ရေနံဆီနှင့် အစားအစာ ပြတ်လပ်နေကြသော သီရိလင်္ကာတံငါသည်များ

ရေနံဆီနှင့် အစားအစာ ပြတ်လပ်နေကြသော သီရိလင်္ကာတံငါသည်များ
Published 11 September 2022
Ref : Reuters

(Photo : AFP)

သြဂုတ်လကုန်ပိုင်းအချိန်က သီရိလင်္ကာနိုင်ငံရှိ မနက်ခင်းအချိန် တစ်ချိန်တွင် ဒါဇင်နှင့်ချီသည့်တံငါ သည်များသည် အနောက်မြောက် ဘက်ကမ်းရိုးတန်းရှိ ကျွန်းငယ်တစ်ခု ဖြစ်သော မန်နာကျွန်း၏ကမ်းခြေ ပေါ်တွင် နေ့တစ်နေ့တာ၏ လုပ်ငန်း တာဝန်များကို စတင်မှုအဖြစ် ၎င်းတို့၏ ပိုက်ကွန်များကိုခင်းကျင်းနေသည်။

သို့သော် ယင်းအသိုက်အဝန်းမှ အခြားတံငါသည်အများအပြားသည် ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရရှိချိန်ကတည်းက အဆိုးရွားဆုံးဖြစ်လာသော နိုင်ငံ၏ယိုယွင်းနေသည့် စီးပွားရေးအကျပ်အတည်းကြောင့် နစ်နာခဲ့ရသည့်အတွက် ပင်လယ်တွင်းသို့ ငါးဖမ်းသွားနိုင်ခြင်းမရှိတော့ပေ။

လောင်စာဆီပြတ်လပ်ခြင်းနှင့် ငွေကြေးဖောင်းပွမှုများသည် ၎င်းတို့၏ စားဝတ်နေရေးကို ထောက်ပံ့ပေးထားသော လှေများအတွက် ဓာတ်အားရရှိရန် လိုအပ်သော ရေနံဆီများ ရရှိရန် ရုန်းကန်ရသည့်အခြေအနေသို့ ရောက်ရှိခဲ့သည်။

“ဒီအချိန်မှာ အရာရာတိုင်းက ခက်ခဲနေပါတယ်။ ရေနံဆီလည်းမရှိသလို အိမ်မှာ စားစရာလည်းမရှိပါဘူး”ဟု အသက် ၇၃ နှစ်အရွယ် ဆော်နမ်အမည်ရှိ အမျိုးသားတစ်ဦးက ပြောကြားခဲ့သည်။

“ကျွန်တော်တို့တွေ ပင်လယ်ထဲထွက်မှ အလုပ်ရှိမှာပါ။ အဲ့ဒါမှမဟုတ်ရင် ကျွန်တော်တို့မှာ ဘာအလုပ်မှမရှိပါဘူး။ ကျွန်တော်တို့တွေ ငတ်သေကုန်တော့မယ်”ဟု ၎င်းက တမီးလ်ဘာသာစကားဖြင့် ပြောကြားခဲ့သည်။

စီးပွားရေးအကျပ်အတည်း မစတင်အချိန်က အစားအစာအတွက် ရုန်းကန်နေရသည့် ဆော်နမ်သည် ၎င်း၏အသက်အရွယ်ကြောင့် ပင်လယ်တွင်းသို့ ကာလကြာရှည်သွားရောက်နိုင်ခြင်းမရှိသော်လည်း ပင်လယ်မှပြန်လာသော တံငါသည်များမှ ဖမ်းဆီးလာသော ငါးများကို စုဆောင်းခွဲထုတ်မှုပြုလုပ်ရာတွင် အကူညီပေးရန် သယ်ဗာပါဒူကမ်းခြေသို့ လာရောက်လေ့ရှိသည်။

သို့သော် ရေနံဆီပြတ်လပ်ခြင်းကြောင့် ကိုယ်ပိုင်စက်လှေများဖြင့် ပင်လယ်ထဲသို့ ထွက်လေ့ရှိသော အခြားသူများသည်လည်း အလားတူ အလုပ်များကို လုပ်ကိုင်လာသည့်အတွက် ယခင်က စက်လှေတစ်စီးလျှင် အလုပ်သမား ၁၅ ဦးရှိရာမှ လက်ရှိတွင် အလုပ်သမား ၄၀ အထိ ရှိလာခဲ့သည်။

