■ စပိန်နောက်ခံလူ ကူကူရယ်လာအား ချယ်လ်ဆီးအသင်း ပြောင်းရွှေ့ကြေး ပေါင်(၅၂)သန်းဖြင့် ခေါ်ယူနိုင်ရန် နီးစပ်နေပြီး ရက်ပိုင်းအတွင်း အပြီးသတ်မည်     

■ စပိန်နောက်ခံလူ ကူကူရယ်လာအား ချယ်လ်ဆီးအသင်း ပြောင်းရွှေ့ကြေး ပေါင်(၅၂)သန်းဖြင့် ခေါ်ယူနိုင်ရန် နီးစပ်နေပြီး ရက်ပိုင်းအတွင်း အပြီးသတ်မည်     
Photo: Getty Images
Photo: Getty Images
Published 5 August 2022

ပရီးမီးယားလိဂ်ထိပ်သီးကလပ် ချယ်လ်ဆီးအသင်းသည် ဘရိုက်တန်အသင်းမှ စပိန်လက်ရွေးစင်နောက်ခံလူ ကူကူရယ်လာအား ပြောင်းရွှေ့ကြေး ပေါင်(၅၂)သန်း ဖြင့် ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်ပြီး ရက်ပိုင်းအတွင်း အပြီးသတ် စာချုပ်နိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

    

အသက် (၂၄)နှစ်အရွယ်ရှိ နောက်ခံလူသည် မန်စီးတီအသင်း၏ စိတ်ဝင်စားခြင်းကိုခံရပြီးနောက် ဘရိုက်တန်အသင်းထံမှ ထွက်ခွာခွင့်တောင်းခံခဲ့သည်။ သို့ရာတွင် မန်စီးတီးအသင်းသည် ကူကူရယ်လာအတွက် ဘရိုက်တန်အသင်းထံသို့ ကမ်းလှမ်းခဲ့ရာတွင် ဘရိုက်တန် အသင်းတောင်းဆိုသည့် ပြောင်းရွှေ့ကြေးနှင့် အလွန်ကွာဟနေခြင်းကြောင့် လက်လျှော့သွားခဲ့သည်။ 

    

ဘရိုက်တန်အသင်းတောင်းဆိုသည့် ပြောင်းရွှေ့ ကြေးအား ချယ်လ်ဆီးအသင်းက ပေးချေရန် အသင့်ရှိနေခြင်းကြောင့် ကူကူရယ်လာကို ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ဘရိုက်တန်အသင်းကမူ အစောပိုင်းတွင် မည်သည့်အသင်းနှင့်မျှ သဘောတူညီမှုမရသေးကြောင်း ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် မီဒီယာများကမူ ဘရိုက်တန်နှင့် ချယ်လ်ဆီးတို့ သဘောတူညီမှုရပြီးဖြစ်သလို ကစားသမားနှင့်လည်း သဘောတူညီမှုရရှိထားသည်ဟု ဖော်ပြခဲ့ကြသည်။

    

ချယ်လ်ဆီးအသင်းသည် ကူကူရယ်လာအား ခေါ်ယူနိုင်ပါက ယခုရာသီအတွက် စတုတ္တမြာက်ခေါ်ယူမှု ဖြစ်လာမည်ဖြစ်ပြီး ၎င်းင်းမတိုင်မီတွင် မန်စီးတီးအသင်း၏ တောင်ပံတိုက်စစ်ကစားသမား ရာဟင်းမ်စတာလင်၊ နာပိုလီအသင်း၏ ဆီနီဂေါလက်ရွေးစင်နောက်ခံလူ ကူလီဘလီ၊ အက်စတွန်ဗီလာအသင်းမှ အင်္ဂလန်လူငယ်ကွင်းလယ်ကစားသမား ချူဝယ်မေကာတို့အား ခေါ်ယူထားပြီးဖြစ်သည်။ 

    

ဘရိုက်တန်အသင်းသည် ပြီးခဲ့သည့်လအတွင်းက မန်စီးတီးအသင်းထံမှ ကမ်းလှမ်းမှုကို ရရှိခဲ့သော်လည်း မန်စီးတီးအသင်းသည် ပေါင်သန်း (၃၀)ဖြင့်သာ ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ဘရိုက်တန်အသင်းကမူ ပေါင်သန်း (၅၀)အထိ အလိုရှိခဲ့ခြင်းဖြစ်သည်။ ဘရိုက်တန်အသင်းသည် ၎င်းတို့အသင်း၏ နောက်ခံလူ ဘင်ဝှိုက်အား အာဆင်နယ်အသင်းထံသို့ ပေါင်သန်း (၅၀)ဖြင့် ရောင်းချခဲ့ဖူးရာ ကူကူရယ်လာအတွက်လည်း ယင်းပမာဏအထိ အလိုရှိနေခြင်းဖြစ်ပြီး မန်စီးတီးအသင်းကမူ လက်လျှော့သွားခဲ့ခြင်းလည်းဖြစ်သည်။ 

    

ကူကူရယ်လာသည် ဘာစီလိုနာလူငယ်စီမံကိန်းထွက်ကစားသမားတစ်ဦးဖြစ်ပြီး ဘာစီလိုနာအသင်းက မကြိုက်သဖြင့် ဂီတာဖေးအသင်းထံသို့ ပူးတွဲပိုင်ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ သူသည် စပိန်လက်ရွေးစင်အသင်းကြီး အတွက် (၁)ပွဲသာကစားရသေးပြီး အနာဂတ်တွင် စပိန်လက်ရွေးစင်အသင်း၏ အဓိကဘယ်နောက်ခံလူနေရာတွင် အစားဝင်ရောက်မည့်သူအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။

Most Read

Most Recent