ပါကစ္စတန်အစိုးရက ရေဘေးသင့်ပြည်သူ ၃၃ သန်းကျော်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းထံမှ အကူူအညီတောင်းခံ

ပါကစ္စတန်အစိုးရက ရေဘေးသင့်ပြည်သူ ၃၃ သန်းကျော်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းထံမှ အကူူအညီတောင်းခံ
Published 4 September 2022
Ref: AFP

စက်တင်ဘာ ၁ ရက်က ဆင်းပြည်နယ် ဆွတ်ကာမြို့ရှိ ရေလွှမ်းမိုးနေသည့်နေရာတွင် လက်လုပ်ဖောင်များအသုံးပြုပြီး သွားလာနေသူများကို တွေ့ရစဉ်

ပါကစ္စတန်တွင် လူပေါင်း ၁၂၆၅ ဦးခန့် သေဆုံးစေခဲ့သည့် မကြုံစဖူးရေလွှမ်းမိုးမှု ကြောင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများအတွက် ပါ ကစ္စတန်အစိုးရက စက်တင်ဘာ  ၃ ရက်တွင် နိုင်ငံတကာအသိုင်းအဝိုင်းထံမှ အကူအညီ များတောင်းခံခဲ့သည်။

ပါကစ္စတန်နိုင်ငံတစ်ဝန်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ကို လေကြောင်းမှတစ်ဆင့် လာရောက်ပို့ ဆောင်နေသည့်တိုင် အစိုးရက အကူအညီ တောင်းခံခဲ့ခြင်းဖြစ်သည်။

ဖက်ဒရယ် စီမံကိန်းရေးဆွဲရေးဝန်ကြီး အာဆန် အစ်ဘယ်လ်က မုတ်သုံမိုးများသည်း ထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့သည့် ရေ လွှမ်းမိုးမှုများကို ခံစားခဲ့ရသည့် လူ ၃၃ သန်း အတွက် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများ အရေးတ ကြီး လိုအပ်နေသည်ဟု ပြောကြားခဲ့သည်။

ပါကစ္စတန်တွင် ဖြစ်ပွားခဲ့သည့် ရေလွှမ်း မိုးမှုများကြောင့် လူသေဆုံးမှုများမြင့်တက်ခဲ့ ပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူများလည်း များပြား လာခဲ့သဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းက ယင်းဖြစ်စဉ်ကို အာရုံစိုက်လာခဲ့သည်။

ပါကစ္စတန်အစိုးရ၏ ကနဦးခန့်မှန်းချက် များအရ မိုးရွာသွန်းမှုများနှင့် ရေလွှမ်းမိုးမှု များကြောင့် ဒေါ်လာ ၁၀ ဘီလျံခန့်ဆုံရှုံးနစ် နာခဲ့သည်ဟု ဖော်ပြခဲ့သည်။

“ဆုံးရှုံးနစ်နာခဲ့ရတဲ့ ပမာဏဟာ အရမ်း ကိုကြီးမားပြီး ရေဘေးသင့်ပြည်သူ ၃၃ သန်း အတွက် လူသားချင်းစာနာထောက်ထားတဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ အရမ်းလိုအပ်နေပါ တယ်။အဲဒါကြောင့် ပါကစ္စတန်ပြည်သူတွေ၊ ပြည်ပရောက်ပါကစ္စတန်နိုင်ငံသားတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အခုလို အကူအညီလိုအပ်နေတဲ့အချိန်မျိုးမှာ ကူညီ ပေးကြဖို့ ကျွန်တော် မေတ္တာရပ်ခံပါတယ်” ဟု အစ်ဘယ်လ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယခုကဲ့သို့ ပုံမှတ်မဟုတ်သည့် မုတ်သုံမိုး များရွာသွန်းမှုနှင့် ရေလွှမ်းမိုးမှုများသည် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် အပါအဝင် ကျွမ်းကျင်သူများက ပြောကြားခဲ့ သည်။

ဂူတာရက်စ်သည် စက်တင်ဘာ ၉ ရက် တွင် ပါကစ္စတန်နိုင်ငံ၏ ရေဘေးသင့်ဒေသ များကို သွားရောက်မည်ဖြစ်ပြီး တာဝန်ရှိသူ များနှင့် တွေ့ဆုံမည်ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်အစောပိုင်းက ကုလသမဂ္ဂနှင့် ပါကစ္စတန်သည် လူနေအိမ် ၁ သန်းကျော်ထိခိုက်ပျက်စီးခဲ့ရသည့် ရေလွှမ်း မိုးမှုများကို ခံခဲ့ရသူသန်းချီကို အရေးပေါ် ကူ ညီထောက်ပံ့ရန် ဒေါ်လာ သန်း ၁၆၀ အလှူ ငွေတောင်းခံမှုကို ပူးတွဲထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၃ ရက်က ရေလွှမ်းမိုးမှုဖြစ် ပွားခဲ့သည့် ဒေသများတွင် နောက်ဆုံးစာရင်း ကောက်ယူမှုအရ သေဆုံးသူ ၅၇ ဦး ထပ်မံ တွေ့ရှိခဲ့သည်ဟု ပါကစ္စတန်၏ အမျိုးသား ဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ က ပြောကြားခဲ့သည်။

ယင်းသေဆုံးသူစာရင်းအရ ဇွန်လလယ် ပိုင်းကစပြီး မုတ်သုံမိုး ရွာသွန်းမှုများကြောင့် ကလေးသူငယ် ၄၄၁ ဦးအပါအဝင် သေဆုံး သူစုုစုပေါင်း ၁၂၆၅ ဦးအထိ ရှိလာခဲ့သည်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှားဘက် ရှာ ရစ်ဖ်က ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့သည့် အ စောပိုင်းအချိန်ကာလများ ကတည်းက နိုင်ငံ တကာအသိုင်းအဝိုင်းထံမှ အကူအညီများ တောင်းခံခဲ့သဖြင့် စက်တင်ဘာ ၃ ရက်တွင် နိုင်ငံတကာ၏ အကူအညီပေးရေးလေယာဉ် များသည် ပါကစ္စတန်၏မြို့တော် အစ္စလာမ္မာ ဘက်သို့ရောက်ရှိလာခဲ့ကာ ယင်းအကူအညီ ပေးရေးပစ္စည်းများကို အမျိုးသား ကျန်းမာရေး ဝန်ဆောင်မှုဌာနဝန်ကြီး အဗ္ဗဒူ ကာဒီယာ ပါ တယ်လ်က လက်ခံရယူခဲ့သည်။

         

Most Read

Most Recent