နိုင်မှဖြစ်မယ့်ပွဲ

နိုင်မှဖြစ်မယ့်ပွဲ
Photo: AFP
Photo: AFP
Published 26 April 2023
Wai Yan Aung

ဒီပွဲက တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေ စောင့်မျှော်နေကြတဲ့ပွဲလို့ ဆိုနိုင်ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဓိကအဆုံးအဖြတ်ပေးမယ့်ပွဲလို့ သတ်မှတ်ထားခဲ့တာကြောင့်ပါ။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းနဲ့  ဒုတိယနေရာက လက်ရှိချန်ပီယံ မန်စီးတီးအသင်းတို့ ထိပ်တိုက် အမှတ်လုရမယ့်ပွဲဖြစ်ပြီး စောင့်မျှော်နေတဲ့ကာလအတွင်းမှာပဲ အခြေအနေက အပြောင်းအလဲတော့ ဖြစ်သွားခဲ့ပါတယ်။ အရင်က ဒီပွဲမှာ နောက်က လိုက်နေရတဲ့ မန်စီးတီးအသင်း နိုင်မှဖြစ်မယ်လို့ သတ်မှတ်ခဲ့ကြပေမဲ့ အခုတော့ အာဆင်နယ်အသင်း နိုင်မှဖြစ်မယ့်ပွဲလို့ ပြောင်းလဲသတ်မှတ်ခဲ့ရပါ ပြီ။ ဘာကြောင့်လဲ။ လက်ရှိအချိန်အထိ အာဆင်နယ်အသင်းက အဆင့်(၁)နေရာကို သိမ်းပိုက်ထားဆဲ၊ မန်စီးတီးအသင်းကို အမှတ်ဖြတ်ထားဆဲဖြစ်ပေမဲ့ မန်စီးတီးအသင်းက ပွဲကျန်တွေရှိနေတာကြောင့် ပြန်ပြီးအသာစီးရသလို ဖြစ်သွားတာပါ။ ဘာပဲဖြစ်ဖြစ် အသင်းကောင်းတွေ များပြားတယ်၊ ပြိုင်ဆိုင်မှု ပြင်းထန်တယ်လို့ ကျော်ကြားထင်ရှားတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ထိပ်ဆုံးမှာရပ်တည်နေတဲ့ အသင်းနှစ်သင်း ထိပ်တိုက်ရင်ဆိုင် အမှတ်လုရမယ့်ပွဲ ဖြစ်တာကြောင့် အခြေအနေတွေ ဘယ်လိုပဲပြောင်းလဲသွားသွား ရင်ခုန်စရာတော့ ကောင်းနေမှာပါပဲ။

 

Most Read

Most Recent