ရုရှားကို တိုက်ခိုက်ရာတွင် ထိရောက်မှုရှိသည့် Himars ဒုံးကျည်အရေအတွက် နှစ်ဆပံ့ပိုးမှုပါဝင်သည့် ဒေါ်လာ ၁.၁ ဘီလျံရှိ စစ်ရေးအကူအညီသစ်ကို အမေရိကန်ကြေညာ

ရုရှားကို တိုက်ခိုက်ရာတွင် ထိရောက်မှုရှိသည့် Himars ဒုံးကျည်အရေအတွက် နှစ်ဆပံ့ပိုးမှုပါဝင်သည့် ဒေါ်လာ ၁.၁ ဘီလျံရှိ စစ်ရေးအကူအညီသစ်ကို အမေရိကန်ကြေညာ
စစ်ရေးလေ့ကျင့်မှုအတွင်း စက်တင်ဘာ ၂၆ ရက်က ရိုက်ထားသောပုံ$ Himars ဒုံးကျည်နှင့် ဒုံးပစ်လောင်ချာတင်ယာဉ်ကို တွေ့ရစဉ် (Photo : AFP)
စစ်ရေးလေ့ကျင့်မှုအတွင်း စက်တင်ဘာ ၂၆ ရက်က ရိုက်ထားသောပုံ$ Himars ဒုံးကျည်နှင့် ဒုံးပစ်လောင်ချာတင်ယာဉ်ကို တွေ့ရစဉ် (Photo : AFP)
Published 29 September 2022
Ref : AFP

အမေရိကန်ဒေါ်လာ ၁.၁ ဘီလျံရှိ စစ်ရေးအကူအညီသစ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ယူကရိန်းသို့ Himars ဒုံးကျည်စနစ်အရေအတွက် နှစ်ဆပေးပို့သွားမည်ဟု စက်တင်ဘာလ ၂၈ ရက်တွင်  အမေရိကန်ပြည်ထောင်စုက ကြေညာခဲ့သည်။

ကွပ်ကဲရေးစခန်းများ၊ လက်နက်သိုလှောင်ရုံများကဲ့သို့ တန်ဖိုးကြီးရုရှားပစ်မှတ်များကို ကြီးကြီးမားမား ထိခိုက်ပျက်စီးအောင် လုပ်ဆောင်ရာတွင် ယူကရိန်းအသုံးပြုနေသော ပစ်မှတ်တိကျ Himars ဒုံးကျည် နောက်ထပ် ၁၈ ခုကို ပေးပို့သွားမည်ဟု ပင်တဂွန်က ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဘက်စုံသုံးဒုံးကျည် စနစ်ကို အလယ်အလတ်ကာလနှင့်ကာလရှည် ပေးပို့သွားမည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

လက်ရှိ သိမ်းဆည်းထားသော လက်နက်များထဲမှ ထုတ်ယူခြင်းမပြုဘဲ အသစ်ချက်ချွတ် ဝယ်ထားသော လက်နက်များ ယခုအကူအညီ သစ်တွင်ပါဝင်မည်ဖြစ်ကာ Himars ဒုံးကျည်စနစ်တစ်ခုတည်းသည်ပင် နှစ်အနည်းငယ် ကြာနိုင်သည်ဟု အကြီးတန်းပင်တဂွန်တာ ဝန်ရှိသူက ပြောကြားသည်။

လက်ရှိအချိန်ထိ Himars ဒုံးကျည် ၁၆ ခုကို ယူကရိန်းက အသုံးပြုနေသည်။ မကြာမီက ကျူးကျော်သူ ရုရှားများကို တန်ပြန်ထိုး စစ်ဆင်ရာတွင် Himars ဒုံးကျည်စနစ်သည် အရေးပါသောကဏ္ဍမှ ပါဝင်ခဲ့သည်ဟု ချီးကျူးခံရသည်။

အမေရိကန်စစ်ဘက်လက်ပံ့ပိုးမှုများအတွက် နောက်ဆုံးမှာယူထားသော အမှာများတွင် သံချပ်ကာယာဉ် ၁၅၀၊ လက်နက်များကို ဆွဲသည့် ဗျူဟာမြောက်ယာဉ် ၁၅၀၊ ထရပ်ကားများ၊ နောက်တွဲယာဉ်များနှင့် စစ်မြေပြင် ပိုမိုဖြန့်ကြက်ထားသည့် ရုရှား၏ အီရန်လုပ်ဒရုန်းများကို ယူကရိန်းခုခံကာကွယ်ရာတွင် အကူအညီပေးမည့် စနစ်များ ပါဝင်သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယူကရိန်းက ကျူးကျော်သူရုရှားစစ်တပ်ကိုဆက်လက်တွန်းလှန်နေရသည့်အ နေအထားတွင်ယခု စစ်ရေးအကူအညီသစ်သည် ယူကရိန်းကြည်းတပ်၏ ကြ့ံကြ့ံခံသော စွမ်းအားကို တည်ဆောက်ရန် အရေးပါသော စွမ်းရည်များ၌ နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှုကို ကိုယ်စားပြုနေသည်ဟု ပင်တဂွန်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ရေးအကူအညီသစ်ကြောင့် ဖေဖော်ဝါရီနှောင်းပိုင်းတွင် ရုရှားကျူးကျော်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းသို့ပေးသည့် အမေရိကန်စစ်ရေးအကူအညီစုစုပေါင်းသည် ဒေါ်လာ ၁၆. ၂ ဘီလျံရှိလာခဲ့သည်။

မိမိတို့ ယူကရိန်းကို ထောက်ပံ့နေခြင်း အားတားဆီး၍ မရဆိုသည်ကို လက်နက်များ ဆက်လက်ပံ့ပိုးနေခြင်းက သက်သေခံနေသည်ဟု အိမ်ဖြူတော်ပြန်ကြားရေးအရာရှိ ကာရင်ဂျင်းပီယာရီက ပြောကြားခဲ့သည်။

“ကျွန်မတို့ဟာ ယူကရိန်းပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်သွားမှာဖြစ်ပါတယ်။ ယူကရိန်းပြည်သူတွေအနေနဲ့ ကိုယ့်ကိုယ်ကို်ကာကွယ်နေသရွေ့ သူတို့လိုအပ်တဲ့ လုံခြုံရေးအကူအညီကို ကျွန်မတို့ ဆက်လက်ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယူကရိန်းစစ်ပွဲရှည်ကြာလာသည့်တိုင် အမေရိကန်နှင့် မဟာမိတ်များက ယူကရိန်းကို ဆက်လက်ထောက်ပံ့နေမည်ဟု မကြာမီက အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ထုတ်ဖော်ပြောကြားခဲ့သည်။

Most Read

Most Recent