ယူကရိန်းစစ်သား ၂၀၀၀ ကို လေ့ကျင့်ပေးမည်ဟု ပြင်သစ် ကာကွယ်ရေးဝန်ကြီး ပြောကြား

ယူကရိန်းစစ်သား ၂၀၀၀ ကို လေ့ကျင့်ပေးမည်ဟု ပြင်သစ် ကာကွယ်ရေးဝန်ကြီး ပြောကြား
Published 16 October 2022
Ref: AFP

ပြင်သစ်နိုင်ငံအတွင်း ယူကရိန်းစစ်သား ၂၀၀၀ ခန့်ကို စစ်ပညာ လေ့ကျင့်သင်ကြားပေး သွားမည်ဟု ပြင်သစ် ကာကွယ်ရေးဝန်ကြီး စီဘက်စတီယန် လီကော်နျူက အောက်တိုဘာ ၁၅ ရက်တွင် Le Parisier သတင်းစာနှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ယူကရိန်း စစ်သားများကို မိမိ တို့တပ်ဖွဲ့များအတွင်း ထည့်သွင်းလေ့ကျင့် ပေးသွားမည်ဖြစ်ပြီး အထွေထွေတိုက်ခိုက်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် အနောက်နိုင်ငံများက ထောက်ပံ့ပေးခဲ့သည့် ကာကွယ်ရေး ပစ္စည်းများကို အသုံးပြုနည်းများကို သင်ကြားပေးသွားမည်ဟု ၎င်းက ဆိုသည်။

မိမိတို့သည် စစ်ဖြစ်နေခြင်းမဟုတ်သဖြင့် ရန်လိုသည့် အသွင်ဆောင်မည်မဟုတ်ဘဲ ရုရှားနှင့် စစ်ဖြစ် နေသည့် နိုင်ငံကို ကူညီပေးနေခြင်းဖြစ်သည်ဟု ပြင်သစ်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

ပြင်သစ်သည် ယူကရိနး်ကို Crotale လေကြောင်းကာကွယ်ရေးစနစ်များလည်း ထောက်ပံ့ပေးမည်ဟု ၎င်းကပြောကြားခဲ့ သော်လည်း မည်မျှထောက်ပံ့ပေးသွားမည်ကိုမူ ပြောကြားခြင်းမရှိခဲ့ပေ။

အောက်တိုဘာ ၁၂ ရက်ကလည်း ပြင်သစ်သမ္မတ အီမန်နျူ ယယ်မက်ခရွန်က ယူကရိန်းကို ရေဒါများနှင့် ဒုံးကျည်များ ထောက်ပံ့ပေးသွားမည်ဟု ပြော ကြားခဲ့သည်။                                 

 

 

Most Read

Most Recent