‘သဘင်သည် မြနှင်းဆီ’ ဇာတ်လမ်းတွဲကို Shwe Stream အပလီကေးရှင်းတွင် ပြန်လည်ကြည့်ရှုနိုင်ရန်တင်ဆက်ထား

‘သဘင်သည် မြနှင်းဆီ’ ဇာတ်လမ်းတွဲကို Shwe Stream အပလီကေးရှင်းတွင် ပြန်လည်ကြည့်ရှုနိုင်ရန်တင်ဆက်ထား
Published 1 January 2023

‘သဘင်သည် မြနှင်းဆီ’ ဇာတ်လမ်းတွဲကို Shwe Stream အပလီကေးရှင်း၌ပြန်လည်ကြည့်ရှုနိုင်ရန် တင်ဆက်ထားသည်။ ယင်းသို့ကြည့်ရှုရာတွင် Atom ဆင်းမ်ကတ်ဖြင့် ကြည့်ရှုပါက ရာခိုင်နှုန်း ၅၀ လျှော့စျေးဖြင့် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

‘သဘင်မြနှင်းဆီ’ ရုပ်သံဇာတ်လမ်းတွဲကို စိန်ဌေးထုတ်လုပ်ရေးနှင့်အတူ Love TV တို့က ပူးပေါင်းကာ ရိုက်ကူးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ယင်းဇာတ်လမ်းတွဲသည် ဒါရိုက်တာ ကိုစက်၏ ဇာတ်လမ်းကို အင်ကြင်းဟန်က ဇာတ်ညွှန်းရေးဖွဲ့ ထားခြင်းဖြစ်သည်။

“ဒီဇာတ်ကား ရိုက်တုန်းကတော့ လူငယ်တွေ ဖန်တီးထားတဲ့ ပရောဂျက်လေးတစ်ခုကို Platform တစ်ခုမှာပြမယ်ဆိုတာလောက်နဲ့ပဲ ဖန်တီးခဲ့တယ်။ ဒါပေမဲ့လည်း ရိုက်ပြီးတဲ့အထိလည်း လူကြိုက်များမယ်လို့ မထင်ထားခဲ့ဘူး။ ဒါပေမဲ့ အရမ်းအားပေးပြီး စိတ်ဝင်စားကြတဲ့အတွက် အရမ်းပျော်ပါတယ်” ဟု သရုပ်ဆောင်၊ ဒါရိုက်တာ မင်းဆက်သစ်က ဆိုသည်။

ခမ်းနားလှပြီး ရှေးဆန်သည့် အိမ်ကြီးတစ်ခုသည် မြနှင်းဆီဆိုသည့် အငြိမ့်မင်းသမီးလေး၏ ယနေ့ ထက်တိုင် မကျွတ်မလွတ်ဘဲ ရှိနေသည့် သူ၏ဝိညာဉ် ခိုအောင်းနေထိုင်ရာလည်းဖြစ်သည်။ ထိုအိမ်ကြီး၏ အိမ်တော်စောင့် ဒေါ်နီနီသည် ခြံကြီးအတွင်း ခုနစ်ရက်တိုင်တိုင် လာရောက်နေထိုင်နိုင်သူရှိပါက ယင်းလူများကို ဆုတော်ငွေများပေးအပ်မည့် အစီအစဉ်တစ်ခုကို ဖြန့်ဝေခဲ့သည်။

ငွေကြေးလိုအပ်ချင်ကိုယ်စီနှင့်အတူ ဘဝရည်မှန်းချက်များဖြည့်ဆည်းရန်အတွက် ထိုအိမ်ကြီးပေါ်သို့  လူငယ်လေးဦး ရောက်လာခဲ့ကြသည်။

နောက်ခံဘဝမတူညီကြသည့်အပြင် စရိုက်လည်းမတူသည့် ထို လူငယ်လေးဦးနှင့် အိမ်ကြီးတွင် နှစ်ပေါင်းများစွာတိုင်ရှိနေခဲ့သည့် အငြိမ့်မင်းသမီး မြနှင်းဆီ၏ ၀ိညာဉ်တို့အကြား ဖြစ်ပေါ်လာသည့် ကြောက်မက်ထိတ်လန့်ဖွယ်ရာများကို ခံစားကြည့်ရှုရမည့် ဇာတ်လမ်းဖြစ်သည်။

သဘင်သည်မြနှင်းဆီ ဇာတ်လမ်းတွဲတွင် မင်းဆက်သစ်၊ စည်သူ အုပ်စိုး၊ ကောင်းထက်ပိုင်၊ မျိုးဇေယျာ ဝင်း၊ စင်ဒီမြတ်၊ ယွန်းသဒ္ဒါအောင်နှင့် အနုပညာရှင်များ ပါဝင်ထားသည်။ အဆိုပါ ဇာတ်လမ်းတွဲကို Shwe Stream အပလီကေးရှင်း၌ Kpay ဖြင့်လည်း ငွေပေးချေကာ ကြည့်ရှုနိုင်ပြီး အခြားသောနိုင်ငံများမှ ပရိသတ်များအတွက်လည်း ငွေပေးချေမှု ပုံစံအမျိုးမျိုးဖြင့် ကြည့်ရှုနိုင်မည်ဟု သိရသည်။

Most Read

Most Recent