အတည်တကျမရှိသော ကပ်ရောဂါစည်းမျဉ်းများကြောင့် မရေရာမှုများနှင့် ကြုံတွေ့နေရသော ဟောင်ကောင်စာသင်ကျောင်းများ

အတည်တကျမရှိသော ကပ်ရောဂါစည်းမျဉ်းများကြောင့် မရေရာမှုများနှင့် ကြုံတွေ့နေရသော ဟောင်ကောင်စာသင်ကျောင်းများ
(Photo : AFP)
(Photo : AFP)
Published 18 September 2022
Ref : Reuters

ဟောင်ကောင်တွင် တင်းကျပ်သော COVID-19 ကန့်သတ်ချက်များသည် ကျောင်းသားများအတွက် အလွန်အမင်း ခက်ခဲစေခဲ့သည်။ လက်ရှိတွင် ပိုမိုမြင့်မားသော ကာကွယ်ဆေးထိုးနှံမှုအဆင့်များ လိုအပ်ချက်စည်းမျဉ်းအသစ်သည် ကျောင်းများ အပြည့်အဝပြန်လည်ဖွင့်လှစ်မှု အထိ တိုးတက်လာစေနိုင်သည်။

ပုံမှန်ကျောင်းပြန်တက်မှုဘဝသို့ ရောက်ရှိရန် ပိုမိုနှောင့်နှေးနေမှု သည် ငယ်ရွယ်သူများ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပိုမိုဆိုးရွားလာစေဖွယ်ရှိရုံမက လူအများအပြား ကို မြို့တွင်းမှ ထွက်ခွာစေသည့် အကြောင်းပြချက်ဖြစ်လာခဲ့ကာ ဟောင်ကောင်ကို အာရှဘဏ္ဍာရေး၊ ပညာရေးနှင့် စီးပွားရေးဗဟိုချက်ဟူသည့် ၎င်း၏ဂုဏ်ပုဒ်များကို နောက်ထပ် လျော့ပါးလာစေသည်ဟု ခေါင်းဆောင်များက သတိပေးထားသည်။

“စာသင်ကျောင်းတွေကပြန် ဖွင့် မဖွင့်ဆိုတာ မသေချာတော့ ကလေးတွေ ကျောင်းတက်နိုင်ပါဦးမလား။ ကျောင်းတွေပြန်ဖွင့်ဖို့မသေချာတော့ လူတွေကလည်း မြို့ထဲကနေ ထွက်ကုန်ကြပြီး ဟောင်ကောင်ကို လာရောက်ဖို့လူတွေကိုဆွဲဆောင်တဲ့နေရာမှာ ပိုပြီးခက်ခဲစေပါတယ်”ဟု ဟောင်ကောင်၏ သြစတြေးလျနိုင်ငံသား စီးပွားရေးအဖွဲ့အကြီးအကဲ ရောဘတ်ကွင်လီဗန်က ပြောကြားခဲ့သည်။

လွန်ခဲ့သည့်ပညာသင်နှစ်က ဟောင်ကောင်စာသင်ကျောင်းများ မှကျောင်းသား ၃၀,၀၀၀ ခန့် ကျောင်းထွက်ခဲ့ကြပြီး ဆရာ၊ဆရာမ ၅,၀၀၀ ကျော် နုတ်ထွက်ခဲ့သည်ဟု အစိုးရက ထုတ်ပြန်သည့်အချက်အ လက်တွင် ဖော်ပြထားသည်။

အများအပြားသည် မြို့ကိုထိန်းချုပ်ရန် တရုတ်ပြည်မကြီးအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများနှင့် ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်စည်းမျဉ်းများ ပိုမိုမြင့်တက်လာမှုများသည် ဟောင်ကောင်မှ ထွက်ခွာရသည့်အကြောင်းအရင်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် ဗြိတိန်လက်အောက်ခံဟောင်း ဟောင်ကောင်၌ဒေသခံ ၁၁၃,၀၀၀ ခန့်သာ ကျန်ရှိသည်။ ၎င်းတို့ထဲတွင် ဗြိတိန်၊ကနေဒါနှင့်သြစတြေးလျတို့မှ ကမ်းလှမ်းထားသော ဗီဇာအစီအစဉ်များကို အခွင့်ကောင်းယူကြသည့် ဒေသခံမိသားစုများပါဝင်သည်။

