၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)ကို ၃ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ရန်ရည်မှန်း

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)ကို ၃ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ရန်ရည်မှန်း
ရန်ကုန်မြို့ရှိ အခြေခံစားသောက်ကုန်များ ရောင်းချရာ စျေးတစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ အခြေခံစားသောက်ကုန်များ ရောင်းချရာ စျေးတစ်ခုကို တွေ့ရစဉ်
Published 7 April 2022

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စုစု ပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး (GDP)ကို ၃ ဒသမ ၇ ရာခိုင်နှုန်း တိုး တက်ရန် ရည်မှန်းထားကြောင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေတွင် ဖော်ပြထားသည်။

အဆိုပါဥပဒေသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အမျိုးသားစီမံကိန်းအတွက် ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှစတင်အာဏာ သက်ရောက် မည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးနှစ်ဆိုသည်မှာ ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်ဖြစ်ကြောင်း၊ နှစ်ကုန်ခန့်မှန်းခြေဆိုသည်မှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒုတိယခြောက်လပတ် အကောင်အထည်ဖော်နိုင်မှုနှင့် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လအကောင်အထည်ဖော်နိုင်မည့် အခြေအနေတို့ကို ပေါင်းစပ်ခန့်မှန်းထားခြင်းဖြစ်ကြောင်း၊ ပုံမှန်စျေးနှုန်းဆိုသည်မှာ အခြေခံနှစ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင်ဖြစ်ပေါ်သော ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများ၏ စျေးနှုန်းဖြစ်ကြောင်းနှင့် နှစ်အလိုက်စျေးနှုန်းဆိုသည်မှာ သက်ဆိုင်ရာဘဏ္ဍာရေးနှစ် အလိုက်ဖြစ်ပေါ်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၏ စျေးနှုန်း ဖြစ်ကြောင်းဖော်ပြထားသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း၏ အရေးကြီးသည့် ရည်မှန်းချက်များများမှာ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု နှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)ကို ပုံမှန်စျေးနှုန်းအရ ၃ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်ရန်၊ ကဏ္ဍအလိုက် တိုးတက်မှုနှုန်းများမှာ ပုံမှန် စျေးနှုန်းအရ လယ်ယာကဏ္ဍတွင် ၂ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်ရန်၊ သားငါးကဏ္ဍတွင်  ၁ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်ရန်၊ သစ်တောကဏ္ဍတွင် ၁၃ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ရန်၊ စွမ်းအင်ကဏ္ဍတွင် ၂ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ရန်၊ သတ္တုနှင့်တွင်းထွက်ပစ္စည်း ကဏ္ဍတွင် ၂၁ ဒသမ ၁ ရာခိုင်နှုန်းတိုး တက်ရန်၊ စက်မှုလက်မှုကဏ္ဍတွင် ၄ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ရန်၊ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ၆ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်ရန်၊  ဆောက်လုပ်မှုကဏ္ဍတွင် ၂ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ရန်၊ ပို့ဆောင်ရေးကဏ္ဍတွင် ၄ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်ရန်၊ ဆက်သွယ်ရေးကဏ္ဍတွင် ၃ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ရန်၊ ငွေရေးကြေးရေးကဏ္ဍတွင် ၄ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်ရန်၊ လူမှုရေးနှင့် စီမံခန့်ခွဲ ရေးကဏ္ဍတွင် နှစ်ရာခိုင်နှုန်းတိုးတက်ရန်၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် ၄ ဒသမ ၈ ရာ ခိုင်နှုန်းတိုးတက်ရန်၊ ကုန်သွယ်မှုကဏ္ဍတွင် ၄ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်ရန်ဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုးတက်မှုနှုန်းများမှာ ပုံမှန်စျေးနှုန်းအရ ကချင်ပြည်နယ်တွင် ၃ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ရန်၊ ကယားပြည်နယ်တွင် ၃ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ရန်၊ ကရင်ပြည်နယ်တွင် ၂ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ရန်၊ ချင်းပြည်နယ်တွင် ၂  ဒသမ ၆ ရာခိုင်နှုန်းတိုးတက်ရန်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၄ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်ရန်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၃ ဒသမ ၀ ရာခိုင်နှုန်းတိုးတက်ရန်၊ ပဲခူးတိုင်းဒေသကြီးတွင် လေးရာခိုင်နှုန်းတိုးတက်ရန်၊ မကွေးတိုင်းဒေသကြီးတွင် ၃ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ရန်၊ မန္တလေးတိုင်းဒေသကြီးတွင်၄ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်ရန်၊ မွန်ပြည်နယ်တွင် ၄ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်ရန်၊ ရခိုင်ပြည်နယ်တွင် ၁ ဒသမ ၉ ရာ ခိုင်နှုန်းတိုးတက်ရန်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၄ ဒသမ၂ ရာခိုင်နှုန်းတိုးတက်ရန်၊ ရှမ်းပြည်နယ်တွင် ၃ ဒသမရ ရာခိုင်နှုန်းတိုးတက်ရန်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၂ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ရန်၊ နေပြည်တော် ကောင်စီနယ်မြေတွင် ၃ ဒသမ ၄ ရာခိုင် နှုန်းတိုးတက်ရန် ရည်မှန်းထားသည်။

စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးတွင် နှစ်အလိုက်စျေးနှုန်းအရ လယ်ယာကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၂၂ ဒသမ ၉ ရာခိုင်နှုန်းမှ ၂၂ ဒသမ ၇ ရာခိုင်နှုန်းသို့လည်းကောင်း၊ စက်မှုကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၃၇ ဒသမ ၁ ရာခိုင် နှုန်းမှ ၃၇ ဒသမ ၄ ရာခိုင်နှုန်းသို့လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီး၏ ပါဝင်မှု အချိုးအစားကို ရာခိုင်နှုန်း ၄၀ မှ ၃၉ ဒသမ ၉ ရာခိုင်နှုန်းသို့ အသီးသီးဖြစ်ပေါ်စေရန် ရည်မှန်းထားကြောင်း သိရသည်။

Most Read

Most Recent