တစ်လီတာ ကျပ်နှစ်ထောင်ကျော်အထိ မြင့်တက်လာသည့် ကယောက်ကယက် စက်သုံးဆီစျေးကွက်

တစ်လီတာ ကျပ်နှစ်ထောင်ကျော်အထိ မြင့်တက်လာသည့် ကယောက်ကယက် စက်သုံးဆီစျေးကွက်
ရန်ကုန်တိုင်းဒေသကြီးရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် စျေးနှုန်းများ ဖော်ပြထားသည်ကို မေ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်တိုင်းဒေသကြီးရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် စျေးနှုန်းများ ဖော်ပြထားသည်ကို မေ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 22 May 2022
■  ဇော်မင်းနိုင်

၂၀၂၂ ခုနှစ် နှစ်စပိုင်းတွင် ၉၂ တစ်လီတာလျှင် ကျပ် ၁၄၀၀ ခန့် သာ ရှိနေသည့် စက်သုံးဆီစျေးမှာ လေးလအကြာတွင် ကျပ် ၂၀၀၀ ကျော်သို့ ရောက်ရှိလာခဲ့သည်ဟု စက်သုံးဆီစျေးကွက်မှ သိရသည်။

ဒေါ်လာ ပြင်ပပေါက်စျေး မြင့်တက်လာမှုနှင့်အတူ စက်သုံးဆီ စျေးနှုန်းများလည်း လိုက်ပါပြောင်းလဲလျက်ရှိရာ လေးလကျော်အ ကြာတွင် ၉၂ တစ်လီတာလျှင် ကျပ် ၇၀၀ နီးပါးခန့် မြင့်တက်လာခဲ့ခြင်းလည်း ဖြစ်သည်။

မေလအစပိုင်းတွင်စက်သုံးဆီစျေးနှုန်းမှာ တရိပ်ရိပ်မြင့်တက်ခဲ့ရာ မေ ၁၈ ရက်တွင် ၉၂ တစ်လီတာလျှင် ကျပ် ၂၁၈၀ သို့ ရောက်ရှိလာခဲ့သည်။ ယခင်ရက်များက ၂၀၉၀ ကျပ်သာရှိရာမှ တစ်လီတာလျှင် ကျပ် ၉၀ ရုတ်ခြည်းမြင့်တက်လာခဲ့ ခြင်းဖြစ်သည်။

ယခင်ရက်များက ၉၂ တစ်လီ တာလျှင် ကျပ် ၂၀၉၀ ကျပ်မှ မေ ၁၈ ရက်တွင် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီး ကြပ်မှုကော်မတီ၏ ထုတ်ပြန်ချက် အရ တစ်လီတာလျှင် ကျပ် ၉၀ မြင့် တက်ခဲ့သည်ကို တွေ့ရသည်။

မေ ၁၈ ရက်တွင် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်း တွင် ၉၂ တစ်လီတာ ကျပ် ၂၁၈၀၊ ၉၅ တစ်လီတာလျှင် ၂၂၃၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၂၂၀၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ လျှင် ၂၂၂၅ ကျပ်တို့ဖြင့် ရောင်းချခဲ့ သည်။

“စျေးက ဒီမနက် သွားဖြည့် တော့ ၂၁၈၀ ဖြစ်သွားတယ်။ အရင် ရက်တွေတုန်းက ၂၀၉၀ ပဲရှိတာက နေ အခုကျတော့ တစ်ဂါလန်ကို တစ် သောင်းနီးပါး ဖြစ်သွားတယ်။ ကား ဆွဲရတာ ဘယ်လိုမှ မကိုက်တော့ ဘူး။ စီးတဲ့သူလည်း သိပ်မရှိတော့ ဘူး။ ကျွန်တော်တို့စျေးတောင်းရ တာလည်း အဆင်မပြေတော့ဘူး။ အရင် သုံးထောင်လမ်းကို အခု ခြောက်ထောင်လောက်တောင်း နေရတယ်။ မတောင်းလို့လည်း မရ ဘူး။ ဆီစျေးက တော်တော်တက် နေပြီ” ဟု ရန်ကုန်တိုင်းဒေသကြီး အတွင်း အငှားယာဉ်မောင်းနှင်သူ တစ်ဦးက ပြောကြားသည်။

