အရေးယူ ပိတ်ဆို့များကြားက ရုရှားရောက် ပြည်ပကုမ္ပဏီများ၏ ဒုက္ခ

အရေးယူ ပိတ်ဆို့များကြားက ရုရှားရောက် ပြည်ပကုမ္ပဏီများ၏ ဒုက္ခ
Published 30 March 2022
ဇင်မျိုး

ယူကရိန်းစစ်ပွဲသည် ဆယ်စုနှစ်များစွာကြာ ကမ္ဘာကမြင်ရသည့် အကောင်းနှင့် အဆိုးကြားက အမြင်သာဆုံး တိုက်ပွဲဖြစ်သည်ဟု အနောက်နိုင်ငံရေးသမားများက ပြောလိုကြသည်။ ထိုရှုထောင့်မှ ကြည့်မည်ဆိုလျှင် ရုရှား နိုင်ငံ၌ ယူရိုငွေသန်းပေါင်းများစွာ ရင်းနှီးလုပ်ကိုင်လျက်ရှိသော စီးပွားရေးလုပ်ငန်းများကို ကား မည်သို့ပြောမည်နည်း။

“ကျွန်တော်တို့ရဲ့သွေးတွေနဲ့ ပြည့်နေတဲ့ ဒီစျေးကွက်ကနေထွက်ကြပါ” ဟု မတ်လ ၁၆ ရက်က အမေရိကန်ကွန်ဂရက်ကို မိန့်ခွန်းပြောရာတွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးက တောင်းဆိုခဲ့သည်။

“အမေရိကန်ကုမ္ပဏီအားလုံး ရုရှားကနေ ထွက်ရမယ်” ဟု သူက ပြောခဲ့သည်။ ထို့အတူ ဂျာမနီ ကုမ္ပဏီများသည်လည်းကောင်း၊ ပြင်သစ်ကုမ္ပဏီများသည်လည်းကောင်း ရုရှားမှထွက်ရမည်ဟု ဇယ်လန်စကီးက ဂျာမနီအမတ်များ၊ ပြင်သစ်အမတ်များကို ပြောခဲ့သည်။

သို့ပါသော်လည်း ဥရောပကုမ္ပဏီများ၊ အမေရိကန်ကုမ္ပဏီများသည် ရုရှားတွင်လုပ်ငန်းများ လုပ်နေဆဲဖြစ်သည်။ ပူတင်အစိုးရ လက်အောက်တွင်ဆက်လက်လုပ်ကိုင်နေကြဆဲ။လုပ်ငန်းအချို့သည်ကား နိုင်ငံတကာ ဝေဖန်ရှုတ်ချမှုကိုမခံနိုင်ကြသော်လည်း လုပ်ငန်းအချို့က ရုရှားတွင် လုပ်ငန်းများလည်ပတ် လုပ်ကိုင်ခွင့်ရှိသည်ဟု ဆိုနေကြသည်။

ကျူးကျော်မှု အဆုံးသတ်စေရေးအတွက် ရုရှားကိုဖိအားပေးရန် ရည်ရွယ်သော စီးပွားရေးစစ်ပွဲ အားပျော့သွားစေရန် အဆိုပါကုမ္ပဏီများက လုပ်ခြင်းလော သို့မဟုတ် ရုရှားအပေါ် ပိတ်ဆို့မှုများ အားနည်းအောင်လုပ်နေကြခြင်းပေလော။ ရူဘယ်ငွေဖြင့် အမြတ်ငွေများကို သဲ့ယူရန်ဆုံးဖြတ်ထားကြခြင်းလော သို့မဟုတ် ယူကရိန်းပြည်သူများ ဒုက္ခရောက်စေရန် ဘာမဆိုလုပ်မည့်သဘောပေလော။ ပူတင်၏ ရုရှားကိုသပိတ်မှောက်ခြင်းမှာဘာကြောင့် မှားယွင်းသည်ဆိုသည့် အကြောင်းပြ ချက်များရှိနေကြ၍လော။ အဆိုပါကုမ္ပဏီများအနေဖြင့် လူ့ကျင့်ဝတ်အရ အကြောင်းပြ ချက်ကောင်းများရှိနေကြလော သို့မဟုတ်  ငွေရေးကြေးရေးအဆင်ပြေနေကြ၍လော။

