ဘွန်ဒစ်လီဂါချန်ပီယံဆုမရလျှင် တူဟယ်လ် ရာထူးမှထုတ်ပယ်ခံရနိုင်သည်ဟု ဂျာမန်ကွင်းလယ်ကစားသမားဟောင်း ဟာမန်း သတိပေး

ဘွန်ဒစ်လီဂါချန်ပီယံဆုမရလျှင် တူဟယ်လ် ရာထူးမှထုတ်ပယ်ခံရနိုင်သည်ဟု ဂျာမန်ကွင်းလယ်ကစားသမားဟောင်း ဟာမန်း သတိပေး
Photo: Getty Images
Photo: Getty Images
Published 26 April 2023

 

ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းအား ဘွန်ဒစ်လီဂါချန်ပီယံဆု ရယူမပေးနိုင်ခဲ့လျှင် တူဟယ်လ်အနေဖြင့် ရာထူးမှ ထုတ်ပယ်ခံရနိုင်ကြောင်း ဂျာမန်ကွင်းလယ်ကစားသမားဟောင်း ဟာမန်းက သတိပေးခဲ့သည်။

တူဟယ်လ်သည် မတ်လကုန်ပိုင်းတွင် နာဂယ်စ်မန်း၏နေရာ အစားထိုးခန့်အပ်ခံရသူဖြစ်ပြီး ရာထူးရယူပြီးနောက် တစ်လအကြာတွင် ဖိအားများနှင့် ရင်ဆိုင်လာရသည်။ 

တူဟယ်လ်လက်ထက်တွင် ဘိုင်ယန်အသင်းသည် ဂျာမန်ဖလား၊ ချန်ပီယံလိဂ်ပြိုင်ပွဲများမှ ထွက်ခဲ့ရကာ ဖလားသုံးလုံးမျှော်လင့်ချက် ပျက်သုဉ်းခဲ့ရပြီး ဘွန်ဒစ်လီဂါတွင်လည်း မိန့်ဇ်အသင်းအား (၁-၃)ဂိုးဖြင့် အရေးနိမ့်ခဲ့သောကြောင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ဒေါ့မွန်အသင်းထံ လွှဲပြောင်းပေးထားခဲ့ရသည်။ 

ထို့ကြောင့် ဟာမန်းက ဘွန်ဒစ်လီဂါချန်ပီယံဆုသည်သာ တူဟယ်လ်၏အနာဂတ်အတွက် အာမခံချက်ပေးနိုင်ကြောင်း သုံးသပ်ခဲ့သည်။

Most Read

Most Recent