အမြတ်အစွန်းများကို ခွဲဝေရယူရချိန်ကတည်းက ဆော်နမ်၏ဝင်ငွေသည် ကျဆင်းလာပြီး လက်ရှိတွင်  တစ်ရက်လျှင် သီရိလင်္ကာရူပီး ၂၅၀ (ဒေါ်လာ ပြား ၇၀) သာရရှိပြီးယခင်က ယင်းထက်နှစ်ဆရရှိသည်ဟု ဆိုသည်။

ထို့ပြင် လက်ရှိတွင် ငွေကြေးဖောင်းပွမှုသည် တစ်နှစ်ထက်တစ် နှစ် ၆၅ ရာခိုင်နှုန်း မြင့်တက်လာပြီး အစားအစာဖောင်းပွမှုသည် ၉၄ရာ ခိုင်နှုန်းနီးပါးရှိလာသည်။

နိုင်ငံ၏ နိုင်ငံခြားအရန်ငွေများ ခန်းခြောက်သွားပြီး ၎င်း၏သန့်စင်ရေးလုပ်ငန်းများအတွက် ရေနံစိမ်းများ တင်သွင်းနိုင်ခြင်းမရှိသောကြောင့် မန်နာမြို့ကျွန်းတွင်လပေါင်းများစွာကြာ ရေနံဆီလုံးဝမရရှိပေ။

လွန်ခဲ့သည့် သီတင်းပတ်အနည်းငယ်က ရေနံဆီ ပြန်လည်ရရှိချိန်တွင်လည်း စျေးနှုန်းများသည် လေးဆနီးပါးမြင့်တက်ခဲ့သည်။

“ကျွန်တော်တို့တွေ ဓာတ်ဆီနဲ့ ဒီဇယ်ဆီလိုမျိုး ဇိမ်ခံပစ္စည်းတွေမလိုအပ်ပါဘူး။ ကျွန်တော်တို့ရဲ့မဖြစ်မနေလုပ်ကိုင်နေရတဲ့အလုပ်အတွက် ရေနံဆီကိုပဲ လိုအပ်နေတာပါ”ဟု  ဆော်နမ်ကူညီလုပ်ကိုင်ပေးနေသည့် စက်လှေပိုင်ရှင် ရာဂျာခရုစ်က ပြောကြားခဲ့သည်။

ယင်းနေရာရှိ မိသားစုအချို့သည် ပိုမိုအဆင်ပြေစွာနေထိုင်နိုင်ရန် မျှော်မှန်းချက်ဖြင့် မန်နာကျွန်းမှ ကီလိုမီတာ ၃၀ အောက်သာဝေးကွာသော အိန္ဒိယသို့ ထွက်ပြေးခဲ့ကြ သည်ဟု ၎င်းကဆိုသည်။

ရေနံဆီကို ယခင်က တစ်လီတာလျှင် ၈၇ ရူပီးဖြင့် ရောင်းချခဲ့ပြီး လက်ရှိတွင် တစ်လီတာကို ရူပီး ၃၄၀ ပေး၍ ဝယ်ယူနေရသည်ဟုဆိုသည်။ မှောင်ခိုစျေးကွက်တွင် တစ်လီလျှင် ရူပီး ၁၈၀၀ ဖြင့် ရောင်းချနေသည်ဟု ခရုစ်က ဆိုသည်။

“ရေနံဆီစျေးနှုန်း ပြန်လည်ပြင်ဆင်မှုဟာ နှစ်ပေါင်းများစွာအတွက် မရှိမဖြစ်လိုအပ်ပါတယ်”ဟု သီရိလင်္ကာလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ကန်ချာနာ ဝီဂျီဆီကီရာကဆိုသည်။ “အစိုးရအနေနဲ့ ရေနံဆီပေါ်မှီခိုနေရတဲ့ ဝင်ငွေနည်းမိသားစုတွေ၊ ရေလုပ်ငန်းနဲ့ စိုက်ပျိုးရေးကဏ္ဍကလူတွေကို တိုက်ရိုက်ငွေသားထောက်ပံ့မှု တွေပြုလုပ်ဖို့အဆိုပြုထားပါတယ်”ဟု ၎င်းကဆိုသည်။

သို့သော် မန်နာကျွန်းရှိမိသားစုများသည် မည်သည့်ထောက်ပံ့မှု တစ်စုံတစ်ရာမှ မရရှိသေးကြောင်း ခရုစ်က ပြောကြားခဲ့သည်။

Most Read

Most Recent