ထိုပြဿနာများကို လုပ်ငန်းရှင်များနှင့် နိုင်ငံရေးခေါင်းဆောင်များက ဖြေရှင်းပုံမှာ ရုရှား၊ ယူကရိန်း နှင့်ပိုမိုကျယ်ပြန့်သော ကမ္ဘာ အတွက် စစ်ပွဲ၏ကာလရှည်စီးပွားရေးဆိုင်ရာသက်ရောက်မှုကိုပုံဖော်ရန် အလားအလာ ရှိနေသည်ဆိုသောဖြေရှင်းပုံမျိုးဖြစ်သည်။

ပဋိပက္ခစတင်ချိန်ကတည်းက အနောက် ကုမ္ပဏီ ၄၀၀ ကျော်သည် ရုရှားရှိ ၎င်းတို့၏  လုပ်ငန်းများကိုရပ်ဆိုင်းခဲ့ကြသည် သို့မဟုတ် ရုပ်သိမ်းခဲ့ကြသည်ဟုယေးလ်တက္ကသိုလ်၏ စစ်တမ်းတစ်ခုအရ သိရသည်။ ကမ္ဘာ့အကြီး ဆုံးကုမ္ပဏီအချို့မှာအစောပိုင်းတွင် ရုရှားရှိ ၎င်းင်းတို့၏ လုပ်ငန်းများကို ဆက်လက်ထိန်း ထားလိုကြောင်း အရိပ်အမြွက်ပြခဲ့ကြသည်ဆို သော်လည်းနောက်ပိုင်းတွင် ပြည်သူ့ဘက်ကို ပါလာကာ နောက်ကြောင်းပြန်လှည့်ကြသဖြင့် စိတ်ကသိကအောင့်ဖြစ်စရာများလည်းရှိခဲ့ပါ၏။

နယ်သာလန်စွမ်းအင်လုပ်ငန်းကြီး Shell သည် ရေနံများကို ရုရှားထံမှ လျှော့စျေး ဖြင့် ဝယ်ခဲ့ရာ ပြင်းထန်သော ဝေဖန်မှုဖြင့် ကြုံတွေ့ခဲ့ရသည်။ နောက်ဆုံးတွင် ကုမ္ပဏီ၏ လုပ်ဆောင်ချက် မှားသွားကြောင်း ဝန်ခံခဲ့ သည်။ ရုရှားရေနံနှင့် ဘဘာဝဓာတ်ငွေ့လုပ် ငန်းမှ ထွက်ခွာမည်ဟု SHELL က ထုတ်ပြန်ခဲ့ သည်။ အလားတူပြင်သစ်ရေနံကုမ္ပဏီ Total Energies ကလည်းမိမိတို့၏ လုပ်ငန်းများကို ရုရှားမှ ဖြည်းဖြည်းခြင်းရုပ်သွားမည်ဟု မကြာသေးခင်က ထုတ်ပြန်ကြေညာခဲ့သည်။ ရုရှား ကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်နေသော ပြင်သစ်ကုမ္ပဏီများကို ပြင်သစ်ပြည်သူများ က ဒေါသထွက်ခဲ့ကြပြီးနောက် Total energies က ရုရှားမှ ထွက်ခွာမည်ဟု ကြေညာခဲ့ ခြင်းဖြစ်သည်။

ရုရှားတွင် လုပ်ငန်းဆက်လက်လုပ်ကိုင် နေကြသောကုမ္ပဏီများအနေဖြင့် တတ်နိုင်သမျှ မြန်မြန်ရုပ်သိမ်းကြရန် လိုအပ်နေသည် ဟု Global Magnitsky Justice Campaign ၏အကြီးအကဲဘီလ်ဘရိုးဒါးက ပြောသည်။ ရုရှားမှ ထွက်ခွာခြင်းမပြုပါက ၎င်းင်းတို့ကိုအ နောက်တွင် သပိတ်မှောက်ကြရမည်ဟု ဆို သည်။ အမျိုးသားလုံခြုံရေးထက် အမြတ်အ စွန်းကို ဦးစားပေးနေခြင်းမှာ လက်မခံနိုင်စရာ ဟု ဘီလ်ဘရိုးဒါးက ပြောသည်။

