ရန်ကုန်မြို့ သရက်တော ကျောင်းတိုက်ရဲ့ နေ့လယ်စာ လှူဒါန်းမှု

ရန်ကုန်မြို့ သရက်တော ကျောင်းတိုက်ရဲ့ နေ့လယ်စာ လှူဒါန်းမှု
Published 2 October 2022
 ဇော်မင်းနိုင်

“ လက်မှတ်လေးတွေရှိတယ်မ ဟုတ်လား။ စနစ်တကျ တန်းစီကြနော်။ အလှည့်မကျော်နဲ့။ လူတွေအ ကုန်လုံးကို ပေးနိုင်တယ်” လို့ ဟန်းစပီကာကို ကိုင်ပြီး သံဃာတော်တပါးက မိန့်ကြားနေပါတယ်။

ဟန်းစပီကာ ကိုင်ထားတဲ့ ဘုန်း ကြီးရဲ့ ဘေးမှာတော့လူ သုံးရာနီးပါး ရှိတဲ့ လူတန်းကြီးကတန်းစီစောင့် ဆိုင်းနေပါတယ်။

နို့စို့အရွယ်က ကလေးငယ်ကို ချီထားတဲ့ သားသည်မိခင်တစ် ယောက်က သူရရှိထားတဲ့ လက်မှတ် လေးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဘုးန်ကြီးကျောင်းက ဝေဌမယ့် ထမင်းနဲ့ဟင်းကို စောင့်ဆိုင်းနေပါ တယ်။

“ နေ့လည်စာအတွက်ကတော့ ဒီမှာလာတန်းစီတယ်။ နေ့တိုင်းပဲ” လို့ ကလေးငယ်ကို ချီထားတဲ့ မိခင် က ပြောပါတယ်။

လူသုံးရာနီးပါးရှိတဲ့ လူတန်း ကြီးထဲမှာအသက်အရွယ်အစုံ လူမျိုး စုံပါဝင်ပါတယ်။ ထမင်းတနပ်ကို ငွေတစ်ထောင်ကျော်မပေးဘဲနဲ့ ဝယ်စားလို့မရတဲ့ ရန်ကုန်မြို့မှာ ဘုန်းကြီးကျောင်းက လှူဒါန်းတဲ့ ထမင်းတနပ် က သူတို့အတွက်တော့ နေ့လည်ခင်းအတွက် ဝမ်းရေးဖြေရှင်းနိုင်တဲ့အ ခြေအနေပဲ ဖြစ်ပါတယ်။

“ ရန်ကုန်မှာက ထမင်းဘယ် နေရာမှာစားစား အနည်းဆုံး ၁၅၀၀ ရှိတယ်လေ။ ဒါက အနည်းဆုံးပဲ။ ၁၅၀၀ သက်သာတော့ တခြားလို အပ်တာ သုံးလို့ရတယ်” လို့ ထမင်း ထုတ်လာရောက်တန်းစီတဲ့သူတစ်ဦး ကပြောပါတယ်။

အဲ့ဒီမြင်ကွင်းတွေကတော့ ရန် ကုန်မြို့ ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ သရက်တောကျောင်းတိုက်မှာ မွန်း လွဲပိုင်းအချိန် မြင်တွေ့ရမယ့် မြင် ကွင်းပဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့ သရက်တော ကျောင်းတိုက်က အခုလိုနေ့လည်စာ လှူဒါန်းတာကတော့ ၂၀၂၁ ခုနှစ်မှာ စလုပ်ခဲ့တာပါ။

“ ၂၀၂၁ ခုနှစ် ခြောက်လပိုင်းက စလုပ်ဖြစ်တာ။ ဆွမ်းခံတာကနေ ရ တဲ့ ဆွမ်းထမင်း၊ ဆွမ်းဟင်းတွေကို ဦးဇင်းတို့လည်း ဘုန်းပေးတယ်။ နောက်ပြီးတော့ အလေအလွင့်မဖြစ် အောင်ဆိုပြီး ငါးဦးစ ခြောက်ဦးစ  ဆယ်ဦးစ အဲ့ဒီကနေ စလှူတာပေါ့” လို့ သရက်တောကျောင်းတိုက်မှ ဆ ရာတော် အရှင် ဥတ္တမသီရိက မိန့် ကြားပါတယ်။

ဒါယိကာ၊ ဒါယိကာမတွေ လှူ ဒါန်းတဲ့ ဆွမ်းတွေ ဟင်းတွေကို အ လေအလွင့်ဖြစ်မှာစိုးလို့ စတင်ခဲ့တာ လို့ ဆရာတော်က မိန့်ပါတယ်။