မတ် ၈ ရက်တွင်လည်း ၉၂ စက်သုံးဆီမှာတစ်လီတာလျှင် ကျပ် ၂၁၃၀ အထိရောက်ရှိခဲ့ပြီး ယခုစျေး  နှုန်းမှာ ယင်းကာလထက် ပိုများခဲ့ သည်။

တက်မြဲတက်ဆဲ စက်သုံးဆီစျေးနှုန်း မေလပိုင်းတွင် အတက်ဘက် သို့ ရောက်ရှိနေသည့် စက်သုံးဆီမှာ ဆက်တက်မြဲဟု ဆိုရမည်ဖြစ်သည်။

မေ ၂၁ ရက်တွင် ၉၂ တစ်လီ တာလျှင် ကျပ် ၂၂၁၀၊ ၉၅ တစ်လီ တာလျှင် ၂၃၂၅ ကျပ်၊ ပရီမီယံဒီ ဇယ်တစ်လီတာလျှင် ကျပ် ၂၁၈၀၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ကျပ် ၂၁၅၀ သို့ ရောက်ရှိလာခဲ့သည်။

မြန်မာနိုင်ငံရေး အပြောင်းအလဲ မဖြစ်ပေါ်မီက ၉၂ တစ်လီတာ လျှင် ကျပ် ၆၂၀ ဝန်းကျင်၊ ၉၅ တစ် လီတာလျှင် ကျပ် ၇၅၀ ဝန်းကျင်သာ ရှိခဲ့သော်လည်း နိုင်ငံရေးအပြောင်း အလဲ ဖြစ်ပေါ်အပြီး တစ်နှစ်နီးပါး ခန့်အကြာတွင် စက်သုံးဆီစျေးနှုန်း မှာ အဆပေါင်းများစွာ မြင့်တက် လာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ဖေဖော်ဝါရီ ၃ ရက်တွင် ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ ဒီဇယ် တစ်လီတာလျှင် ကျပ် ၆၆၀၊ ပရီမီ ယံ ဒီဇယ်တာ ကျပ် ၆၇၀၊ အောက် တိန်း ၉၂ တစ်လီတာ ကျပ်  ၆၂၀၊ အောက်တိန်း ၉၅ တစ်လီတာ ကျပ် ၇၅၀ သာရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့် ဖြူးရေးအသင်း ထုတ်ပြန်ခဲ့သည့် စာရင်းများအရ သိရသည်။

စက်သုံးဆီစျေးနှုန်းများမှာ ပြီးခဲ့သည့်နှစ် ဧပြီလမှ စတင်ကာ မြင့်တက်လာသည်ဟု ဆိုရမည်ဖြစ် သည်။

ဧပြီလအတွင်း ရောက်ရှိခဲ့သည့်စျေးနှုန်းမှာ ဒီဇယ်တစ်လီတာ ကျပ်  ၉၂၀၊  ပရီမီယံ ဒီဇယ်တစ်လီ တာ ကျပ်  ၉၃၀၊ အောက်တိန်း ၉၂ တစ်လီတာ ကျပ် ၉၂၀၊ အောက်တိန်း ၉၅ တစ်လီတာ ၁၀၀၅ ကျပ်သို့ ရောက်ရှိခဲ့ရာ ဖေဖော်ဝါရီလထက် ရာခိုင်နှုန်း ၃၀ ခန့်မြင့်တက်ခဲ့ပြီး စျေးနှုန်းအားဖြင့် တစ်လီတာလျှင် ကျပ် ၂၅၀ မှ ကျပ် ၃၀၀ အထိမြင့် တက်ခဲ့ခြင်း ဖြစ်သည်။

ဦးသိန်းစိန်အစိုးရလက်ထက်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ အလွှဲအပြောင်းကာလဖြစ် သော ၂၀၁၆ ခုနှစ် ဧပြီလတွင် စက် သုံးဆီလက်လီစျေးများမှာ ဒီဇယ် တစ်လီတာ ကျပ် ၅၀၀ (တစ်ဂါလန် ကျပ် ၂၂၇၀)၊ ပရီမီယံဒီဇယ်တစ်လီ တာ ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၁ ကျပ်)၊ အောက်တိန်း ၉၂ တစ်လီ တာ ကျပ် ၅၅၀ (တစ်ဂါလန် ၂၄၉၇ ကျပ်) အောက်တိန်း ၉၅ တစ်လီတာ ကျပ် ၆၅၀ (တစ်ဂါလန် ၂၉၅၁ ကျပ်) စျေးတွင်ရှိခဲ့သည်။

သင်္ကြန်အပြီးနောက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးတွင် စက် သုံးဆီများကို ဆီဆိုင်များက အကန့် အသတ်ဖြင့် ရောင်းချမှုဖြစ်ပွားခဲ့ပြီး ဆီထည့်သည့် မော်တော်ယာဉ်များ တန်းစီ စောင့်ဆိုင်းရမှုများဖြစ်ပွားခဲ့ သည်။

ယင်းသို့ ဖြစ်ပွားအပြီးတွင် စက်သုံးဆီ လုံလုံလောက်လောက် ရှိပြီး ဒေါ်လာစျေး ကျပ် ၁၈၅၀ ဖြင့် စက်သုံးဆီအား ဖြန့်ဖြူးခိုင်းသည့် အပေါ် ကုမ္ပဏီအချို့က စက်သုံးဆီ မရှိသည့် ပုံစံကြေညာခြင်းဖြစ်ကာ သတိပေးခြင်းများ လုပ်ဆောင်ထား သည်ဟု နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

သီလဝါ သိုလှောင်ကန်စခန်း များအပါအဝင် ပြည်တွင်းဆီလက် ကျန် ဓာတ်ဆီဂါလန် ၄၅ သန်းခန့် နှင့် ဒီဇယ်ဂါလန်သန်း ၇၀ ခန့်ရှိပြီး ဆီပြတ်လပ်မှု လုံးဝမဖြစ်နိုင် ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးဌာန၊ ရေနံထွက်ပစ္စည်း ကြီးကြပ် စစ်ဆေးရေးဦးစီးဌာနက ပြောကြား ထားသည်။

လူမှုကွန်ရက်မီဒီယာများတွင် ပျံ့နှံ့နေသော သီလဝါဆီသိုလှောင် ကန်စခန်းများတွင် စက်သုံးဆီများ လက်ကျန်လျော့နည်းနေသည်ဆို သော ကောလာဟလသတင်းအ မှားများ ထွက်ပေါ်နေသည်ကိုတွေ့ ရှိရကြောင်း၊ သီလဝါ သိုလှောင်ကန် စခန်းများ အပါအဝင် ပြည်တွင်းဆီ လက်ကျန်အခြေအနေမှာ ဓာတ်ဆီ ဂါလန် ၄၅ သန်းခန့်နှင့် ဒီဇယ်ဂါ လန်သန်း  ၇၀ ခန့်ရှိကြောင်း အဆို ပါဌာနက ပြောကြားထားသည်။

ထို့ပြင် လူမှုကွန်ရက်များတွင် ပျံ့နှံ့နေသလို တရုတ်ပြည်မှ သီရိ လင်္ကာနိုင်ငံကြားခံ၍ တင်သွင်းနေ ရခြင်းမရှိကြောင်းနှင့် ပြည်တွင်းသို့ စက်သုံးဆီများကို စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ကိုရီးယားနိုင်ငံများမှ အဓိကတင်သွင်းနေခြင်းဖြစ် ကြောင်း၊ ဌာနသို့ ခွင့်ပြုချက်တောင်း ခံ၍ ပြင်ဆင်နေသည့် ဆိုင်များမှလွဲ ၍ ပိတ်သိမ်းထားသည့် ဆိုင်များမရှိ ကြောင်းနှင့် ကောလာဟလများ ကြောင့် စိုးရိမ်စိတ်လွန်ကဲကာ အ လုအယက်ဝယ်ယူများကြောင့်သာ အရောင်းဆိုင်များအနေနှင့် အခြေ ခံအဆောက်အအုံနှင့် ဝန်ထမ်းအင် အား အခြေအနေတို့အရ မနိုင်မ နင်းများ ဖြစ်ပေါ်လာရခြင်းဖြစ် ကြောင်း ရေနံထွက်ပစ္စည်း ကြီးကြပ် စစ်ဆေးရေးဦးစီးဌာနက ပြောကြား ထားသည်။

ယင်းသို့ထုတ်ပြန်ချက်များ အပြီး အတန်ငယ်ငြိမ်သက်ခဲ့သည့် စက်သုံးဆီဂယက်မှာ မေ ၁၉ ရက် တွင် တစ်ဖန်လှုပ်ခတ်လာသည်ဟု ဆိုရမည်ဖြစ်သည်။

သင်္ကြန်ကာလနောက်ပိုင်း တွင် ဖြစ်ပွားခဲ့သည့် ဆီဆိုင်များ၌ တန်းစီစောင့်ဆိုင်းပြီး ဆီထည့်ရ သည့်အခြေအနေသို့ မရောက်သေး သော်လည်း ဆီဆိုင်အချို့တွင် စက် သုံးဆီအချို့ ဝယ်ယူမရဆိုသည့် သတင်းများ ထွက်ပေါ်လာခဲ့သည်။

ယင်းကြောင့် စက်သုံးဆီဆိုင် များတွင် ဆီအလုံအလောက်ရှိ ကြောင်း၊ ပင်လယ်ဝတွင် စက်သုံး ဆီသင်္ဘောများ ရောက်ရှိနေပြီဖြစ် ကြောင်း စက်သုံးဆီတင်သွင်း ရောင်းချ ဖြန့်ဖြူးရေးအသင်းက ထုတ်ပြန်သည်။

မေ ၁၉ ရက်တွင် တန်ချိန် ၁၆ç ၄၀၀ သယ်ဆောင်လာသော MT Beluga Pacific သင်္ဘော၊ တန်ချိန် ပေါင်း ၁၇,၂၀၀ သယ်ဆောင်လာ သော MT Yu Hai သင်္ဘော၊ တန် ချိန်ပေါင်း ၁၈,၂၀၀ သယ်ဆောင်လာသော MT Yu Dong သင်္ဘော၊ တန်ချိန်ပေါင်း၂,ဝဝဝသယ်ဆောင် လာသော Aberlour သင်္ဘောများ သည်ဆိပ်ကမ်းများတွင် ဆီချလျက် ရှိကြောင်း၊ နောက်ထပ်လည်း ပင် လယ်ဝတွင်သင်္ဘောလေးစင်းထပ် မံဆိုက်ရောက်လာပြီဖြစ်ကြောင်း အဆိုပါအသင်းက ထုတ်ပြန်သည်။

စက်သုံးဆီစျေးတက်သဖြင့်  နောက်ဆက်တွဲဂယက်

စက်သုံးဆီစျေးများမြင့်တက်လာမှုကြောင့် သယ်ယူပို့ဆောင်ရေး စရိတ်စကများ မြင့်တက်လာခြင်းမှာ အကြီးမားဆုံး အခက်အခဲဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

ကုန်စည် သယ်ယူပို့ဆောင် ရေးတွင်လည်း ဆီစျေးများ တရိပ် ရိပ်တက်လာသဖြင့် ရရှိသည့် စျေး နှင့် မကိုက်ခြင်းများ ရှိလာကြောင်း သီရိမင်္ဂလာစျေး၌ ကုန်စိမ်းရောင်း ချသူတစ်ဦးက ပြောကြားသည်။

 “ကားခကို အရင်ကထက် ပို ပေးရတယ်။ ကားပိုင်ရှင်ဘက်က လည်း ဆီစျေးတက်လာတော့ သူတို့ လည်း ဘယ်လိုမှမကိုက်တော့ဘူး။ ကျွန်တော်တို့ကတော့ ပစ္စည်းပေါ် မှာပဲ ခရီးစရိတ်ထပ်တင်ရတာပေါ့။ အဲဒီတော့ တချို့ကုန်စိမ်းတွေဆို စျေးတွေတက်တယ်”ဟု သီရိမင်္ဂ လာစျေးသစ်တွင်ကုန်စိမ်းရောင်းချ သူတစ်ဦးက ပြောကြားသည်။

လျှပ်စစ်မီး ပြတ်တောက်မှု ကြောင့် မီးစက်မောင်းနှင်ရသည့် လုပ်ငန်းများတွင်လည်း အခက်အခဲ များ ဖြစ်ပေါ်လျက်ရှိသည်။

 “အခုက ဒီဇယ်တစ်ဂါလန်ကို တစ်သောင်းကျော်နေပြီဆိုတော့ မီး မလာရင်လည်း သိပ်မမောင်းရဲဘူး။ လုပ်ငန်းအတွက်ကို အချိန်နဲ့ပဲ လုပ် နေရတယ်။ တစ်ရက်ကိုဘယ်နှစ်ဂါ လန် သုံးမလဲဆိုတာ စျေးကိုကြည့် ပြီး တွက်နေရတယ်” ဟု ရန်ကုန်မြို့ တွင်း ဆိုင်ဖွင့်လှစ်ထားသည့် ဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြား သည်။

အချို့သောအသေးစား စက်မှု လုပ်ငန်းများတွင်လည်း စက်သုံးဆီ စျေးနှုန်းမြင့်တက်လာသဖြင့် လုပ် ငန်းများ ရပ်တန့်ထားရသည့်အခြေ အနေများရှိနေသည်ဟု စက်မှုလုပ် ငန်းရှင်အချို့ထံမှ သိရသည်။

 “ဒီဆီစျေးနဲ့က ဘယ်လိုမှမခံ နိုင်တော့ဘူး။ ရတဲ့အမြတ်က ဆီအ တွက် သုံးနေရတဲ့သဘောမှာရှိ တယ်။အခုတော့မီးလာမှပဲလုပ်ငန်း လုပ်နိုင်တော့တယ်။ ဒီဆီစျေးက လုပ်ငန်းလုပ်ဖို့ ဘယ်လိုမှ အဆင်မ ပြေဘူး” ဟု လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

အလားတူ စက်သုံးဆီစျေးမြင့် တက်လာသည့်ရိုက်ခတ်မှုကိုအငှား ယာဉ်မောင်းနှင်သူများ ပိုမိုခံစားနေ ရသည်ဟု ဆိုနိုင်သည်။

 “အခုဆို ဆီက တစ်ရက်ကို နှစ်သောင်းဖိုးလောက် ထည့်ရ တယ်။ နှစ်သောင်းဖိုးဆိုတာက နှစ် ဂါလန်လောက်ပဲရတာ။ အဲဒီဆီဖိုးနဲ့ အုံနာခကို ရအောင်အရင်ရှာနေရ တယ်။ တစ်ခါတလေ တစ်ရက်လုံး မောင်းမှ ငါးထောင်တောင်မကျန် တဲ့ရက်တွေ ပိုများလာတယ်။ ရှေ့ ဆက်ပြီး ဒီဆီစျေးနဲ့ဆို ဘယ်လိုလုပ် ကိုင် စားသောက်ရမလဲဆိုတာ မ တွေးတတ်တော့ဘူး” ဟု ရန်ကုန်မြို့ တွင်း အငှားယာဉ်မောင်းနှင်သူတစ် ဦးက ပြောကြားသည်။

စက်သုံးဆီစျေးနှုန်းများ မြင့် တက်မှုမှာ အခြေခံလူတန်းစားများ ကိုသာမက လူတန်းစားအားလုံးကို ထိခိုက်သည့်အခြေအနေတွင်ရှိနေ ပြီး စက်သုုံးဆီစျေးများ ပြန်လည် ကျဆင်းမှသာ အခြားကုန်စျေးနှုန်း များလည်း ပြန်လည်ကျဆင်းနိုင် မည်ဖြစ်ရာ လတ်တလောအဖြေရှာ ရမည့် အခြေအနေလည်း ဖြစ်နေ သည်ဟု ဆိုနိုင်သည်။ 

 

 

Most Read

Most Recent