ကမ္ဘာ့ဖလားဆုကို အာဂျင်တီးနားရရှိခဲ့ပြီးနောက် တူရကီစားဖိုမှူးက ယင်းဆုဖလားကိုလာရောက်ထိကိုင်မှုအပေါ် အွန်လိုင်းတွင် ဝေဖန်မှုများ မြင့်တက်

ကမ္ဘာ့ဖလားဆုကို အာဂျင်တီးနားရရှိခဲ့ပြီးနောက် တူရကီစားဖိုမှူးက ယင်းဆုဖလားကိုလာရောက်ထိကိုင်မှုအပေါ် အွန်လိုင်းတွင် ဝေဖန်မှုများ မြင့်တက်
Photo: Instagram
Photo: Instagram
Published 22 December 2022

ဒီဇင်ဘာ ၁၈ ရက် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ပြင်သစ်အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် အောင်ပွဲခံနေကြသော အာဂျင်တီးနားအသင်းထံ တူရကီစားဖိုမှူး ဆော့လ်ဘေ့ ရောက်ရှိလာခဲ့ပြီး ကမ္ဘာ့ဖလားဆုကို ထိကိုင်ခဲ့မှုအပေါ် အွန်လိုင်းတွင် ဝေဖန်မှုများမြင့်တက်နေသည်ဟု သိရသည်။

၎င်း၏တမူထူးခြားသည့် ဆားဖြူးသည့် ပုံစံကြောင့် ဆော့လ်ဘေ့ဟု လူသိများသည့် စားဖိုမှူးနက်စ်ရက်ဂေါ့စီသည် လီယွန်နယ် မက်ဆီ၏ပခုံးကို နှစ်ကြိမ်ဖက်ထားကြောင်း မြင်တွေ့ခဲ့ရပြီး အိန်ဂျယ်ဒီမာရီယာထံမှဆုကို ယူဆောင်ခဲ့ကာ လီဆန်ဒရိုမာတီးနက်ဇ်ကိုင် ထားသောဆုကိုလည်း ဆားဖြူးသည့်ပုံစံဖြင့် ဟန်ပြခဲ့သည်။

တစ်ကြိမ်တွင်မူ ဆော့လ်ဘေ့သည်ဆု ဖလားကို ခေါင်းပေါ်တင်ခဲ့ကာ ယင်းဆုကိုလည်း နမ်းခဲ့သည်ကို တွေ့ခဲ့ရသည်။

အင်္ဂလိပ်ဘောလုံးသမားဟောင်းတစ်ဦးဖြစ်သည့်အပြင် လက်ရှိတွင် ဘီဘီစီရုပ်သံ၏ အစီအစဉ်တင်ဆက်သူ ဂယ်ရီလိုင်ကာက ဆော့လ်ဘေ့အား “အရှုပ်ထုတ်”ဟုခေါ်ဆိုမှု အပါအဝင် ဆော့လ်ဘေ့၏အာရုံစိုက်မှုကို ခံချင်သော နည်းစနစ်သည် လူအများအပြားအား စိတ်အာရုံပျက်ပြားစေခဲ့သည်။

လူအများစုက ဆော့လ်ဘေ့ကိုမည် သည့်အတွက်ကြောင့် ဘောလုံးကွင်းအတွင်း ဝင်ရောက်ခွင့်ပြုခဲ့ကြောင်း မေးခွန်းထုတ်နေ ကြပြီး ဖီဖာဥက္ကဋ္ဌ ဂျီယန်နီအင်ဖန်တီနိုနှင့် ရင်းနှီးခြင်းကြောင့် ကွင်းအတွင်းဝင်ခွင့်ရရှိခဲ့ခြင်းဟုတ်၊ မဟုတ် မေးခွန်းများထွက်ပေါ်နေသည်။

ဆော့လ်ဘေ့သည် မက်ဆီနှင့် အခြားဆုရ အားကစားသမားများအပါအဝင် အာဂျင်တီးနားအသင်းနှင့် အောင်ပွဲခံနေသည့် ဓာတ် ပုံများနှင့် ဗီဒီယိုအများအပြားကို လူမှုကွန်ရက်တွင် တင်ထားသည်။

အွန်လိုင်းအသုံးပြုသူတစ်ဦးက“ခင်ဗျားအနေနဲ့ ဒီဆုကို မထိသင့်ပါဘူး။ ချန်ပီယံဖြစ်အောင် ကြိုးစားပေးခဲ့ကြတဲ့ ကစားသမားတွေ နဲ့ဝန်ထမ်းတွေကပဲ ထိကိုင်သင့်ပါတယ်။ ခင်ဗျားဟာ အာရုံစိုက်မှုကို တော်တော်လိုချင်သူပါ”ဟုပြောကြားခဲ့ပြီး ဆော့လ်ဘေ့အား follow ဖြုတ်ခဲ့ကြောင်း ရေးသားထားသည့် ယင်းမှတ်ချက်အား Like လုပ်သူ ၁၁,၀၀၀ ကျော်ရှိခဲ့သည်။ ထို့ပြင် ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အွန်လိုင်းတွင် ဆော့လ်ဘေ့အား ဝေဖန်မှုများ အများအပြားရှိခဲ့သည်။

 

Most Read

Most Recent