တေလာဆွစ်ဖ်ရင်ဆိုင်နေရသည့် Shake It Off သီချင်းမူပိုင်ခွင့်အမှုကို တရားလိုတေးရေးဆရာများဘက်မှ ပြန်ရုပ်သိမ်း

တေလာဆွစ်ဖ်ရင်ဆိုင်နေရသည့် Shake It Off သီချင်းမူပိုင်ခွင့်အမှုကို တရားလိုတေးရေးဆရာများဘက်မှ ပြန်ရုပ်သိမ်း
Photo – Head Topics
Photo – Head Topics
Published 14 December 2022

သီချင်းစာသားများခိုးချထားသည်ဟု စွပ်စွဲခံထားရသည့် တေလာဆွစ်ဖ်၏ Shake It Off သီချင်းအမှုကို၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်တွင် ကြားနာစစ်ဆေးမည်ဟု ကြေညာထားသော်လည်း၊ ယခု တရားလိုတေးရေး ဆရာနှစ်ဦးက အမှုကိုရုပ်သိမ်းပေးလိုက်ပြီ ဖြစ်သည်။

ဆွစ်ဖ်၏ ၂၀၁၄ ခုနှစ်ထွက် နာမည်ကျော် Shake It Off သီချင်းထဲမှ အဓိက စာသားများသည် ၂၀၀၁ ခုနှစ်သီချင်း Playas Gon’s Play မှစာသားကို ကူးချထားသည်ဟုဆိုကာ ရှန်ဟောလ်နှင့် နေသန်ဘတ်တလာဆိုသူ သီချင်းရေးဆရာနှစ်ဦးက၂၀၁၇ ခုနှစ်တွင် ဖွင့်ခဲ့သည့်အမှုဖြစ်ပြီး၊ အမှုပြီးသွားသော်လည်း ဒီဇင်ဘာ ၁၂ ရက်က နှစ်ဖက်ရှေ့နေ များပူးတွဲတင်ခဲ့သည့် တရားရုံးစာရွက်စာတမ်းများထဲတွင် ငွေပေးကျေအေးလိုက်မှု ဟုတ်မဟုတ်ကို ဖော်ပြမထားပေ။

Playas Gon’s Play သီချင်းက R&B အမေရိကန်မိန်းကလေးအဆိုတော်အဖွဲ့ 3LW သီဆိုထားခြင်းဖြစ်ပြီး ထိုစဉ်က သိပ်မအောင်မြင်ခဲ့ပေ။

ထိုအမှုကို ၂၀၁၈ ခုနှစ်တွင် တရားသူကြီးတစ်ဦးက ပယ်ချလိုက်သေးသည်။ သို့ သော်နောက်တစ်နှစ်တွင် အမေရိကန်အယူခံ တရားရုံးက ပြန်ဖော်ခဲ့သည်။

သီချင်းရေးဆရာနှစ်ဦးအနက် ဟောလ်ဆိုသူက ဂျက်စတင်ဘီဘာ၊ မာရွန်းဖိုက်စသည့် နာမည်ကျော်အဆိုတော်များအတွက် သီချင်းရေးစပ်ထုတ်လုပ်ပေးသူဖြစ်ပြီးနောက် သီချင်းရေးဆရာ ဘတ်တလာက Backstreet Boys စသည့်အဖွဲ့များနှင့် လက်တွဲလုပ်ကိုင်ခဲ့သူဖြစ်သည်။

တေလာဆွစ်ဖ်ကမူ 3LW အဖွဲ့၏သီ ချင်းကို Shake It Off မရေးမီ မကြားဖူးခဲ့ဟု သြဂုတ်လက ပြောထားသေးသည်။ မည်သူမဆို အဆိုးမြင်ဝါဒကို လွှတ်ချသင့်သည်ဆိုသည့် အိုင်ဒီယာကို ဖော်ပြရာတွင်သုံးလေ့ရှိသည့် Players gonna play နှင့် haters gonna hate ဆိုသည့် အသုံးအနှုန်းကိုမူ သိသည်ဟု ပြောသည်။

Shake It Off သီချင်းသည် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာတွင် လူကြိုက်အများဆုံး Billboard Hot 100 သီချင်းစာရင်းတွင် နံ ပါတ်(၁)နေရာ၌ လေးပတ်ဆက်ရပ်တည်နိုင်ခဲ့ပြီး ဆွစ်ဖ်၏ You Belong With Me သီချင်းနှင့်အတူ Hot 100 စာရင်းတွင် သီတင်းပတ် ၅၀ ကြာ အောင်မြင်ခဲ့သည်။

Most Read

Most Recent