“ အလေအလွင့်ဖြစ်မှာစိုးလို့ စိတ်ပူပြီးတော့ ခုနစ်ရက်သားသမီး ကိုပြန်လှူပေးတာပါ။ ဦးဇင်းတို့မှာ က ဆွမ်းဆန်စိမ်း အလှူခံတာတွေ ရှိတယ်။ လကုန်ပြီး ၆ ရက် ၇ ရက်ဆို ဆွမ်းဆန်စိမ်းအလှူခံတာရှိတယ်။ ဥပမာ မင်းမနိုင်တို့ အင်းစိန်တို့ အဲ့ဒီ ဘက်တွေမှာပေါ့။ အဲ့ဒီက ရလာတဲ့ ကြက်သွန်တို့ ဆီဆားငရုတ်စတာ တွေကို ဒီဘက်မှာ အကျိုးရှိအောင် ပြန်လှူပေးတာပေါ့” လို့ ဆရာတော် က မိန့်ကြားပါတယ်။

စတင်လှူဒါန်းစဉ်ကတော့ ကျောင်းတိုက်မှာရှိတဲ့ သံဃာတော် တွေ ဘုန်းပေးပြီး ကျန်တဲ့ ထမင်းနဲ့ ဟင်းတွေကို လှူဒါန်းခဲ့တာပါ။

“ လှူရင်းလှူရင်းနဲ့ အယောက် ၃၀၊ ၄၀ ဖြစ်လာတယ်။ အဲ့ဒီလောက် အထိလည်း လှူနိုင်သေးတယ်။ အ ယောက် ၅၀၊ ၆၀ ဖြစ်လာတော့ မလှူ နိုင်တော့ဘူး။ အလှူခံရတဲ့ ဆွမ်းနဲ့ မလောက်တော့ ကိုယ်တိုင်ချက်ရ တော့တယ်” လို့ အရှင်ဥတ္တမသီရိက မိန့်ကြားပါတယ်။

မရှိဆင်းရဲတဲ့သူတွေကို နေ့ လည်စာလှူဒါန်းနိုင်ဖို့အတွက် ဟင်း သီးဟင်းရွက်တွေကို ဒညင်းကုန်း စျေးကနေ ဝယ်ယူပြီးတော့ ကုလား ပဲနဲ့ ပဲကုလားဟင်းချက်ပြီး ထမင်း တစ်ထုပ်နဲ့ ပဲကုလားဟင်း ဝေဌရပါ တယ်။

“ အလှူရှင်မရှိတဲ့ရက်မှာလည်း သီးစုံပဲကုလားဟင်းနဲ့ ထမင်းက တော့ နေ့စဉ်လှူဖြစ်တယ်” လို့ ဆရာ တော်က မိန့်ကြားပါတယ်။

အဲ့ဒီလို လှူဒါန်းရင်းနဲ့ အခုဆို ရင် တစ်ရက်ကို လူဦးရေ အနည်းဆုံး ရာဂဏန်းချီ လှူုဒါန်းနေရပါတယ်။

“ လူတစ်ရာကနေ နှစ်ရာဖြစ် လာတယ်။ နောက်ပိုင်းမှာ အလှူရှင် တွေ ကြိုကြားကြိုကြား ဝင်လာတယ်။ တစ်လကို အလှူရှင် ငါးဦး ခြောက်ဦး ဝင်လာတယ်။ အဲ့ဒီကနေ ၂၀၀၊ ၃၀၀ ဖြစ်လာတယ်။ ဒီနေ့ဆိုရင် ထမင်း ထုတ်အတွက် ဝေထားတဲ့ကတ် ၆၃၀ ရှိတယ်” လို့ ဆရာတော်က ဆက် လက်မိန့်ကြားပါတယ်။

အလှူရှင်မရှိတဲ့အချိန်တွေမှာ တော့ နှစ်ရက်တစ်ခါစျေးဝယ်ရင် ၁၁ သိန်းခွဲကုန်တယ်။ပဲဆို တစ်အိတ် ကို သုံးရက်ချက်ရတယ်။ တခါချက် ရင် ခြောက်ပြည်ချက်ရတယ်။ သီးစုံ ပဲကုလားဟင်းပေါ့။ ဆီကကျတော့ သုံးရက်ကို အချိန် ၁၀ ကုန်တယ်။ အသားဟင်းဆိုရင်လည်း ကြက်သား ဆို လူတစ်ယောက်စာ ငါးကျပ်သား တစ်တုံးဝေတယ်။ ကြက်သားဆိုရင် တစ်ခါဝယ်ရင် အချိန် ၆၀ ကျော် ဝယ်တယ်။ ကြက်သားဆိုရင်တော့ တစ်ရက်တစ်ခါဝယ်ရင် အဲ့ဒီနှုန်း ပေါ့။ အမြဲတမ်းကတော့ သီးစုံကု လားပဲဟင်းနဲ့ ထမင်းပေါ့” လို့ ဆရာ တော်က မိန့်ကြားပါတယ်။

