၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ဘရာဇီးလ်အသင်းလူစာရင်းမှ ချန်လှပ်ခံရပြီးနောက် မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဟု ဘရာဇီးလ်တိုက်စစ်မှူး ဖေမီနို ဖွင့်ဟ

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ဘရာဇီးလ်အသင်းလူစာရင်းမှ ချန်လှပ်ခံရပြီးနောက် မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဟု ဘရာဇီးလ်တိုက်စစ်မှူး ဖေမီနို ဖွင့်ဟ
Photo: Anfield Watch
Photo: Anfield Watch
Published 10 November 2022

လီဗာပူးလ်တိုက်စစ်မှူး ဖေမီနိုက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ဘရာဇီးလ်အသင်းလူစာရင်းမှ ချန်လှပ်ခံရပြီးနောက် မိမိမျှော်လင့်ထားသလို ဖြစ်မလာခဲ့ကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ဘရာဇီးလ်အသင်းနည်းပြ ထိထီသည် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ကစားသမား (၂၆)ဦးကို ထုတ်ပြန်ခဲ့ရာ ဖေမီနိုကို ချန်လှပ်ခံခဲ့ရပြီး ဒဏ်ရာပြဿနာရှိလာလျှင် အရန်သင့်အစားထိုးမည့်စာရင်းတွင်သာ ပါဝင်ခဲ့ကြောင်း သိရသည်။

ဖေမီနိုက ''ကျွန်တော့်ကို မက်ဆေ့ချ်ပို့ပြီး အားပေးကြတဲ့သူတွေ အားလုံးကိုကျေးဇူးတင်ပါတယ်။ ကမ္ဘာ့ဖလားမှာ ကစားဖို့က ကစားသမားတိုင်းရဲ့ အိပ်မက်ဖြစ်ပြီး ကျွန်တော်လည်းအဲဒီလိုပါပဲ။ ဒါပေမဲ့ ကျွန်တော် မျှော်လင့်သလို မဖြစ်ခဲ့ပါဘူး''ဟု  Instagram တွင် ရေးသားခဲ့သည်။

ဖေမီနို၏ ယခုရာသီ စွမ်းဆောင်မှုမှာ ဘရာဇီးလ်အသင်းတွင် ရွေးချယ်ခံခဲ့ရသည့် ရစ်ချာလီဆန်၊ ဂျေးဇူး၊ ရာဖင်ညာ၊ အန်တိုနီတို့ထက် သာလွန်သဖြင့် ထိထီကို ဝေဖန်မှုများလည်းရှိနေသည်။

Most Read

Most Recent