ပွားသူ ၆၃၄၆၇၆ ဦး၊ ကိုဗစ်ကြောင့်သေဆုံး ၁၉၄၉၁ ဦးရှိခဲ့ပြီပဲဖြစ်ပါတယ်။ ခုဆိုရင်ကမ္ဘာတစ်လွှား ငြိမ်သက်နေတဲ့ ကိုဗစ် (COVID-19) ကပ်ရောဂါအခြေအနေဟာ အားထားရက်(စ်) (Arcturus Omicron XBb 1.16) မျိုးဗီဇပြောင်းကိုဗစ်က ပျံ့နှံ့ကူးစက်လာပါတယ်။

 အိုမီခရွန်ကနေ ဆင်းသက်လာတဲ့ အာထရက် (စ်) ဟာ ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အရေးပေးစောင့်ကြည့်ရတဲ့ မျိုးရိုးဗီဇပြောင်းရောဂါတစ်မျိုးဖြစ်ပါတယ်။ သူ့ရဲ့ရောဂါလက္ခဏာတွေက အခြားဗီဇပြောင်းကိုဗစ်တွေနဲ့ ကွဲပြားခြားနားမှုမရှိပေမဲ့ အဆက်မပြတ်ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာချေခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်းနဲ့တက်ခြင်း၊ သတိလစ်ခြင်းတို့ဖြစ်ပါတယ်။ မျိုးရိုးဗီဇပြောင်းအားထားရက်(စ်)ဟာ အခြားအိုမီခရွန်မျိုးကွဲတွေနဲ့ ပုံသဏ္ဍာန်ဆင်တူပါတယ်။ ရောဂါပိုးရဲ့ စပိုက်ပရိုတင်းထဲကပြောင်းလဲသွားတဲ့ မျိုးရိုးဗီဇဟာ ရောဂါပိုးကူးစက်နိုင်စွမ်းရဲ့ရောဂါဖြစ်ပွားနိုင်စွမ်းကိုမြင့်တက်စေတယ်လို့ကူးစက်ရောဂါညွှန်ကြားရေးမှူးချုပ် "ဟန်နာနယူးမန်း" က ပြောပါတယ်။

"အားထားရက်(စ်)" က အဖျားတက်တဲ့အခါ အပူချိန်မြင့်တတ်ပါတယ်။ အိုမီခရွန်က အဖျားမတက်ပါဘူး။ အားထားရက် (စ်) က အိုမီခရွန်မျိုးကွဲဖြစ်လို့ အိုမီခရွန်နဲ့ဆက်စပ်မှုရှိပါတယ်။ စပိုက် (spike protein) ပရိုတိန်းမှာ ပြောင်းလဲသွားတဲ့ မျိုးရိုးဗီဇက လက်ရှိရောဂါပိုးကို မူလအိုမီခရွန်ထက်ပိုပြီးရောဂါကူးစက်မှုနှုန်းမြန်တယ်လို ့ဒေါက်တာဝီလီယံရှက်ဖနာက ဆိုပါတယ်။

အားထားရက် (စ်) က သူအရင်မျိုးရိုးဗီဇပြောင်းကိုဗစ် (COVID-19) ရောဂါပိုးနဲ့အတူ ရောဂါဖြစ်ပွားနိုင်စွမ်းရှိတယ်ဆိုပေမဲ့ လက်တွေ့စမ်းသပ်မှုအရ အနည်းငယ်ကွဲပြားခြားနားမှုရှိတယ်ဆိုပါတယ်။ အားထားရက် (စ်) က အဖျားတက်တဲ့အခါ အပူချိန်မြင့်တယ်။ အဖျားတက်ရခြင်းမှာ မိမိခန္ဓာကိုယ်ရောင်ရမ်းမှုကြောင့်ဖြစ်တယ်။ အားထားရက် (စ်) က အခြားရောဂါပိုးတွေနဲ့မတူ နောက်ထပ်ခြားနားမှုက ကလေးတွေ မျက်စိနာတယ်။ မျက်စိနာတယ်ဆိုတာ မျက်စိအပြင်ဘက်ရောင်ရမ်းတာပဲဖြစ်ပါတယ်။