လာရောက် အလှူခံတန်းစီသူတွေမှာ ဘာသာခြားတွေလည်း ပါတဲ့အတွက်ကြောင့် အစားအသောက် ကို အဆင်ပြေအောင် စီစဉ်ရတယ်လို့ ဆရာတော်က မိန့်ပါတယ်။

“ အသားဟင်းဆို ကြက်သားနဲ့ ငါးဖယ်ငါးဆုပ်ပဲ သုံးတယ်။ ကြက်သားပြီးရင် ငါးဖယ်ငါးဆုတ်ပေါ့။ လူမျိုးခြား၊ ဘာသာခြားတွေလည်းပါတော့ အသားဟင်းကို ကြက်သားနဲ့ ငါးဖယ်ငါးဆုပ်ပဲ သုံးတယ်။ ကြက်သားနှစ်ရက်ဆို ငါးဖယ်ငါးဆုပ်တစ်ရက်။ ဒါမှမဟုတ် ကြက်သားတစ်ရက် ငါးဖယ်ငါးဆုပ်နှစ်ရက်ပေါ့။အလှူရှင်ရှိတဲ့ရက်ဆိုရင် ဘဲဥတို့ ဘာတို့လည်း ထပ်ထည့်တာပေါ့” လို့ ဆ ရာတော်က မိန့်ကြားပါတယ်။

စတင်လှူဒါန်းစဉ်ကတော့ ကျောင်းမှာရှိတဲ့ ထမင်း၊ ဟင်းတွေ၊ ဆွမ်းဆန်စိမ်းကရတဲ့ စားသောက် ဖွယ်ရာတွေကို လှူဒါန်းခဲ့ပြီးတော့ အခုချိန်မှာတော့ အလှူရှင်တွေရှိ လာတယ်လို့ ဆရာတော်က မိန့်ကြား ပါတယ်။

“ စာဝါချပြီး တရားထိုင်ပြီး ည နေ ၃ နာရီလောက်ဆိုရင် မနက်ဖန် အတွက် လှူဖို့တန်းဖို့ စစီစဉ်ရတယ်။ ကျောင်းမှာရှိတဲ့သူတွေ အကုန်လုံး က မနက်ဖန်အတွက် ၀ိုင်းချက်ရတာ ပေါ့” လို့ ဆရာတော် အရှင်ဥတ္တမသီ ရိက မိန့်ကြားပါတယ်။

လာရောက်အလှူခံတဲ့သူတွေ ကိုတော့ တစ်ယောက်စားလောက် တဲ့ ထမင်းပမာဏနဲ့ ဟင်းထုပ်ကို အဆင်သင့်ထည့်ထားပြီးတော့ တန်း စီတဲ့သူတွေကို ကတ်ကလေးတွေ ပေးထားပါတယ်။ ထမင်းထုတ်တွေ ဟင်းထုတ်တွေယူပြီးတာနဲ့ ကတ် တွေကို ကူညီတဲ့သူတွေကို ပြန်အပ် ရပါတယ်။

အလှည့်ကျော်လို့လည်း မရသ လို ဖြစ်သလိုတန်းစီလို့လည်း မရပါ ဘူး။ လိုက်လံကြီးကြပ်နေတဲ့ ဆရာ တော်တစ်ပါးနဲ့ ဝေယျာဝစ္စလုပ်ကိုင် ပေးတဲ့လူငယ်တွေက စနစ်တကျဖြစ် အောင် ဆောင်ရွက်ပေးနေတာကို လည်း တွေ့ရပါတယ်။

ထမင်းထုပ်၊ ဟင်းထုပ် မဝေငှ မီမှာတော့ ဆရာတော် အရှင်ဥတ္တမ သီရိကိုယ်တိုင်ဦးဆောင်ပြီးတော့ အလှူရှင်တွေအတွက် သာဓုခေါ် ဆုတောင်းမေတ္တာပို့တာကို အရင် ဆုံးလုပ်ရပါတယ်။