မြို့၏ ကာကွယ်ဆေးထိုးနှံမှုနှုန်းကို မြှင့်တင်ရန် ရည်ရွယ်၍ အာဏာပိုင်များက ကျောင်းသားများ၏ ၉၀ ရာခိုင်နှုန်းအနေဖြင့် COVID-19 ကာကွယ်ဆေး သုံးကြိမ်ထိုးနှံပြီးလျှင် လူကိုယ်တိုင် တက်ရောက်သင်ကြားနိုင်သည့် အလယ်တန်းစာသင်ကျောင်းများကို နိုဝင်ဘာ ၁ ရက်တွင် ဖွင့်လှစ်သွားနိုင်သည်ဟု ယခုလတွင် ပြောကြားခဲ့သည်။

အချိန်မတိုင်မီ ယင်းရည်မှန်းချက်ပြည့်မီရန် အလွန်ခက်ခဲလိမ့်မည်ဖြစ်သည်ဟု အမည်မဖော်လိုသည့် စာသင်ကျောင်းများနှင့်ဆရာ၊ ဆရာမများက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

ကျောင်းသားများ၏ ၉၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီး၍ စာသင်ကျောင်းများကို မကြာသေးမီက အပြည့်အဝပြန်လည်ဖွင့်လှစ်နေသော နိုင်ငံတကာကျောင်းများသို့ ယင်းသည်ချက်ချင်း အကျိုးသက်ရောက်မှု ရှိစေလိမ့်မည် ဖြစ်သည်။

ဒေသတွင်းကျောင်းများနှင့်အချို့ နိုင်ငံတကာမူလတန်းကျောင်းများတွင် ကာကွယ်ဆေးထိုးနှံမှုနှုန်း နည်းပါးမှုကြောင့် လူကိုယ်တိုင်တက်ရောက် သင်ကြားမှုကို နေ့တစ်ဝက်အထိ ကန့်သတ်ထားပြီးကျန်သည့် နေ့တစ်ဝက်ကို အွန်လိုင်းမှသင်ကြားသည့်စနစ်ဖြင့် လည်ပတ်လုပ်ဆောင်နေသည်။

လူဦးရေ ၇.၃ သန်းရှိသည့် ဟောင်ကောင်တွင် နိုင်ငံတကာစာသင်ကျောင်းပေါင်း ၇၀ ကျော်ရှိ သည်။ ဂျပန်နိုင်ငံနှင့် နှိုင်းယှဉ်လျှင် တိုကျိုနှင့်ယိုကိုဟားမားနှစ်ခုပေါင်း လူဦးရေစုစုပေါင်း၁၈ သန်း ရှိသော မြို့တွင် နိုင်ငံတကာစာသင်ကျောင်းပေါင်း ၄၀ ရှိသည်။

လွန်ခဲ့သည့်နှစ်နှစ်ခွဲကာလအတွင်း အွန်လိုင်းမှ ပညာသင်ကြားခဲ့ရသည့် ဟောင်ကောင်ကျောင်းသားများသည် ရှုံးနိမ့်မှုကိုခံစားနေပြီး စာသင်ကျောင်းများတွင် ပျက်စီးနိုင်သည့် အာရုံခံစားမိနေကြောင်း အသက် ၂၇ နှစ်အရွယ် အထက်တန်းကျောင်းဆရာ လီယိုက ဆိုသည်။ သူသည်တရုတ်ပြည်မကြီး၏ ကိုဗစ်ကင်းစင်ရေးမူဝါဒကိုလိုက်နာနေသော ဟောင်ကောင်၏စည်းမျဉ်းစည်းကမ်းများကို စိတ်ပျက်နေကာ ဇူလိုင်လက အလုပ်မှထွက်ခဲ့သည်။

ဟောင်ကောင်ပညာရေးဗျူရိုက ကျောင်းများတွင်COVID-19 စည်းမျဉ်းများချမှတ်ခြင်းသည် ကျောင်းသားများ၏ကျန်းမာရေးကို ကာကွယ်ရန်အတွက်ဖြစ်ပြီး သင့်လျော်သလိုစည်းမျဉ်းများ ပြင်ဆင်သွားမည်ဟု ပြောကြားခဲ့သည်။

Most Read

Most Recent