ကမ္ဘာ့ဘဏ်က ၂၀၂၂ ခုနှစ် ဇွန်တွင် နှစ်စဉ်ထုတ်ပြန်သည့် ကမ္ဘာ့စီးပွားရေး အလားအလာ ခန့်မှန်းမှုတွင် မြန်မာ့စီးပွားရေး အခြေအနေကို မခန့်မှန်းတော့ဘဲ ချန်လှပ်ထား

ကမ္ဘာ့ဘဏ်က ၂၀၂၂ ခုနှစ် ဇွန်တွင် နှစ်စဉ်ထုတ်ပြန်သည့် ကမ္ဘာ့စီးပွားရေး အလားအလာ ခန့်မှန်းမှုတွင် မြန်မာ့စီးပွားရေး အခြေအနေကို မခန့်မှန်းတော့ဘဲ ချန်လှပ်ထား
Published 10 June 2022

ကမ္ဘာ့ဘဏ်က ၂၀၂၂ ခုနှစ် ဇွန်တွင် နှစ်စဉ် ထုတ်ပြန်သည့် ကမ္ဘာ့စီးပွားရေးအလား အလာခန့်မှန်းမှုတွင် မြန်မာ့စီးပွားရေး အခြေ အနေကို မခန့်မှန်းတော့ဘဲ ချန်လှပ်ထား ကြောင်း ၂၀၂၂ ခုနှစ် ဇွန်လအတွက် ထုတ်ပြန် သည့် ကမ္ဘာ့စီးပွားရေးအလားအလာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံမှအပ ကျန်အာဆီယံဒေသ တွင်း အဖွဲ့ဝင်နိုင်ငံအားလုံး စီးပွားရေးတိုး တက်မှုရှိနိုင်ကြောင်း အစီရင်ခံစာက ဖော်ပြခဲ့ပြီး အရှေ့အာရှနှင့် ပစိဖိတ်ဒေသ(EAP) နိုင်ငံအတွင်း စီးပွားရေးအလားအလာခန့်မှန်း ချက်မှ ဖယ်ထုတ်ခြင်းခံရသည့် တစ်ခုတည်း သော နိုင်ငံလည်းဖြစ်သည်။

အာဆီယံနိုင်ငံများအတွင်း ၂၀၂၂ ခုနှစ် အတွင်း စီးပွားရေးတိုးတက်မှုများရှိသည်ဟု ဆိုထားသော်လည်း မြန်မာနိုင်ငံအတွက် ၂၀၂၂ ခုနှစ်၏ စီးပွားရေးအခြေအနေများကို ခန့်မှန်းနိုင်စွမ်းမရှိတော့ကြောင်း ကမ္ဘာ့ဘဏ် က ဆိုသည်။

အာဆီယံဒေသတွင်း နိုင်ငံများအနေ ဖြင့် ထိုင်းနိုင်ငံတွင် ယခုနှစ်အတွင်း စီးပွား ရေးတိုးတက်မှုနှုန်း ၂ ဒသမ ၉ ရာခိုင်နှုန်း၊ လာအိုက ၃ ဒသမ ၈ ရာခိုင်နှုန်း၊ ကမ္ဘောဒီး ယားနိုင်ငံက ၄ ဒသမ ၅ ရာခိုင်နှုန်း၊ အရှေ့တီ မောက ၂  ဒသမ ၄ ရာခိုင်နှုန်း၊ ဗီယက်နမ်က ၅ ဒသမ ၉ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားကို ၅ ဒသမ ၁ ရာခိုင်နှုန်း၊ မလေးရှားက ၅ ဒသမ ၅ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်က ၅ ဒသမ ၇ ရာခိုင် နှုန်းတိုးတက်မှုရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့် မှန်းထားသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ တွက် ချက်ထားသည့်ဘဏ္ဍာနှစ်တွင် မြန်မာ့စီးပွား ရေးသည် တစ်ရာခိုင်နှုန်းသို့ ရောက်ရှိလာမည် ဟု ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်က ထုတ် ပြန်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာတွင် ဖော်ပြထား သည်။

၂၀၂၂ဇန်နဝါရီ ၂၆ ရက်က ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့် လေ့လာမှုအစီရင်ခံစာအရ ၂၀၂၂ ခုနှစ် စက် တင်ဘာလအထိတွက်ချက်ထားသည့် ဘဏ္ဍာ နှစ်တွင် စီးပွားရေးနှုန်းသည် တစ်ရာခိုင်နှုန်း သို့ရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။

အချို့သောကဏ္ဍများ၌ တည်ငြိမ်လာ မည့်အရိပ်လက္ခဏာများ ပေါ်ပေါက်လာ သော်လည်း ကိုဗစ်-၁၉ကပ်ရောဂါနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ နိုင်ငံရေးအပြောင်းအလဲ သာ မပေါ်ပေါက်ခဲ့လျှင်ရှိနေမည့် စီးပွားရေး ပမာဏထက် ရာခိုင်နှုန်း ၃၉ ပိုမိုသေးငယ် သွားနိုင်သည်ဟု ခန့်မှန်းထားချက်သည်အ လွန်အမင်းအားနည်းနေသည့် စီးပွားရေး အခြေအနေအား ထင်ဟပ်လျက်ရှိသည်။

ကာလတိုခန့်မှန်းချက်မှာ ကမ္ဘာ့ကပ်ရော ဂါအခြေအနေနှင့် ပဋိပက္ခ၏အကျိုးသက် ရောက်မှု၊နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် ဘဏ္ဍာ ရေးကဏ္ဍတို့တွင် တွေ့ကြုံနေရသည့် အခက် အခဲအနိမ့်အမြင့်အပေါ်တွင်သာမက လျှပ် စစ်မီး၊ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ဒစ် ဂျစ်တယနည်းပညာအရ ချိတ်ဆက်နိုင်မှုအပါ အဝင် အဓိကဝန်ဆောင်မှုများ နှောင့်နှေးပြတ် တောက်မှုတို့အပေါ် မူ တည်လိမ့်မည်ဟုလည်း ဖော်ပြထားသည်။

Most Read

Most Recent