တန်းစီတဲ့သူတွေထဲမှာ လမ်း လုပ်သားတွေ ပါဝင်တာကိုလည်း တွေ့ရပြီးတော့ အများစုကတော့ အခြေခံလူတန်းစားတွေဖြစ်ပါ တယ်။

ထမင်းထုတ်၊ ဟင်းထုတ် ဝေငှ တဲ့နေရာမှာလည်း ကလေးငယ်တွေ ကို ဦးစားပေးပြီးတော့ ဝေဌတာကို လည်း တွေ့မြင်ရပါတယ်။

“ ကလေးတွေကို ဦးစားပေး တယ်။ ဒီမှာက ကလေးတွေလည်း လာတန်းစီတာ တွေ့မှာပေါ့။ သူတို့ ကို ဦးစားပေးပဲ။ ကလေးတွေအ တွက် ဟင်းထုတ်မှာ အသားမပါလို့ မရဘူး။ အသားဟင်းမပါရင် ဆရာ တော်ကိုယ်တိုင်ကြည့်နေတာ။ ပြန် လဲခိုင်းတယ်” လို့ ဝေယျာဝစ္စလုပ် ကိုင်ပေးတဲ့ လူငယ်တစ်ဦးက ပြော ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ် မှာ ထမင်းထုတ်၊ ဟင်းထုတ် ဝေဌတဲ့ အစီအစဉ်က နေ့လည် ၁၁ နာရီ ကျော်လောက်မှာ စတင်ပြီး တာ့ ဝေငှတဲ့အစီအစဉ်က နာရီဝက် ကျော်အကြာမှာ ပြီးဆုံးခဲ့ပါတယ်။

ထမင်းထုတ်တွေရရှိတဲ့ မိသား စုတွေကတော့ လမ်းဘေးအရိပ် ကောင်းတဲ့တစ်နေရာမှာ ထိုင်ပြီး ထမင်းစားသောက်နေကြပါတယ်။

 “ စားပြီးသွားရင် အမှိုက်တွေ ကိုအမှိုက်တောင်းတွေထဲ ပစ်ကြ နော်။ ဒီအတိုင်းမထားခဲ့ကြနဲ့ဦး။ အများသူငါလမ်းပေါ်မှာ အမှိုက် တွေ ပွကုန်မယ်” လို့ လိုက်လံကြီး ကြပ်နေတဲ့ ဆရာတော်တပါးက မိန့် ပါတယ်။

ကျောင်းတိုက်မှာလှူဒါန်းလို့ ပိုတဲ့ ထမင်းနဲ့ ဟင်းကို ရန်ကုန်ဆေး ရုံကြီးမှာ ထပ်မံလှူဒါန်းတယ်လို့ ဆရာတော် အရှင်ဥတ္တရသီရိက မိန့် ကြားပါတယ်။

 “ ဒီမှာကတော့ အဆင်မပြေတဲ့ ဒကာ၊ ဒကာမတွေကို လှူတာပေါ့။ ပိုရင်လည်း ဒီနားက ရန်ကုန်ဆေးရုံ ကြီး ဂျပန်ဆေးရုံကြီးက ဝန်ထမ်း တွေကိုပါ ထပ်လှူတယ်။ ဒါပြီးရင် ဆေးရုံကို ဆက်သွားမှာ” လို့ ဆရာ တော်က မိန့်ပါတယ်။

ကြပ်တည်းမှုတွေရှိနေတဲ့အ ချိန်မှာ ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းပေါ် မှာရှိတဲ့ သရက်တောဘုန်းကြီး ကျောင်းတိုက်မှာတော့ နေ့စဉ်နေ့ လည်စာအတွက် လှူဒါန်းမှုတွေ ဆက်လုပ်နေပါတယ်။

လသားကလေးငယ်ကို ချီပိုး ထားပြီး တဖက်ကထမင်းထုပ်ကိုစား ပြီးချိန်မှာတော့ အမျိုးသမီးငယ်က ဘေးနားက ရေဘူးထဲက ရေကို သောက်လိုက်ပါတယ်။ ပြီးတာနဲ့ က လေးငယ်ကို တဖက်ကချီပြီး စားပြီး သား ထမင်းထုတ်နဲ့ဟင်းထုတ်ကို အနီးနားမှာရှိတဲ့ အမှိုက်တောင်းထဲ ကို ထည့်ပြီး ထွက်ခွာသွားပါတယ်။ အမျိုးသမီးငယ်အတွက်ကတော့ နေ့လည်စာအတွက် ပြီးမြောက်သွား ပြီ ဖြစ်ပါတယ်။             



 

Most Read

Most Recent