နစက၏ ငြိမ်းချမ်း​ရေး​ ဆွေး​​နွေး​ရေးအဖွဲ့နှင့် မိုင်းလားဒုတိယဥက္ကဋ္ဌ ဦး​ဆောင်​သော ကိုယ်စားလှယ်အဖွဲ့တို့၏  သုံးရက်တာ ဆွေး​နွေ ညှိနှိုင်းသ​ဘောတူညီချက်များအား လက်မှတ်​ရေးထိုး

နစက၏ ငြိမ်းချမ်း​ရေး​ ဆွေး​​နွေး​ရေးအဖွဲ့နှင့် မိုင်းလားဒုတိယဥက္ကဋ္ဌ ဦး​ဆောင်​သော ကိုယ်စားလှယ်အဖွဲ့တို့၏  သုံးရက်တာ ဆွေး​နွေ ညှိနှိုင်းသ​ဘောတူညီချက်များအား လက်မှတ်​ရေးထိုး
Published 6 June 2022

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့  NDAA(မိုင်းလား) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် သုံးရက်တာ ဆွေးနွေးညှိနှိုင်း သဘောတူညီ ချက်များအား လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေး​​နွေးရေးအဖွဲ့နှင့်အမျိုးသားဒီမိုကရက်တစ်မဟာ မိတ်အဖွဲ့NDAA(မိုင်းလား) ဒုတိယဥက္ကဋ္ဌ ဦးစန်းပေ့ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် ဇွန် ၆ ရက်က နေပြည်တော်ရှိ အမျိုး သားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ တွင် အစည်းအဝေး ဒုတိယနေ့အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုတိယနေ့တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁/၂/၃)ပါ သဘောတူညီ ချက်များ၊ အစိတ်အပိုင်း(၃)မှ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့် ဇယား-၂ ပါ ဆွေးနွေးရန်အချက်များနှင့်ပတ်သက်၍ အမျိုး သားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ လေ့လာ ဆန်းစစ်ဖော်ထုတ်စိစစ်ရေးအဖွဲ့၏ တွေ့ရှိ ချက်များအား ညှိနှိုင်းရေးကော်မတီဝင်ဒုတိယ ဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်က ရှင်းလင်းတင်ပြခဲ့ပြီး သုံးရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ သဘောတူညီချက်များကို အတည်ပြု လက် မှတ်​​ရေးထိုးခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ အမျိုးသား စည်းလုံးညီညွတ်​​ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်​​ထောင်စုဝန်ကြီး၊ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာ ပြည့်၊ အဖွဲ့ဝင်များဖြစ်သည် နိုုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ် ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်​​ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်း ရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ် ချုပ်ကြီးမင်းနောင်နှင့် အမျိုးသားဒီမိုကရက် တစ်မဟာမိတ်အဖွဲ့(မိုင်းလား) ဒုတိယ ဥက္ကဋ္ဌ ဦးစန်းပေ့၊ အထွေထွေအတွင်းရေးမှူးဦးကြည် မြင့်၊ အတွင်းရေးမှူး(၂) ဦးအားလူ၊ အတွင်းရေးမှူးအဖွဲ့ဝင်နှင့် ဆက်ဆံရေးနှင့် ဆက် သွယ်ရေးဌာနကြီးမှူး ဦးစိုင်းမောက်တို့ တက် ရောက်ခဲ့ကြောင်းသိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အမျိုး သားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) (မိုင်းလား) အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ဦး ဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၄ ရက်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ် သာ ဧည့်ခန်းမတွင် ငြိမ်းချမ်း ရေး ဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရ သည်။

နစကဥက္ကဋ္ဌ ၏ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ချက်အရ ငြိမ်းချမ်းရေးနှင့် စည်းလုံး ရေးကော်မတီ (မိုင်းလား) အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ် စားလှယ်အဖွဲ့သည်  ဇွန် ၃ ရက်တွင်  နေပြည် တော်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

နေပြည်တော်သို့ ငြိမ်းချမ်းရေးဆွေးနွေး ရန် ရောက်ရှိလာသည့် မိုင်းလားအဖွဲ့သည် နစကဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုအ ပေါ် တွေ့ဆုံဆွေးနွေးမည်ဟု အကြောင်းပြန် ထားသည့် အဖွဲ့များအနက် ပဥ္စမမြောက် ရောက်ရှိလာသည့်အဖွဲ့ဖြစ်သည်။

နစကနှင့် ငြိမ်းချမ်းရေးဆွေးနွေးပြီးစီး ခဲ့သည့်အဖွဲ့များမှာ သျှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ RCSS/SSA ၊ မွန်ပြည်သစ်ပါတီ၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC ၊ “o” ပြည်သွေးစည်းညီညွတ် ရေးပါတီ UWSP တို့ ဖြစ်သည်။

Most Read

Most Recent