■ အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေစဉ် ခရီးဆောင်အိတ် ၁၅ လုံးဖြင့် မက်ဆီ၏မိသားစု ဘာစီလိုနာသို့ ရောက်ရှိလာ

■ အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေစဉ် ခရီးဆောင်အိတ် ၁၅ လုံးဖြင့် မက်ဆီ၏မိသားစု ဘာစီလိုနာသို့ ရောက်ရှိလာ
Photo: Leo Messi Facebook
Photo: Leo Messi Facebook
Published 25 April 2023

PSG အသင်းနှင့် အနာဂတ်မရေရာဘဲ အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေသည့် တိုက်စစ်မှူး မက်ဆီသည် မိသားစုနှင့်အတူ ဘာစီလိုနာသို့ ခရီးဆောင်အိတ် ၁၅ လုံးဖြင့် ရောက်ရှိလာကြောင်း သိရသည်။

မက်ဆီသည် သောကြာနေ့က အန်ဂါစ်အသင်းနှင့် လီဂူး-၁ ပွဲစဉ်တွင် ပွဲချိန်ပြည့်ပါဝင်ကစားပြီးနောက် စနေနေ့မှစတင်ကာ အားလပ်ရက်ရရှိထားသည်။

မက်ဆီသည် စနေနေ့ နေ့လယ်ပိုင်းတွင် မိသားစုနှင့်အတူ ဘာစီလိုနာမြို့သို့ မထင်မှတ်ဘဲ ရုတ်တရက်ရောက်ရှိလာခြင်းဖြစ်ပြီး ခရီးဆောင်အိတ် ၁၅ လုံးအထိ ယူဆောင်လာကြောင်း ကတ်တလန်အခြေစိုက် Sport အားကစားသတင်းစာက ဖော်ပြသည်။

မက်ဆီသည် ဇွန်လကုန်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုမရသေးဘဲ ကြန့်ကြာနေစဉ် ဘာစီလိုနာသို့ ရုတ်တရက်ရောက်ရှိလာခြင်းမှာ အသင်းဟောင်းနှင့် အပြောင်းအရွှေ့သတင်းများကို ပိုမိုထွက်ပေါ်လာစေကြောင်း Sport သတင်းစာက သုံးသပ်ရေးသားထားသည်။

မက်ဆီကို ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းက စံချိန်တင်လစာဖြင့် ကမ်းလှမ်းထားကြောင်း သတင်းများထွက်ပေါ်လျက်ရှိသလို အသင်းဟောင်းဖြစ်သည့် ဘာစီလိုနာနှင့် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းတို့ကလည်း ခေါ်ယူနိုင်ရန် စိတ်ဝင် စားနေသည်။

ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာသည် မက်ဆီ၏အေးဂျင့်အဖြစ် ဆောင်ရွက်နေသည့် ဖခင်ဖြစ်သူ ဟော်ဟဲမက်ဆီနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၎င်းအား ပြန်လည်ခေါ်ယူနိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

 

Most Read

Most Recent