Miss Earth 2022 ပြိုင်ပွဲ၏ Winner ဆုကို တောင်ကိုရီးယားအလှမယ်ဆွတ်ခူး

Miss Earth 2022 ပြိုင်ပွဲ၏ Winner ဆုကို တောင်ကိုရီးယားအလှမယ်ဆွတ်ခူး
Photo - Allkpop
Photo - Allkpop
Published 30 November 2022

Miss Earth 2022 ပြိုင်ပွဲ၏ Winner ဆုကို အသက် ၂၄ နှစ်အရွယ် တောင်ကိုရီးယားအလှမယ် Mina Sue Choi က ဆွတ်ခူးသွားခဲ့ပြီး တောင်ကိုရီးယားနိုင်ငံက Miss Earth ယှဉ်ပြိုင်လာသည့် အနှစ် ၂၀ အတွင်း ပထမဆုံး Winner ဆု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ဖွား Choi သည် 2021 Miss Korea ပြိုင်ပွဲတွင် အလှမယ် Kim Su-jin ဆိုသူနှင့်အတူ 1st Runner-up ဆုရခဲ့ပြီး ပုံမှန်အားဖြင့် ၎င်းပြိုင်ပွဲမှ runner-up ဆုရှင်များကို နိုင်ငံတကာအလှမယ်ပြိုင်ပွဲများသို့ စေလွှတ်လေ့ရှိသည့်အတွက် Choi က Miss Earth Korea 2022အဖြစ်  ၊Kim က Miss International Korea 2022 အဖြစ် ကိုယ်စားပြုစေလွှတ်ခံခဲ့ရသည်။

Miss Universe ၊Miss World ၊Miss International ၊ Miss Earth နှင့် Miss Supranational ဆိုသည့် အဓိကအလှမယ် ပြိုင်ပွဲကြီးငါးခုရှိပြီး Choi ရှေ့တွင် တောင်ကိုရီးယားအလှမယ် Jenny Kim က Miss Supranational 2017 ဆုကိုရယူပေးထားသည့် နိုင်ငံ၏တစ်ဦးတည်းသောဆုရှင်ဖြစ်သည်။

ယခုနှစ် Miss Earth ပြိုင်ပွဲတွင် သြစတြေးလျအလှမယ်က Miss Earth 2022 Air ၊ ပါလက်စတိုင်းအလှမယ်က Miss Earth 2022 Water ၊ ကိုလံဘီယာအလှမယ်က Miss Earth 2022 Fire ဆုတို့ အသီးသီး ဆွတ်ခူးခဲ့သည်။

Choi ကိုမူ Miss Earth 2021 ပြိုင်ပွဲတွင် Winner ဆုရှင်ဖြစ်ခဲ့သည့် ဘလိဇ်အလှမယ်က သရဖူလွှဲပြောင်းပေးခဲ့သည်။

Most Read

Most Recent