သို့တိုင် ရုရှားနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမားလုပ်ထားသောကုမ္ပဏီများ အနေဖြင့် လုပ်ငန်းများရုပ်သိမ်းရေးသည် အမြဲတမ်းလွယ်ကူသည်တော့မဟုတ်။

လုပ်ငန်းရုပ်သိမ်းခြင်းက အပြစ်မဲ့ ရုရှား ပြည်သူများကို ပြင်းပြင်းထန်ထန်ထိခိုက်စေ မည်ဟု ပြောနေသောကုမ္ပဏီများလည်းရှိနေ သည်။ ထိုကိစ္စသည် ဘဘာဝကျကျစဉ်းစား ရမည့်ကိစ္စဖြစ်သည်ဟု NGO Business and Human Rights Resource Centre ၏ အကြီးအကဲ ဖီးလ်ဘလွန်းမားက ပြောသည်။ “လုပ် ငန်းတွေအနေနဲ့ ရုရှားပြည်သူတွေကို ငတ် မွတ်စေတာမျိုးဒါမှမဟုတ် ငတ်စေတဲ့သဘော သဘာဝရှိတဲ့အရာတွေမျိုးလို တကယ်ထိခိုက် စေမယ့်ဟာတွေ လုပ်တာကို ရှောင်သင့်ပါ တယ်” ဟု ၎င်းက ပြောကြားသည်။

ထို့ကြောင့်လည်း ရုရှားပြည်သူများကိုထိခိုက်စေနိုင်သဖြင့် လုပ်ငန်းများဆက်လက် လုပ်နေရပါသည်ဟူသော အကြောင်းပြချက်ပေးကာ အနောက်နိုင်ငံများမှ စိုက်ပျိုး-စား ကုန်လုပ်ငန်း (agri food ) အချို့ ရုရှားတွင် ဆက်လက်လုပ်ကိုင်လျက်ရှိသည်။ အငတ် ဘေးမဖြစ်စေရန် လိုအပ်သောကုန်စည်များ ပံ့ပိုးခြင်းကို ပြန်လည်လုပ်ကိုင်မည်ဟု ဂျာမနီ ဓာတုစိုက်ပျိုးရေးကုမ္ပဏီ BASF က ပြောကြားသည်။ မျိုးစေ့များ၊ ပိုးသတ်ဆေးများနှင့် ဓာတ်မြေသြဇာများရောင်းချခြင်းကို ပြန်လည် လုပ်ဆောင်မည်ဟု BASF က ဆိုသည်။

ဂျာမနီဓာတုဗေဒပစ္စည်းများ ထုတ်လုပ် ရာကုမ္ပဏီ Bayer ကလည်း ရုရှားနှင့် ဘီလာရုစ်တို့ရှိမိမိတို့၏ အရေးပါသောလုပ်ငန်းကို ဆက်လက်ထိန်းထားမည်ဟု ပြောကြားသည်။ လူထုအတွက် အရေးပါသည့် ကျန်းမာရေးနှင့် စိုက်ပျိုးရေးထုတ်ကုန်များကို ထိမ်ချန်ထား မည်မဟုတ်ဟု Bayer ကုမ္ပဏီက ပြောကြား ခဲ့ပြီး အဆိုပါထုတ်ကုန်များကို လူထုထံ မ ရောင်းဘဲထားပါက လူ့အသက်များအပေါ် ဖြစ်ပွားနေဆဲစစ်ပွဲ၏ ထိခိုက်မှုတိုးပွားလာ မည်ဟု ဆိုသည်။

