ကချင်ပြည်နယ် ဖားကန့်ဒေသတွင် မြေပြိုမှုကြောင့် အမျိုးသားနှစ်ဦး သေဆုံး

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် မြေပြိုမှုကြောင့် အမျိုးသားနှစ်ဦး သေဆုံး
Published 29 November 2022

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ၊ သာယာကုန်းကျေးရွာအနီးရှိ ဆင်ခေါင်းတောင် လုပ်ကွက်တွင် မြေပြိုမှုဖြစ်ပွားခဲ့မှုကြောင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၂၈ ရက် နံနက် ၃ နာရီဝန်းကျင် ခန့်တွင် ကျောက်စိမ်းတူးဖော်နေသည့် လုပ် ကွက် ပြိုကျခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်ကြောင့် ကျောက်စိမ်းရှာဖွေနေသည့် အမျိုးသားနှစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

သေဆုံးသူနှစ်ဦးမှာ မြစ်ကြီးနားမြို့၊ ကရိန်နော်ရပ်ကွက်မှ အသက် ၄၅ နှစ်အရွယ် ဦးအဒီးနှင့် အသက် ၃၅ နှစ်အရွယ် ခွါဘွမ် ခုံဂျုံးတို့ဖြစ်ကြောင်း သိရသည်။

“သာယာကုန်း ရွာအောက်မှာ တူးနေတဲ့ ကျင်းက ပြိုတာ။ မြစ်ကြီးနားမြို့ကို သယ်ဖို့ ပြင်တော့ ဒီက ဆေးရုံက လက်မှတ်ရမှ မြစ် ကြီးနား ပြန်သယ်နိုင်မယ်လို့ လူမှုကူညီရေး အသင်းတွေက ပြောလာတယ်။ အဲဒါနဲ့ အလောင်းကိုတော့ ဆေးရုံကို ပို့ထားတယ်” ဟု သေဆုံးသူနှစ်ဦးကို မြစ်ကြီးနားမြို့သို့ သယ်ဆောင်ရန် ကူညီနေသူတစ်ဦးက ဆို သည်။

အောက်တိုဘာ ၁ ရက်ကလည်း ဖား ကန့်ဒေသ၊ မိုးကာကျေးရွာတွင် မြေပြိုမှု ကြောင့် ကျောက်စိမ်းရှာဖွေသူနှစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ဖားကန့်ဒေသတွင် ၂၀၂၂ ခုနှစ် သြ ဂုတ် ၂ ရက်က  ဆိပ်မူကျေးရွာအုပ်စု၊ အောင် စုကျော်ရပ်ကွက် အနောက်ဘက်ခြမ်း   တစ် သုံးလုံးကုမ္ပဏီဟောင်း ကျောက်စိမ်းတူးဖော် ထားသည့် ကျင်းဟောင်းအတွင်းသို့ အမျိုး သားတစ်ဦး ပြုတ်ကျသေဆုံးခဲ့သည်။

ထို့ပြင် ဇွန် ၂၈ ရက်ကလည်း မနကျေး ရွာအနီးရှိ ဆန်ကြွယ်ရပ်ကွက် တစ်သုံးလုံး ကုမ္ပဏီ ကျောက်မိုင်းခွဲရာမှ သားသမီး သုံး ယောက်၏ ဖခင်ဖြစ်သူ အသက် ၄၆ နှစ်ရွယ်ရှိ ဦးသန်းနိုင်မှာ ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးခဲ့ သကဲ့သို့ ဇွန် ၂၇ ရက်ကလည်း ကျောက်စိမ်း တူးနေသူနှစ်ဦးအပေါ်သို့   မြေစာပုံ ပြိုကျခဲ့ သဖြင့် သေဆုံးခဲ့သည်။

လက်ရှိ ဖားကန့်ဒေသတွင် ကုမ္ပဏီများ အား ကျောက်စိမ်းတူးဖော်ခွင့် ရပ်ဆိုင်းထား သော်လည်း ကျောက်စိမ်းအထွက်ကောင်း သည့် နေရာအနှံ့အပြားတွင်  စက်ယန္တရားကြီး ငယ်တို့ဖြင့် ညစဉ်တရားမဝင်တူးဖော်နေ ကြဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရ သည်။ ဖားကန့်ဒေသတွင် မြန်မာနိုင်ငံအရပ် ရပ်မှ ရောက်ရှိလာသည့် ရွှေ့ပြောင်းလုပ်သား သုံးသိန်းဝန်းကျင်ခန့်ရှိပြီး ကျောက်စိမ်းလုပ် ကွက်များတွင် တရားမဝင် တစ်နိုင်တစ်ပိုင်တူး ဖော်ခြင်း၊ မြေစာပုံများတွင် ရေမဆေးရှာခြင်း၊ ကျောက်စိမ်းတူးဖော်နေဆဲ လုပ်ကွက်များ တွင် ကျောက်စိမ်းရှာဖွေခြင်း စသည့်လုပ်ငန်း များတွင် မြေပြို့မှုကြောင့် လစဉ် လူသေဆုံးမှု များ ရှိနေခြင်းဖြစ်သည်။  

ထွန်းလင်းအောင်

Most Read

Most Recent