ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ အစည်းအဝေး ကျင်းပပြီးစီးခဲ့ပြီး ပါတီ ပြန်လည်စုဖွဲ့မှုအတွက် ဗဟိုညီလာခံ မကြာခင် ကျင်းပရန်ရှိ

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ အစည်းအဝေး ကျင်းပပြီးစီးခဲ့ပြီး ပါတီ ပြန်လည်စုဖွဲ့မှုအတွက် ဗဟိုညီလာခံ မကြာခင် ကျင်းပရန်ရှိ
Published 11 June 2022

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေး ပါတီပြန်လည်စုဖွဲ့မှုအတွက် ပါတီဗဟို ညီလာခံတစ်ရပ် မကြာခင်ကျင်းပရန်ရှိ ကြောင်း ပါတီပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောကြားသည်။

အဆိုပါပါတီညီလာခံကျင်းပမည့် ကိစ္စ မှာ  ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပပြီးစီးသည့် ပါတီဗဟိုကော်မတီအစည်းအဝေးအပြီး ဆုံး ဖြတ်ချက်များထဲမှ တစ်ချက်ဖြစ်ကြောင်း ဒေါက်တာ နန္ဒာလှမြင့်က ပြောကြားသည်။           

“ပြန်လည်စုဖွဲ့ပြင်ဆင်ဖို့အတွက်က ညီ လာခံတစ်ရပ်ကျင်းပဖို့လိုအပ်တယ်။ ဒါ ကြောင့်  ညီလာခံကို အမြန်ဆုံး ကျင်းပနိုင်ဖို့ ဆောင်ရွက်သွားမယ်။ ဒါ အစည်းအဝေးမှာ ဆုံး ဖြတ်ခဲ့တာပေါ့” ဟု ပြည်ခိုင်ဖြိုးပါတီ ပြော ရေးဆိုခွင့်ရှိသူ ‌ဒေါက်တာနန္ဒာလှမြင့်က ပြော ကြားသည်။

ပါတီညီလာခံကျင်းပနိုင်ရေးအဓိက အခက်အခဲမှာ ကိုဗစ်ရောဂါနှင့်စပ်လျဉ်း၍ လူစုလူဝေးကန့်သတ်ချက်ဖြစ်ကြောင်း ၎င်းင်း က ဆိုသည်။

“အခုကို‌ဗစ်ကန့်သတ်ချက်အရ လူစုလူဝေးက ၄၀၀ အထိပဲရတာကိုး။ ဗဟို ညီလာခံ လုပ်မယ်ဆိုရင်က ထောင်ကျော်မှာ ပေါ့‌နော်။ အဲဒီကန့်သတ်ချက် တခုကလွဲလို့ အဲဒီဖြေလျော့မှုရရင်တော့ အမြန်ဆုံး ကျင်း ပဖို့စီစဉ်ဆောင်ရွက်မှာပါ”ဟု  ဒေါက်တာ နန္ဒာလှမြင့်က ပြောကြားသည်။

ဇွန် ၈ ရက်နှင့် ၉ ရက်တွင် ပြည် ခိုင်ဖြိုးပါတီ၏ ဆဌမအကြိမ် ဗဟို ကော်မတီ အစည်းအဝေးကျင်းပခဲ့ပြီး အစည်း အဝေး တွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြင်ဆင် ထားသည့် ပါတီစည်းမျဉ်းအချို့ကို အတည်ပြု ပေးရန် တင်ပြ တောင်းဆိုခဲ့သည်။

လာမည့်ပါတီညီလာခံ မကျင်းပနိုင်‌သေး မီ လက်ရှိတာဝန်ယူနေဆဲ ဗဟိုအလုပ်အမှု ဆောင်ကော်မတီက ကြားကာလအတွင်း လို အပ်သည့် ဖွဲ့စည်းပုံစည်းမျဉ်းပြင်ဆင် ခြင်း များကို  မဖြစ်မနေဆောင်ရွက်ခဲ့ရခြင်းများ ရှိကြောင်း ပါတီဥကဋ္ဌ ဦးသန်းဌေးက ဗဟို ကော်မတီအစည်းအဝေးတွင် ပြောကြားခဲ့ သည်။

