■ ပရီးမီးယားလိဂ် ပွဲစဉ်-၃၃ ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ် ပွဲစဉ်-၃၃ ပွဲကြိုသုံးသပ်ချက်
Published 25 April 2023

♦ ဝုလ်ဗ် - ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် ဧပြီ ၂၆ ရက် နံနက် ၁းဝ၀ နာရီ)

ဝုလ်ဗ်က တန်းဆင်းဇုန်နဲ့ ခပ်ဝေးဝေးကို ရောက်လာသလို၊ ပဲလေ့စ်ကလည်း တန်းမဆင်းရဖို့ သေချာသလောက်ရှိနေပါပြီ။ ဟော့ဒ်ဆန်လက်ထက်မှာ ပဲလေ့စ်ရဲ့ခြေစွမ်းနဲ့ရလဒ်က သိသိသာသာ တိုးတက်လာတယ်။ ပဲလေ့စ်ကို ကြိုက်တယ်။

♦ အက်စတွန်ဗီလာ - ဖူလ်ဟမ် (မြန်မာစံတော်ချိန် ဧပြီ ၂၆ ရက် နံနက် ၁း၁၅ နာရီ)

အက်စတွန်ဗီလာအသင်းက ဥရောပဝင်ခွင့်တစ်နေရာ မျှော်လင့်လို့ရနေတဲ့အနေအထားဖြစ်တယ်။ အူနိုင်းအမ်မရီလက်ထက်မှာ ရလဒ်ပိုင်းက သိသိသာသာတိုးတက်လာတယ်။ အူနိုင်းအမ်မရီ စတင်ကိုင်တွယ်ချိန်ကနေ စတွက်ရင် အာဆင်နယ်နဲ့ မန်စီးတီးပြီးရင် အမှတ်အများဆုံးယူထားတဲ့အသင်း၊ ပျမ်းမျှရမှတ် အများဆုံးယူထားတဲ့ အသင်းလည်းဖြစ်တယ်။ ဖူလ်ဟမ်က နောက်ပိုင်းပွဲတွေမှာ ခြေနည်းနည်းကျလာတယ်။ ဒါပေမဲ့ ကစားပုံက ကောင်းနေတုန်းပါ။ အဓိကတိုက်စစ်မှူး မီထရိုဗစ် ပွဲပယ်ခံရလို့ တိုက်စစ်ကတော့ အားနည်းသွားတယ်။ ဗီလာပဲ နိုင်ပွဲဆက်လိမ့်မယ်။

♦ လိဒ်စ် - လက်စတာ (မြန်မာစံတော်ချိန် ဧပြီ ၂၆ ရက် နံနက် ၁း၃၀ နာရီ)

လိဒ်စ်ကလည်း စိတ်ပျက်စရာရလဒ်တွေနဲ့ ကြုံတွေ့နေရပြီး တန်းဆင်းဇုန်အန္တရာယ် ရှိနေတယ်။ လက်စတာနဲ့ လိဒ်စ်က အဆင့်ကပ်လျက်၊ တစ်မှတ်ကွာက အသင်းတွေဖြစ်ပြီး ဒီပွဲတော့ လိဒ်စ် (၃)မှတ် ယူမယ်ထင်တယ်။

Most Read

Most Recent