၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၅၃ သန်းကျော်ရရှိ

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၅၃ သန်းကျော်ရရှိ
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
Published 29 March 2022

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၅၃ သန်း ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ပထမသုံးလပတ်နှင့်နှိုင်းယှဉ်ပါက ဒေါ်လာခြောက်သန်းကျော် ပိုမိုတင်ပို့ထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံသို့ ပို့ကုန်တင်ပို့မှုတန်ဖိုးဒေါ်လာ ၅၃ ဒသမ ၁၀ သန်းရှိခဲ့သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံသို့ ပို့ကုန်တင်ပို့မှုတန်ဖိုးဒေါ်လာ  ၄၆ ဒသမ ၉၆ သန်းရှိခဲ့သည်။

နှစ်အလိုက် မြန်မာ-စင်ကာပူနှစ်နိုင်ငံကုန်သွယ်မှုစာရင်းတွင် စင်ကာပူမှသွင်းကုန် တင်သွင်းမှုများပြားခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၂၈၁၁ ဒသမ ၆၂၀ သန်းရှိကာ စင်ကာပူက သွင်းကုန်ဒေါ်လာသန်း ၂၆၀၀ ကျော်အထိ တင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

နှစ်အလိုက် မြန်မာ-စင်ကာပူ နှစ်နိုင်ငံကုန်သွယ်မှုအရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၇၅၃ ဒသမ ၄၉၅ သန်း၊ စင်ကာပူမှ သွင်းကုန်တန်ဖိုးဒေါ်လာ ၃၀၈၄ ဒသမ ၆၃၁ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၃၈၃၈ ဒသမ ၁၂၆ သန်းရရှိခဲ့သည်။

၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာအထိ  မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၉၀ ဒသမ ၄၂၉ သန်း၊ စင်ကာပူမှ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၈၀၆ ဒသမ ၈၂၉ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၉၉၇ ဒသမ ၂၅၈ သန်း ရရှိခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၃၄၄ ဒသမ ၇၄၀ သန်း၊ စင်ကာပူမှ သွင်းကုန် တန်ဖိုးဒေါ်လာ ၃၁၆၂ ဒသမ ၅၁၁ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၃၅၀၇ ဒသမ ၂၅၀ သန်းရရှိခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၇၅၃ ဒသမ ၁၁၄ သန်း၊ စင်ကာပူမှ သွင်းကုန်တန်ဖိုးဒေါ်လာ ၃၀၅၂ ဒသမ ၁၉၄ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၃၈၀၅ ဒသမ ၃၀၇ သန်း ရရှိခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၂၀၇ ဒသမ ၄၀၁ သန်း၊ စင်ကာပူမှသွင်းကုန်ဒေါ်လာ ၂၆၀၄ ဒသမ ၂၁၉ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ ၂၈၁၁ ဒသမ ၆၂၀ သန်းရှိခဲ့သည်။

မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ ရေးဆွဲအကောင်အထည်ဖော်နေသည်။ အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ သည် မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်များနှင့်အခွင့်အလမ်းအသစ်များ ဖန်တီးပေးနိုင်ရေးအတွက် အစိုးရဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းလုပ်ဆောင်နိုင်မည့် အခွင့်အရေးတစ်ခုဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

Most Read

Most Recent