လမ်းပတ်ကို ထုတ်ပယ်ရန် အဲဗာတန်ပရိသတ်များ တောင်းဆို

လမ်းပတ်ကို ထုတ်ပယ်ရန် အဲဗာတန်ပရိသတ်များ တောင်းဆို
Photo: Getty Images
Photo: Getty Images
Published 10 November 2022

အဲဗာတန်အသင်းပရိသတ်များသည် ဘုန်းမောက်ကိုရှုံးနိမ့်ပြီးနောက် အသင်းနည်းပြ လမ်းပတ်အား ရာထူးမှထုတ်ပယ်ရန် လူမှုကွန်ရက်များတွင် တောင်းဆိုခဲ့ကြကြောင်း သိရသည်။

အဲဗာတန်အသင်းသည် အောက်တိုဘာ (၈) ရက်က ကစားခဲ့သည့် လိဂ်ဖလား တတိယအဆင့်တွင် ဘုန်းမောက်အသင်းကို အဝေးကွင်းတွင် (၁-၄)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ယင်းပွဲအပြီးတွင် အဲဗာတန်ပရိသတ်များက ''လမ်းပတ်ကို ထုတ်ပါတော့။ လိဂ်ချန်ပီယံရှစ်ရောက်တော့မယ်''၊ ''လမ်းပတ်ကို ထုတ်ပြီး ဆမ်အလာဒိုက်စ်သာ ပြန်ခန့်လိုက်ပါ''၊ ''လမ်းပတ်ရဲ့အသင်းက ကျက်သရေတုံးတယ်'' စသဖြင့် မှတ်ချက် များ ရေးသားကာ တောင်းဆိုခဲ့ကြသည်။ 

Most Read

Most Recent