ကိုဗစ်နောက်ပိုင်း ငွေကြေးဖောင်းပွမှု (Inflation) မြင့်တက်လာမှုကို ဆင်ခြင်တုံတရား အားကောင်းကောင်းနဲ့ အကျိုးအကြောင်းညီစွာစဉ်းစားကြည့်ရင်ဗဟိုဘဏ်က ရည်မှန်းထားတဲ့ အခြားအခြေအနေတွေလည်း ရှိပါတယ်။ ငွေကြေးမူဝါဒရေးဆွဲသူများဟာ ငွေကြေးဖောင်းပွမှု သိထားသင့်ပါတယ်။

 စီးပွားရေးအဆောက်အအုံအတွင်း အင်ဖလေးရှင်းကို ရင်ဆိုင်နေရချိန်မှာ သုတေသီများကပါဝင်ပြီး ငွေကြေးအခြေအနေကိုနားလည်ကျွမ်းကျင်သူများကယခင်အခြေအနေများကိုပြန်လည်လေ့ကျင့်မှုပြုလုပ်နေကြပါက ဗဟိုဘဏ်များအနေနဲ့ ယင်းတို့လုပ်ဆောင်ချက်များကို ရှင်းရှင်းလင်းလင်းအသိပေးထားဖို့လိုပါတယ်။သက်ဆိုင်ရာ စီးပွားရေးအခြေအနေများအပေါ်မူတည်ပြီး ပြင်ဆင်ချိန်ညှိထားတဲ့ ဗဟိုဘဏ်များရဲ့ငွေကြေးဆိုင်ရာ တင်းကျပ်လုပ်ဆောင်မှုတွေဟာ အားရစရာဖြစ်တယ်လို့ကောက်ချက်ချတယ်။ အဆိုပါဆောင်ရွက်ချက်တွေဟာ အမြစ်တွယ်သလိုခိုင်မာနေတဲ့ အင်‌ဖလေးရှင်း (Inflation) ရည်ရွယ်ထားတဲ့အခြေအနေမှ ကာလကြာရှည်သွေဖည်နေတဲ့ အင်ဖလေးရှင်းကိုပြန်လည်ထိန်းကျောင်းနိုင်ရေး အထောက်အကူပြုလိမ့်မယ်လို့ ယူဆနေကြပါတယ်။ ယနေ့ဖြစ်ပေါ်နေတဲ့ ငွေကြေးဖောင်းပွမှုဟာ ယခင်ကာလအခြေအနေမျိုးမဟုတ်ပါဘူး။ တစ်နိုင်ငံတည်း၊ တစ်အုပ်စုတည်းကမဟုတ်ဘဲ အရပ်လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာ ဆက်စပ်ဝင်ရောက်လာတဲ့နောက်ခံအကြောင်းရင်းမျိုးစုံ ရှိနေကြပါတယ်။

ကိုဗစ်ကြီးက ကမ္ဘာမြေက မထွက်သေးဘဲ (၄-၅) နှစ်ကြာဦးမှာဆိုတော့ လူတိုင်း ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်၊ ထပ်ဆင်မြင့်ကာကွယ်ဆေး အလှည့်သင့်သလို ထိုးနှံသွားဖို့ လိုအပ်ကာ ကိုဗစ်စည်းမျဉ်းများဖြစ်တဲ့ နှာခေါင်းစည်းတပ်ခြင်း၊ လက်ကိုဆပ်ပြာရေတို့နဲ့ စက္ကန့် ၂၀ ကြာပွတ်တိုက်ဆေးကြောခြင်း၊ လူတစ်ဦးနဲ့တစ်ဦးခြောက်ပေခွာခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ လေဝင်လေထွက်ကောင်းအောင်စီမံထားခြင်း၊ ကိုဗစ်နဲ့အတူယှဉ်တွဲနေထိုင်ကာ ပုံမှန်ဘဝသစ် (New Normal Life)အတိုင်း နေထိုင်သွားဖို့လိုပါတယ်။

ကိုဗစ်ကာလမှာ အီးပညာရေး၊ အီးကျန်းမာရေး၊ အီးဂါးဗားမင့်၊ အွန်လိုင်းမီတင်းတို့ ထွန်းကားလာသလို အွန်လိုင်းရောင်းဝယ်မှုနဲ ့ဖြန့်ချိရေးများ အားကောင်းလာတယ်။ ဆင်းရဲတဲ့နိုင်ငံများကျန်ရစ်နေခဲ့ကြပါတယ်။ ကိုဗစ်ကာကွယ်ဆေးရရှိမှုမှာလည်း ကွာခြားမှုများလှပါတယ်။ 

 

Most Read

Most Recent