■ ဘာပေ၏ ရီးယဲလ်မက်ဒရစ်အင်္ကျီ ဝယ်လိုအား အလွန်များပြားနေ

■ ဘာပေ၏ ရီးယဲလ်မက်ဒရစ်အင်္ကျီ ဝယ်လိုအား အလွန်များပြားနေ
Photo: Real Madrid
Photo: Real Madrid
Published 12 July 2024

ဇူလိုင်လ(၁၆)ရက်နေ့၌ ရီးယဲလ်မက်ဒရစ်အသင်း၏ ကစားသမားအဖြစ် မိတ်ဆက်ပွဲ ပြုလုပ်တော့မည့် ပြင်သစ်တိုက်စစ်မှူး ဘာပေ ၏ ရီးယဲလ်မက်ဒရစ်အင်္ကျီမှာ ဝယ်လိုအား အလွန်များပြားနေကြောင်း သိရသည်။

    

ဘာပေသည် PSG အသင်းနှင့် လမ်းခွဲကာ ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိခဲ့သူဖြစ်ပြီး လက်ရှိအချိန်၌ မိတ်ဆက်ပွဲ ပြုလုပ်ရခြင်းမရှိသေးသော်လည်း ၎င်း၏အမည်နှင့် ကျောနံပါတ်(၉) ရေးထိုးထားသော ရီးယဲလ်မက်ဒရစ်အသင်းအင်္ကျီများကို ယခုရက်ပိုင်းအတွင်း စတင်ရောင်းချနေပြီဖြစ်သည်။ 

ရီးယဲလ်အသင်းက ၎င်းတို့၏ စတိုးဆိုင်များတွင် ရောင်းချခြင်းဖြစ်သလို၊ အသင်းဝက်ဘ်ဆိုက်မှတစ်ဆင့်လည်း ရောင်းချခဲ့ရာ အွန်လိုင်းမှ မှာယူမှုမှာ အလွန်များပြားခဲ့သည့်အတွက် ပရိသတ်များအနေဖြင့် ရက်သတ္တပတ် (၆) ပတ်အထိ စောင့်ဆိုင်းရဖွယ်ရှိနေကြောင်း သိရသည်။ 

ယခုကဲ့သို့ ဝယ်လိုအားမြင့်တက်နေခြင်းကြောင့် ဘာပေ၏ ရီးယဲလ်မက်ဒရစ်အင်္ကျီမှာ အရောင်းစံချိန် တင်နိုင်ဖွယ်ရှိနေသလို၊ ပရိသတ်များအနေဖြင့် ရီးယဲလ်အသင်းအတွက် လာလီဂါ၌ ဘာပေ ပွဲထွက်ကစားသည့်အချိန်တွင်ပင် အင်္ကျီမရရှိနိုင်သည့် အခြေအနေမျိုးနှင့် ကြုံတွေ့ရနိုင်ကြောင်းလည်း သိရသည်။ 

ရီးယဲလ်အသင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော စျေးနှုန်းအရ ဘာပေ၏ အင်္ကျီတန်ဖိုးမှာ (၂၁၅) ဒေါ်လာ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent