ပေါ်တိုအသင်းဥက္ကဋ္ဌအဖြစ် ဘိုအက်ရှ် ရွေးချယ်ခံရ

ပေါ်တိုအသင်းဥက္ကဋ္ဌအဖြစ် ဘိုအက်ရှ် ရွေးချယ်ခံရ
Photo : Getty Images
Photo : Getty Images
Published 29 April 2024

ပေါ်တိုအသင်း၏ နည်းပြဟောင်းဖြစ်သူ ဘိုအက်ရှ်သည် ပေါ်တိုအသင်း၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

ဘိုအက်ရှ်(၄၆ နှစ်)သည် ပေါ်တို အသင်း၏ ဥက္ကဋ္ဌရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ သက်တမ်းရှည်ဥက္ကဋ္ဌ ဖြစ်သူ ဂျော့ချ်နူနိုပင်တိုကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

နူနိုပင်တိုသည် ပေါ်တိုအသင်း၏ ဥက္ကဋ္ဌအဖြစ် ၁၉၈၂ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့သူဖြစ်ပြီး (၄၂)နှစ်အကြာတွင် ဘိုအက်ရှ်ထံ လွှဲပြောင်းပေးလိုက်ရခြင်းဖြစ်သည်။

ရွေးကောက်ပွဲတွင် ဆန္ဒမဲ (၈၀.၃ %)အထိရရှိပြီး ပြတ်သားစွာအနိုင်ရရှိခဲ့သည့် ဘိုအက်ရှ်က ပေါ်တိုအသင်း လွတ်လပ်သွားပြီဟု ကြုံးဝါးခဲ့သည်။ ၎င်းက "ဒီအခွင့်အရေးကို ပေးခဲ့တဲ့အတွက် ကျွန်တော် အရမ်းပျော်ရွှင်ပါတယ်။ အရမ်းလည်း ဂုဏ်ယူပါတယ်။ ပေါ်တိုပရိသတ်အားလုံးရဲ့ လိုလားမှုတွေကို ဖြည့်ဆည်းပေးနိုင်ဖို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော်တို့နဲ့ ထိုက်တန်တဲ့နေရာကို ပြန်လည်ရရှိဖို့ တိုက်ပွဲဝင်သွားမှာပါ။ ကျွန်တော် ပြင်းပြင်းထန်ထန်ကြိုးစားသွားမှာပါ။ ဒီနေ့က ပေါ်တိုအသင်း ပြန်လည်လွတ်လပ်သွားတဲ့နေ့ဆိုတာ သံသယဝင်စရာမရှိပါဘူး"ဟု ပြောကြားခဲ့သည်။

ဘိုအက်ရှ်သည် ပေါ်တိုနည်းပြအဖြစ် ဆောင်ရွက်ခဲ့စဉ်က ယူရိုပါလိဂ်အပါအဝင် တစ်ရာသီအတွင်း ဖလားသုံးလုံးအောင်ပွဲ ရယူပေးနိုင်ခဲ့သူဖြစ်ပြီး ချယ်လ်ဆီးနှင့် စပါးအသင်းတို့ကိုလည်း ကိုင်တွယ်ခဲ့ဖူးသည်။

Most Read

Most Recent