ရုရှားရှိလုပ်ငန်းများကို ရပ်ဆိုင်းလိုက်သောကုမ္ပဏီများအနေဖြင့် မိမိတို့၏ ဝန်ထမ်း များကို စောင့်ရှောက်ရမည့်ကိစ္စများနှင့် ရင်ဆိုင်နေကြရသည်။ ထို့အပြင် ကုမ္ပဏီဝန်ထမ်း များ၏ လူ့အခွင့်အရေးများကိုပါ ထည့်စဉ်းစား ရန်လိုသည်ဟု စီးပွားရေးလုပ်ငန်းနှင့် လူ့အ ခွင့်အရေးဆိုင်ရာ့.U.N Working Group  ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အန်နီတာရာမာဆက် ထရီက ပြောကြားသည်။ “ကုမ္ပဏီတွေအနေ နဲ့ လုပ်ငန်းရပ်မယ်ဆိုတဲ့ ဆုံးဖြတ်ကို မြန်မြန် ချတတ်ကြပါတယ်။ သူတို့ထွက်သွားတာနဲ့ လုပ်ငန်းထဲမှာ ဘာတွေဖြစ်ကုန်မလဲဆိုတာမစဉ်းစားဘဲဆုံးဖြတ်ချက် မြန်မြန်ချကြတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ဒိန်းမတ်ဘီယာကုမ္ပဏီ Calsberg က လည်းမဖြစ်နိုင်သည့် ကိစ္စကိုလုပ်ရန် ကြိုးပမ်း နေသောကုမ္ပဏီအနည်းငယ်ထဲတွင် ပါဝင်နေသည်။ ရုရှားတွင် Calsberg အမည်ဖြင့် ဘီ ယာရောင်းချခြင်းကိုရပ်ဆိုင်းမည်ဖြစ်သော်လည်း Russian Baltika ဘီယာလုပ်ငန်းကို Calsberg ၏ သီးခြားလုပ်ငန်းအဖြစ် ဆက် လက်လုပ်ကိုင်မည်ဟု ဆိုသည်။ Russian Baltika ကို ဆက်လက်ဖွင့်ထားရသည့် ရည် ရွယ်ချက်မှာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသား စုများကြောင့်ဟု အကြောင်းပြသည်။ အများ ပြည်သူက ဝေဖန်နေကြသည့်တိုင် ပြင်သစ်စူပါမားကတ်လုပ်ငန်း Auchan နှင့် Yves Rocher အလှကုန်ပစ္စည်းလုပ်ငန်းတို့သည် ဝန်ထမ်းများ၊ ဖောက်သည်များကြောင့် ၎င်းတို့၏ လုပ်ငန်းများ ရုရှားနိုင်ငံတွင် ဆက်လက်ရှိနေ ရန် လိုအပ်သည်ဟု အသီးသီးပြောကြားခဲ့ကြ သည်။

ဝန်ထမ်းများကို ဆက်လက်စောင့် ရှောက်ရမည်ဟုပြောကာ ဆက်လက်ငွေရှာ နေခြင်းသည် ဆင်ခြေပေးစရာကိစ္စမဟုတ်ဟု လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့ချုပ် အန်ဂျီအိုအဖွဲ့မှ အန်တွိုင်းမဒလင်းက ပြောသည်။ “အခုလိုအချိန်မှာ ကိုယ့်ဝန်ထမ်းတွေ၊ ဒေသခံပြည်သူတွေကို အကာအကွယ်ပေးဖို့  ဆက်လက်လုပ်ကိုင်နေရတာဖြစ်တယ်လို့ ပြောဖို့ မလုံလောက်ပါဘူး” ဟု သူက ပြော သည်။ ဝန်ထမ်းများအတွက် ကြိုးစားလုပ်ကိုင် နေရသည်ဆိုသော အထောက်အထားကို ပြရန်လိုအပ်မည်ဖြစ်သလို လုပ်ငန်းရုပ်သိမ်းခြင်းက ကောင်းကျိုးထက် ဆိုးကျိုးဖြစ်မည်ဆို သည့်အထောက်အထားကိုလည်း ချပြရန်လို အပ်မည်ဟု အန်တွိုင်းမဒလင်းက ပြောသည်။