“ပြီးခဲ့တဲ့ ငါးနှစ်တာ ကာလအတွင်းမှာ ပါတီခေါင်းဆောင်များနဲ့ ပါတီကြီးတစ်ရပ် လုံးကို တိုက်ခိုက်ဖြိုချဖို့ ကြီးမားတဲ့ ခြိမ်း‌ ခြောက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကာလဖြစ်တဲ့ အတွက် အခြေအနေအရ ဖွဲ့စည်းပုံစည်းမျဉ်း ပြင်ဆင်ခဲ့တာတွေ ဖြည့်စွက်ခဲ့တာတွေ ရှိပါ တယ်”ဟု ဦးသန်းဌေးကဗဟိုကော်မတီအ စည်းအဝေးတွင် ပြောကြားခဲ့သည်။

အဆိုပါ  ပြင်ဆင်ဖြည့်စွက်ထားသည့် ပါတီစည်းမျဉ်းအချို့မှာ ငါးနှစ်သတ်မှတ် ထားသော ပါတီ ဥက္ကဋ္ဌ တာဝန်ကို ဆက်လက် ဆောင်ရွက်နိုင်ရေးနှင့် အဓိက ဆက်စပ် ကြောင်း မီဒီယာအချို့ကရေးသားဖော်ပြ လျက်ရှိသော်လည်း မဟုတ်မှန်ကြောင်း ပြည် ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ငြင်းဆိုပြောကြားသည်။

“လုပ်ကြံသတင်းကြီးပါ။ ဥက္ကဋ္ဌကြီး ကိုယ်တိုင်က ငါးနှစ်ပြည့်ရင် ရွေးကောက်ပွဲ ပြန်လုပ်တက်ရောက်လာတဲ့ ကိုယ်စားလှယ် တွေ ရဲ့ ဆန္ဒအတိုင်းပဲ၊ သူ့ကို တာဝန်ပေးလည်း သူလုပ်မှာပဲ။ သူ့ကိုတာဝန်မပေးလည်း သူက ဖယ်ပေးမှာပဲ။ အဲဒါ အမြဲတမ်း ဥက္ကဌကြီး ပြောနေကြစကားပါ”ဟု ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က  ပြောကြားသည်။

ငါးနှစ်တစ်ကြိမ်ညီလာခံကျင်းပရန် သတ်မှတ်ထားသည့် ပြည်ခိုင်ဖြိုးပါတီ နောက်ဆုံးကျင်းပခဲ့သည့် ပါတီညီလာခံမှာ ၂၀၁၆ ခုနှှစ် သြဂုတ်လကဖြစ်ပြီး ညီလာခံအပြီးတွင် ပါတီ၏ အမြင့်ဆုံးရာထူးတာဝန်ဖြစ်‌‌သော ဥက္ကဋ္ဌနေရာကို ဦးသန်းဌေး ရရှိခဲ့သည်။

ထို့ပြင် ၎င်းင်းအပါအဝင် ဒုတိယဥက္ကဋ္ဌများအဖြစ် ဦးခင်ရီနှင့် ဦးမြတ်ဟိန်းတို့ရွေးချယ် ခံရကာ လက်ရှိပြည်ခိုင်ဖြိုးပါတီတွင် ဗဟို အလုပ်အမှုဆောင် ၄၂ ဦး၊ ဗဟိုကော်မတီဝင် ၂၇၅ ဦးနှင့် အရံဗဟိုကော်မတီဝင် ၇၅ ဦးရှိ ကြောင်းသိရသည်။

သို့ဖြစ်ရာ ပါတီစည်းမျဉ်းအရ ၂၀၂၁ ခုနှစ်အတွင်း တတိယအကြိမ် ပါတီညီလာခံ ကျင်းပရမည်ဖြစ်သော်လည်း ကိုဗစ်ကပ် ရော ဂါနှင့် နိုင်ငံရေးအခြေအနေများကြောင့် ညီ လာခံအဆင့်ကျင်းပနိုင်ခြင်းမရှိသေးဘဲ ဗဟို ကော်မတီအစည်းအဝေးသာ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

နှစ်ရက်တာကျင်းပခဲ့သည့် ဗဟိုကော် မတီအစည်းအဝေးတွင် ပါတီညီလာခံ ကျင်း ပရေး အပါအဝင် လစ်လပ်သွား သည့် ပါတီ ဗဟိုအလုပ်အမှုဆောင်သုံးနေရာအား ဖြည့် စွက်ခြင်း၊ ရှေ့လုပ်ငန်းစဉ် ငါးရပ်ချမှတ်ခြင်း များ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent