မြန်မာနိုင်ငံ၏စီးပွားရေး ပြန်လည်ဦးမော့ရေးစီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း နှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာရေးအတွက် စွမ်းအင်နှင့်ပတ်သက်သည့်လုပ်ငန်းများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်နေ

မြန်မာနိုင်ငံ၏စီးပွားရေး ပြန်လည်ဦးမော့ရေးစီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း နှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာရေးအတွက် စွမ်းအင်နှင့်ပတ်သက်သည့်လုပ်ငန်းများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်နေ
ကိုဗစ်-၁၉ ချေးငွေလာရောက်လျှောက်ထားနေသူများကို ယခင်နှစ်က တွေ့ရစဉ်(ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
ကိုဗစ်-၁၉ ချေးငွေလာရောက်လျှောက်ထားနေသူများကို ယခင်နှစ်က တွေ့ရစဉ်(ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
Published 23 April 2022

မြန်မာနိုင်ငံ၏စီးပွားရေး ပြန်လည်ဦးမော့လာရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏စီးပွားရေး ပြန်လည်ဦးမော့ရေးစီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရေးအတွက် စွမ်းအင်နှင့်ပတ်သက်သည့် ရေနံထုတ်လုပ်မှု၊ ရေနံချက်လုပ်မှု၊ ဓာတ်မြေသြဇာထုတ်လုပ်မှု စသည့်လုပ်ငန်းများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးက ပြောကြားသည်။

ဒုတိယတစ်ခုအနေဖြင့် တိုင်းပြည်၏လျှပ်စစ်ဓာတ်အားပေးရေးကဏ္ဍတွင် လျှပ်စစ်ဓာတ်အားလုံလောက်စွာ ပေးနိုင်ရေးအတွက် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းတွင်ရှိသည့် အခြေခံအဆောက်အဦလုပ်ငန်းများ အတွက် လိုအပ်သည့်တည်ဆောက်ရေးလုပ် ငန်းသုံးပစ္စည်းများ ထုတ်လုပ်မှုကဏ္ဍတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်သွားရေး အတွက် ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မတီအနေဖြင့်ဖိတ်ခေါ်ကြောင်း၊ ကြိုဆိုကြောင်း ကြေညာထား ကြောင်း ၎င်းကဆိုသည်။

မိရိုးဖလာစီးပွားရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍနှင့်ဆက်စပ်၍ စားသောက်ကုန်ထုတ်လုပ်ရေးကဏ္ဍကို တရုတ်နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံမှု အလားအလာများစွာကောင်းမွန်ကြောင်း၊ ဖိတ်ခေါ်သွားမည့်ကဏ္ဍများသည် တိုင်းပြည် ၏ စီးပွားရေးနာလန်ထူလာရေးအတွက် လိုအပ်သည့် ပစ္စည်းထုတ်လုပ်မှု၊ ဝန်ဆောင်မှု နှင့် ပတ်သက်သည့်လုပ်ငန်းများတွင် ဦးစား ပေးဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် အရေးအကြီးဆုံး ရင်းနှီးမြှုပ်နှံမှုလုပ်သည့်နိုင်ငံဖြစ်ကြောင်း၊ တိုင်းပြည်၏ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအားလုံး၏ ၂၇ ရာခိုင်နှုန်းသည် တ ရုတ်နိုင်ငံကဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍသည် မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့ရန်အတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့်ကဏ္ဍများတွင် တရုတ်နိုင်ငံဘက်မှ လာရောက်ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုဖိတ်ခေါ်ကြောင်း ပြည်ပသတင်းမီ ဒီယာများ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးအောင်နိုင်ဦးက ပြောကြားသည်။

စီးပွားရေးပိတ်ဆို့မှုများနှင့် အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မတည်ငြိမ်မှုများရှိနေခြင်းက စီးပွားရေးအပေါ်သက် ရောက်မှုများဖြစ်ပေါ်နေကြောင်း၊ လက်ရှိကာလတွင် စီးပွားရေးတိုးတက်မှု ပိုမိုနှေးကွေးနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားသည်။

ဧပြီ ၂၁ ရက်က ပြည်ပသတင်းဌာနများအား ဗွီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံ၍မေးမြန်းချက်များကို ပြန်လည်ဖြေကြားရာတွင် ယခုကဲ့ သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုအစိုးရလက်ထက်တွင် ယခင့်ယခင် အစိုးရများနှင့် မတူသည့် စိန်ခေါ်မှုများစွာရှိပါကြောင်း၊ စီးပွားရေးပိတ်ဆို့မှုများရှိသကဲ့သို့ အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မတည်ငြိမ်မှုများရှိပါကြောင်း၊ ထိုအရာများသည် စီးပွားရေးအပေါ်သက်ရောက်မှု များဖြစ်ပေါ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားသည်။

သို့သော်လည်း COVID-19 ရောဂါ ယခုအချိန်တွင် ထိန်းချုပ်နိုင်သည့် အနေအထားရောက်ရှိသည့်အတွက် ပြန်လည်ဖွင့် လှစ်နိုင်သည့် အနေအထားဖြစ်ပါကြောင်း၊ COVID-19 ကပ်ရောဂါနှင့် ဆက်စပ်၍လည်း နိုင်ငံ၏စီးပွားရေးမှာ တိုးတက်မှုနှေး ကွေးခဲ့ရပါကြောင်း၊ အထူးသဖြင့် ယခုကာလတွင် ပိုမိုနှေးကွေးနေရသည်ကို တွေ့ရပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင် နိုင်ဦးက ပြောကြားသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)ကို ၃ ဒသမ ၇ ရာခိုင်နှုန်းတိုးတက် ရန် ရည်မှန်းထားကြောင်း ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်အမျိုးသားစီမံကိန်းဥပဒေတွင် ဖော်ပြထားသည်။

 

 

Most Read

Most Recent