ရုရှားနှင့် ယူကရိန်းတို့တွင် လုပ်ကိုင်နေကြသောကုမ္ပဏီ ၂၀၈ ခုကို ကွင်းဆင်းလေ့လာရာတွင် ကုမ္ပဏီကိုးရာခိုင်နှုန်းက မိမိတို့၏ ဝန်ထမ်းများအတွက် လုပ်ကိုင်နေကြရပါ သည်ဆိုသောအဖြေကို ပေးနေခဲ့ကြသည်ဟု ဆိုသည်။

ပဋိပက္ခက အချိန်ကြာကာ အီလေးဆွဲ လာသည့်အနေအထားတွင် စီးပွားရေးလုပ် ငန်းများအတွက် တွက်ချက်လုပ်ကိုင်မှုများ သည် ပိုမိုရှုပ်ထွေးလာသည်။ ရုရှားတွင် ကာ လရှည် လုပ်ကိုင်ကြမည့် ကုမ္ပဏီများအနေဖြင့် လူ့အခွင့်အရေးပြဿနာများနှင့် လုံးပန်းရ မည့်အနေအထားဖြစ်လာမည်ဖြစ်ကာ အများ ပြည်သူ၏ ဝေဖန်ရှုတ်ချမှုကိုလည်း ခံနေရ မည်ဖြစ်သည်။

ဥပမာပြရမည်ဆိုပါက ဥရောပသမဂ္ဂ၏ ရေနံလုပ်ငန်းသည် အဓိကအားဖြင့် အရေးယူ ပိတ်ဆို့မှုကင်းလွတ်နေသော လုပ်ငန်းနယ် ပယ်ဖြစ်သည်ဆိုသော်လည်း အဆိုပါရေနံ စျေးကွက်သည် ပူတင်၏ စစ်ပွဲကို လောင်စာ ထိုးပေးနေသည့်စျေးကွက်ဖြစ်သည်ဟု အ လွယ်တကူစွပ်စွဲခံရနိုင်သည်။ ယူကရိန်းတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်သည်အတွက် တရားတပေါင်ရင်ဆိုင်ရနိုင်ကြောင်း ရုရှား သတိပေးခံထားရသည်။ ထို့ကြောင့် ရုရှားအစိုးရသာတရားရင်ဆိုင်ရမည်ဆိုပါက ရုရှား အစိုးရနှင့် ပတ်သက်နေသောစီးပွားရေးလုပ် ငန်းများလည်း ကျွဲကူးရေပါအရေးယူခံရမည့် အလားအလာရှိနေသည်။

ရုရှားငွေကြေးစနစ်သည် အနောက်နှင့် အဆက်ဖြတ်ခံထားရလုနီးပါး အနေအခြေ ဖြစ်နေရာ ရုရှားတွင် လုပ်ကိုင်သောကုမ္ပဏီ များအနေဖြင့် ငွေလွှဲပြောင်းမှုပြဿနာများရှိ လာသည်။ ထို့အပြင် မိတ်ဆွေမဟုတ်သော နိုင်ငံများအနေဖြင့် ရုရှားထံမှ သဘာဝဓာတ် ငွေ့များကို ရူဘယ်ငွေဖြင့် ဝယ်ရမည်ဟု မ ကြာသေးခင်ကပူတင်က ညွှန်ကြားခဲ့ရာ ဥ ရောပရှိရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း များသည် လုပ်ရကိုင်ရခက်ခဲကုန်သည်။

ကုန်ကုန်ပြောရလျှင် ကုမ္ပဏီအများအ ပြားအတွက် ရွေးရသည့်အနေအထားများဖြစ် ပေါ်နေသည့်တိုင် ရုရှား၌ စီးပွားရေးလုပ်ခြင်း ၏ ဒိဋ္ဌဖြစ်ရပ်သည် ခက်ခဲလွန်းနေကြောင်း၎င်းင်းကုမ္ပဏီများ တွေ့ကြရမည်ဖြစ်ပါသည်။

Ref : Excuses, excuses? Why some companies won’t stop trading in Russia (Politico)

 

 

 

Most Read

Most Recent