ကွယ်နေတဲ့ အရိပ်တွေကို ဖယ်ကြည့်လိုက်ရင်

ကွယ်နေတဲ့ အရိပ်တွေကို ဖယ်ကြည့်လိုက်ရင်
Photos: AFP
Photos: AFP
Published 19 October 2022
Wai Yan Aung

အင်္ဂလန်မြေကို တစ်ကျော့ပြန်ခြေချချိန်မှာတော့ ကွန်တီက အဖြူရောင်လန်ဒန်ရဲ့ ဦးဆောင်သူဖြစ်လာပါတယ်။ ချယ်လ်ဆီးနဲ့ စပါးကြား ခြားနားမှုတွေက အများကြီးရှိပါတယ်။ ချယ်လ်ဆီး က ကွန်တီ မကိုင်တွယ်ခင်ကတည်းက ဆုဖလား အောင်ပွဲတွေနဲ့ ယဉ်ပါးနေပြီးသားအသင်းဖြစ်ပြီး ရုရှားသူဌေး မိုဗစ်ချ်ရဲ့ ငွေကြေးတွေနဲ့ အရှိန် ကောင်းကောင်းရနေတဲ့အသင်းပါ။ ချန်ပီယံဆုအတွက် ဦးတည်ယှဉ်ပြိုင်နေတဲ့ အသင်းတစ်သင်းပါ။ စပါးကတော့ ထိပ်သီး(၆)သင်းထဲမှာ အားအနည်းဆုံးလို့ သတ်မှတ်ရမယ့် အနေအထားဖြစ်ပါတယ်။ မန်ယူနဲ့ အာဆင်နယ်တို့ အင်အားလျော့ကျချိန်ဖြစ်ပေမဲ့ အစဉ်အလာအရ နိမ့်ပါးနေတာကြောင့် စပါးအသင်းက အထင်ကြီးမခံရပါဘူး။ ပြိုင်ဘက်တွေနဲ့ ယှဉ်ရင် အရှိန်အဝါမရှိဘူးလို့ ဆိုရမှာဖြစ်ပြီး တန်ဖိုးကြီး ဆုဖလားတစ်ခုခု မရယူနိုင်သေးသရွေ့တော့ စပါးအသင်းက ကျိုးကျိုးနွံနွံသာ ရှိနေရမယ့်သဘောပါပဲ။ တကယ်တော့ အသင်းဥက္ကဋ္ဌ လီဗီရဲ့ ဦး ဆောင်မှုအောက်မှာ စပါးအသင်းက အရှိန်နဲ့ပြေးဖို့ အသင့်ဖြစ်နေပြီလို့ ဆိုနိုင်ပါတယ်။

 

Most Read

Most Recent